အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,044
လွန်ခဲ့သော ၅ နှစ် က · ဘားအံ

အဲ့ဆေးကိုဘာတွေရောပြီးသုံးရသေးလဲဗျ ဝယ်ပြီးတော့မသုံးရသေးဘူးဖြစ်နေလို့ပါဗျ ကိုင်းလဲကူးချင်းတယ် အပင်လဲလဲဖျန်းချင်...

အဲ့ဆေးကိုဘာတွေရောပြီးသုံးရသေးလဲဗျ ဝယ်ပြီးတော့မသုံးရသေးဘူးဖြစ်နေလို့ပါဗျ ကိုင်းလဲကူးချင်းတယ် အပင်လဲလဲဖျန်းချင်တယ်ဗျ အကြံလေးပေးပါအုံးဗျ

ခေတ်သစ်စိုက်ပျိုးရေး ဝါး
Post image
Post image
Post image
8

ဖြေကြားချက် ၈ ခု

1,044 လွန်ခဲ့သော ၅ နှစ် က

ရေထပ်ရောစရာမလိုတော့ဘူလားဗျဖျန်းမယ်ဆိုရင်

348 လွန်ခဲ့သော ၅ နှစ် က

ပုဇွန်းငါးပိတစ်ဇွန်းကျွဲရိုင်းတစ်ဘူးအချိုမူန့်တစ်ဇွန်းဆိုရပါပြီ

1,044 လွန်ခဲ့သော ၅ နှစ် က

အဲ့ဒါတွေရောပြီးရင်သုံးစွဲရမည့်အချိုးစားလေးပါပြောပြပေးပါလားဗျ

348 လွန်ခဲ့သော ၅ နှစ် က

စိမ်းစားငပိပုစွန်ငပိ/ကျွဲရိုင်းအချိုရည်1ဘူး/အချိုမူန့်တစ်ဇွန်းရောပြီအမြစ်ပွားဆေးလုပ်တာပိုကောင်းပါတယ်ဗျာ

1,044 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါပဲဗျအကိုင်းကူးတဲ့အခါ ဆေးကိုဘာနဲ့ရောပြီးဘယ်လိုသုံးစွဲရမလဲဗျ

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

အမြစ်ထွက်ဟော်မုန်းပါ။ ကိုင်းကူးတဲ့အချိန်၊ ကိုင်းချိုးစိုက်တဲ့ အပင် (ဥပမာ ဒန့်သလွန်) လိုမျိုးတွေမှာ သုံးတာပါ။ အပင်ဖျန်းဖို့အတွက် မသုံးသင့်ပါဘူး။ အပင်အားဆေးအနေနဲ့ သုံးချင်တယ်ဆိုရင် ငါးအမိုင်နိုအက်စစ်တို့ အချဉ်ဖောက်ထားသော အသီးရည်/ အရွက်ရည်တို့ ပြုလုပ်သုံးစွဲနိုင်ပါတယ်ဗျ။ ငါးအမိုင်နိုအက်ဆစ်ပြုလုပ်နည်း (Fish Amino Acid - FAA) ၊ အချဉ်ဖောက်ထားသော အရွက်ရည် Fermented Plant Juice (FPJ)

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၅ နှစ် က

မြန်မာစာအညွှန်းမပါတဲ့ဆေးတွေက မှတ်ပုံတင်ထားတာမရှိလို့ မသုံးတာကတော့ အကောင်းဆုံးပါ။

270,769 လွန်ခဲ့သော ၅ နှစ် က

ပုံကိုကြည့်ရတာတော့ အမြစ်အားကောင်းစေတဲ့ ဆေးတစ်မျိုးဖြစ်ပါလိမ့်မယ်။ ထိုင်းစာတွေနဲ့ဆိုတော့ ဘယ်လိုအသုံးပြုရတယ်တော့ မပြောတတ်ဘူးရှင့်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။