အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
292
လွန်ခဲ့သော ၈ နှစ် က · မြေပုံ

ဆစ်ပိုးကျနေသောစပါးကိုဘယ်လိုလုပ်မလဲ .ရေကြာင့်လား လေကြောင့်လာ.းမြေကြောင့်လား

ပိုးမွှားရောဂါ စပါး စပါးဆစ်ပိုး

ဖြေကြားချက် ၂ ခု

31,851 လွန်ခဲ့သော ၈ နှစ် က

ဆစ်ပိုးက အထွက်ကောင်းစပါးမျိုးတွေမှာ ကျတာများပါတယ်။စပါးမျိုးတစ်မျိုးတည်းဆက်တိုက်စိုက်ပျိုးရင် မြေကြီးထဲ ဆစ်ပိုးဥတွေ မပြတ်ရှိနေပါမယ်။ ဆစ်ပိုးကျတဲ့စပါးခင်းမှာ ဆစ်ပိုးဥတွေ မြေကြီးထဲမှာ ရှင်သန်ကျန်ခဲ့ပါတယ်။ ကျန်ရစ်နေတဲ့ဆစ်ပိုးဥတွေ သေဆုံးဖို့ နွေထယ်ရေးပြုလုပ်ရပါတယ်။ စပါးပြီးစပါးဆက်တိုက်စိုက်ပျိုးရင် ဆစ်ပိုးဒဏ်ခံနိုင်တဲ့စပါးမျိုးပြောင်းလဲ စိုက်ရပါမယ်။ ကာကွယ်ထိန်းချုပ်နည်းက အပေါ်က အတိုင်းပါ။ မြေကြီးထဲကျန်တဲ့ဆစ်ပိုးဥနဲ့ ဆစ်ပိုးဒဏ် ခံနိုင်ရည်မရှိတဲ့ စပါးမျိုးကြောင့်ပါ။

လွန်ခဲ့သော ၈ နှစ် က

-ထယ်ရေးနက်နက်ထိုးပြီးရေးသွင်းထားပေးပါ -ရိုးပြတ်နဲ့ကောက်ရိုးတွေကိုမီးရှို့ပါ -စိုက်ခင်းနဲ့ပျိုးခင်းမြေပြင်ချိန်မှာ ဖျူရာဒန် ၃ဂျီ ကို တစ်ဧက ၃-၅ ကီလိုထည့်ပေးပါ -ဆစ်ပိုးဒဏ်ခံနိင်တဲ့စပါးမျိုးကိုအစါးထိုးစိုက်ပါ -စိုက်ချိန်ကို သေချာတွက်ချက်ပီး နောက်ကျစိုက်ပါ -ယူရီးယားကိုလိုတာထက်ပိုမသုံးပါနဲ့ -ပျိုးခင်းမှာဆစ်ပိုးဥမြုံတွေ့ပါက ဥမြုံရှိတဲ့အရွက်အစိတ်အပိုင်းကိုဖြတ်ပီးမှစိုက်ပါ။ဆစ်ပိုးများ၊ဥမြုံများကို ကြီးထွားမှုအဆင့်အလိုက်ရှာဖွေဖျက်ဆီးပါ -အပင်ပွားချိန်ဆစ်ပိုးလက္ခဏာတွေ့ပါက ရေသွင်းရေထုတ်ပြုလုပ်နိင်သောလယ်ကွင်းဖြစ်လျှင် ၁ရက် ၂ရက်ခန့်ရေထုတ်ပေးပါ -မီးထောင်ချောက်များကိုညီညာစွာထွန်းပါ -ပိုတက်ဓာတ်မြေသြဇာကို မဖြစ်မနေမှန်မှန်ထည့်ပါ -မိတ်ဆွေပိုးများဖြစ်သော(ပင့်ကူ၊ပုဇဉ်း၊လိပ်ခုံးကျိုင်း၊ငှက်၊နဂျီအုပ်စုဝင်ကပ်ပါးကောင်များ)ကိုထိန်းသိမ်းပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။