အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,876
လွန်ခဲ့သော ၃ နှစ် က · မုံရွာ

ဆရာကြီးများခင်ဗျာ့ မြေချဥ်သလား မြေငံသလားတော့ တိုင်းမကြည့်ရလို့မသိပါဘူးခင်ဗျာ့ ဘိုးဘွားမိဘတွေလက်ထပ်ကထဲက စိုက်...

ဆရာကြီးများခင်ဗျာ့ မြေချဥ်သလား မြေငံသလားတော့ တိုင်းမကြည့်ရလို့မသိပါဘူးခင်ဗျာ့ ဘိုးဘွားမိဘတွေလက်ထပ်ကထဲက စိုက်ပျိုးလာတာတော့ ဘာပင်စိုက်စိုက် ဖြစ်ထွန်းအောင်မြင်ခဲ့တဲ့မြေအမျိုးအစားပေါ့ခင်ဗျာ အများဆုံးစိုက်ခဲ့တာက ရေသွင်းစိုက်ပျိုးရေး စိုက်ပျိုးရေး ဥယဥ်ခြံကိုဘဲ ဆက်တိုက်ဆက်တိုက် စိုက်လာလိုက်တာ ဆယ်စုနှစ်တခုကျော်လာတဲ့နောက်ပိုင်း အခင်းတချို့နေရာတွေမှာ မှိုရောဂါကျရောက်လာပါတယ်ခင်ဗျာ့ (တိုင်ထောင်ပဲ၊ရုံးပတီ)စသောသီးနှံများစိုက်ရင် အဖူးအပွင့်ဝင် အသီးသီးလာတာနဲ့တပြိုင်နက် ညိုးသေရောဂါ ဖြစ်လာပါတယ်ခင်ဗျာ့ မြေချဥ်လာလို့လား ငံလာလို့လားတော့မသိဘူးခင်ဗျာ့ အဲဒီမြေမှာ ကျနော်က နွားချေး/ဆိတ်ချေး များထည့်မယ်ဆိုလျှင် မြေပိုချဥ်သွားတာ ပိုငံသွားတာတို့ဖြစ်နိုင်သလားဗျာ့ ချဥ်လျှင် ဂျစ်ပဆန်ထည့်ရတယ် ငံလျှင် ဒိုလိုမိုက်ထည့်ရတယ် ဆိုတာတွေဖတ်မိတော့ ကျနော်က ချဥ်လားငံလားမသိလို့ သဘာဝမြေသြဇာထည့်မလို့စိတ်ကူးမိလို့ပါ သဘာဝမြေသြဇာက ချဥ်တာရော ငံတာရော ပြုပြင်ပေးသလားဗျာ့

မြေဆီလွှာ ရုံးပတီ

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပြည့်ပြည့်စုံစုံ ​ပြောပြပြီး သိချင်တာကို ​မေး​ပေးတာ ​ကျေးဇူးပါကွယ်။ ​မေးခွန်းထဲမှာ အဓိက ကျမယ့်အရာကို ​ကောက်နုတ်​ဖြေ​ပေးပါ့မယ်။ ပင်ညှိုး​ရောဂါ​တွေက အသီးအပွင့်ဝင်ချိန်မှာဖြစ်လာတတ်ပါတယ်။ Dry root rotလို့​ခေါ်တဲ့အမြစ်​ဆွေး​ခြောက် ​ရောဂါပါ။ (​မြေချဥ်ရင် ​ရောဂါဖြစ်​စေသက်ရှိက ပိုပွား​စေပါတယ်) -​နောက်တခုက သဘာဝ​မြေ​ဆွေး၊နွား​ချေး စတာ​တွေဟာ ​မြေတွင်းအနုဇီဝ​လေး​တွေ ပွားများ​စေတာမိူ့.​မြေကြီးကို ​ကောင်းကျိုးပဲ ဖြစ်​ပေါတယ်။ (​မြေငံလွန်းရင်​တော့ ​မြေအချဥ်ဖက်​ပြောင်းလာ​အောင် ပြုပြင်​ပေးနိုင်ပါတယ်) ​မြေချဥ်ရင် ..တုံး ​မြေငံရင်..ကန့်ထည့်ရပါသတဲ့။ အနည်းငယ်ပဲ ချဥ်ရင် ဒိုလိုမိုက်ထည့်ရတယ်။(မဂ္ဂနီစီယံ၊ကယ်လ်စီယံ.ပါလိူ့)။ အနည်းငယ်ငံရင်..အမိုနီယံဆာလဖိတ် ထည့်ရတယ်(ဆာလဖာ.ပါလို့)

2,876 လွန်ခဲ့သော ၃ နှစ် က

ဟုပ်ကဲ့ ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ ယခုပြောပြထားသောမြေကို နွားချေး/ဆိတ်ချေး ထွေလာ ၅စီး စာနဲ့ ဒိုလိုမိုက် ၂၅kg ၄အိပ်ချပီး ထွန်မွေ မြေနှပ်ထားပါတယ်ခင်ဗျာ့ နောက်တလလောက်နေလျှင် ငရုတ်စိုက်ချင်လို့ပါ နောက်ထပ်လိုအပ်တာများရှိလျှင်လည်း ထပ်မံ ပြောကြားပေးပါအုံးခင်ဗျာ့

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၃ နှစ် က

သလာဝမြေဆွေးများကpH ပြောင်းလဲခြင်းကိုထိန်းပေးနိုင်ပါတယ်

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၃ နှစ် က

မုံရွာကရေသွင်းစိုက်မြေဆိုတော့မြေငံဘက်ဖြစ်နိုင်ပါတယ်pH တိကျသိအောင်မြေကိုစစ်ဆေးပါ၊ မိုးနဲဒေသဖြစ်ပြီးရေသွင်းစိုက်တော့ဆားများတင်နေမယ်အသုံးပြုတဲ့မြေသြဇာများလဲအငံဓာတ်ဖြစ်နိုင်တယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။