အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · တိုက်ကြီး

အူပိုးဘယ်လိုသတ်မလဲ

စိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၅ နှစ် က

ပုံမပါတော့ ပြောရခက်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ငှက်ပျော ပင်စည်ထိုးကျိုင်းအကြောင်း ဖြေလိုက်ပါတယ်။ ငှက်ပျောပင်တွင် ကျရောက်တက်သော ပိုးမွှားများ ခေါင်းစဉ်နှိပ်ပြီး ပုံနှင့်တကွ ကြည့်ပေးပါ။ ပုံမတူရင်တော့ ပြန်မေးပေးပါဗျ။ ငှက်ပျော ပင်စည်ထိုးကျိုင်းကောင် ငှက်ပျောပင်စည်များကို ထိုးဖောက်စားသောက်သောကြောင့် ငှက်ပျောပင်တွင် ဒဏ်ရာရကာ ယင်းနေရာတွင် ငှက်ပျောပင်များ လဲပြိုကျရသည်။ အထူးသဖြင့် ငှက်ပျောပင်၏ ခေါင်းနှင့်ပင်စည်ကို ထိုးဖောက်စားသောက်ကြသည်။ အပင်ငယ်စဉ်ကျရောက်ပါက ဖျက်ဆီးမှုများသော်လည်း သေသွားသော ငှက်ပျောပင်ငယ်များကို ချက်ချင်းအစားထိုးနိုင်သည်။ စိုက်ကျင်းအသစ် ပြန်တူးကာ မီးရှို့ခြင်း၊ ဆေးဖျန်းခြင်းများ ဆောင်ရွက်နိုင်၍ ပိုးကိုသုတ်သင်ပြီးသားဖြစ်သွားပြီး အပင်သစ်ကို ကောင်းမွန်စေနိုင်သည်။ အပင်ကြီးမှကျပါက သီးဆဲအပင်၊ သီးကာနီးအပင်များ ဆုံးရှုံးရသဖြင့် ဆုံးရှုံးမှုကြီးမားသည်။ သီးကာနီး အပင်များ သီးခိုင်မထွက်နိုင်တော့ချေ။ ငှက်ပျောပင်စည်ထိုးပိုးသည် ပိုးတောင်မာ ကျိုင်းအမျိုးအစားဖြစ်၍ ဆန်ပိုးကဲ့သို့ နှာတံရှည်ကျိုင်းဖြစ်သည်။ ၁/၂ စင်တီမီတာခန့်ရှည်သည်။ နီညိုရောင်၊ အနက်ရောင်စသည်ဖြင့် ရှိသည်။ ကျိုင်းမကြီးသည် ငှက်ပျောပင် ပင်ခြေရင်းတွင် ပင်စည်၊ ခေါင်းတို့ကို ထွင်းဖောက်၍ ဥများကို ဥလေ့ရှိသည်။ ဥဘဝတွင် (၇)ရက်ခန့်နေပြီး ဥမှပေါက်သော ပိုးလောက်ကောင်သည် ဖြူဝါရောင်ရှိ၍ ငှက်ပေျာခေါင်း၊ ပင်ခြေရင်းတို့ကို ထွင်းဖောက်စားသောက်ကြသည်။ ပိုးလောက်ကောင်များသည် ခြေထောက်များ မပါရှိခေျ။ ပိုးလောက်ကောင်ဘဝတွင် ရက် (၂၀) ခန့် နေထိုင်စားသောက်ပြီးနောက် ရုပ်ဖုံးဘဝတွင် (၇) ရက်ခန့်သာ ကြာသည်။ အကောင်ကြီးဘဝတွင် (၂) နှစ်ခန့်ကြာတတ်သည်။ ရုပ်ဖုံးမှ ထွက်ကာစတွင် နီညိုရောင်ရှိ၍ မကြာမီအရောင်ပြောင်းသွားသည်။ ကာကွယ်နှိမ်နင်းပုံ ၁။ ငှက်ပျောပင်စိုက်ကျင်းတွင် ထည့်သော နွားချေးများသည် ကောင်းမွန်စွာ ဆွေးမြေ့ရမည်။ ၂။ ငှက်ပျောရုံအရင်းတွင် သန့်ရှင်းရေးပြုလုပ်ရမည်။ အထူးသဖြင့် ငှက်ပျောခိုင်ခုတ်ပြီးနောက် အရွက်အလက်ခြောက်များကို ငှက်ပျောရုံခြေရင်း၌ ဖုံးထားတတ်သော အလေ့ကို ပယ်ဖျောက်သင့်သည်။ ၃။ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို စိမ်ထားသော ကောက်ရိုးပြတ်စများကို ပင်ခြေရင်း၌ ဖြန့်ခင်းထားသင့်သည်။ ၄။ အပင်ခြေရင်းကို မြေအနည်းငယ်ဆွ၍ အငွေ့ထွက်နိုင်သော ပိုးသတ်ဆေးပက်ဖျန်းကာ မြေဖြင့် ပြန်ဖုံးပေးထားရမည်။ ၅။ အခဲအမျိုးအစား ပိုးသတ်ဆေးကိုလည်း ပင်ခြေရင်း မြေအတွင်း၌ ထည့်ပေးရမည်။ ၆။ သန့်ရှင်းရေးသည် အရေးကြီးသဖြင့် ပင်ခြေရင်းသာမက ခြံတစ်ခုလုံးကို သန့်ရှင်းရေးပြုလုပ်ပေးရမည်။

270,769 လွန်ခဲ့သော ၅ နှစ် က

တစ်ခြားဘာလက္ခဏာတွေတွေ့သေးလဲ။ ပိုးတွေ့ရင် ပုံလေးရောပြပေးပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။