စပါးခင်းမှာရွက်လိပ်ရွက်ကပ်တွေကျနေတာပါဗျ **Cypermethrin+Chlopryphos ဆေးတွေဖြစ်တဲ့ **ကလပ်စတာ၊ ဆိုင်ကလုန်း နှစ်...
စပါးခင်းမှာရွက်လိပ်ရွက်ကပ်တွေကျနေတာပါဗျ **Cypermethrin+Chlopryphos ဆေးတွေဖြစ်တဲ့ **ကလပ်စတာ၊ ဆိုင်ကလုန်း နှစ်မျိုးလုံးကိုဖြန်းထားပါတယ် ဒါပေမဲ့ ဖျန်းတဲ့အချိန်လေးပဲ ပိုးက ပျောက်ပြီးတော့ ဆေးနံ့ပျောက်ချိန်ဆိုရင်ပြန်လာလို့ **Fipronail အုပ်စုဖြစ်တဲ့ ဩဘာ မြေကောင်း ၄၅ ဂျီ ကိုလည်း တစ်ဧက ၄ထုပ်နှုန်းနဲ့ညွှန်းထားပါတယ်ဗျ ဒါပေမဲ့လည်းပိုးက ဆက်ပြီးကျနေဆဲပါ ဒီနေ့စပါခင်းထဲပြန်သွားကြည့်ပြီး **Light trap လုပ်ဖို့ နဲ့ စိုက်ခင်းဘေးကခြုံတွေရှင်းဖို့ညွှန်းခဲ့ပါတယ် ကောက်ညှင်းစပါးတွေစိုက်ထားတာပါ အပင်က နှစ်လသားပါ 👉 အခြေနေထပ်ဆိုးလာရင်ဘယ်လိုလုပ်သင်လဲ? 👉 ဆေးဖျန်းသင့်မဖျန်းသင့် ဘယ်လိုအကြံပြုပေးသင့်တယ်ဆိုတာလေးကိုညွှန်ပြပေးပါအုံး ဆရာတို့ရေ✌