အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
9,446
ရေးသားသူ
လွန်ခဲ့သော ၃ နှစ် က · စလင်း

မကွေးတိုင်း၊စလင်းမြို့နယ်ကပါ။ မိုးနှောင်းနှမ်းစိုက်ချင်တာ မိုးကလဲမပြတ်ဖြစ်နေတော့ နောက်ကျနေပြီလားလို့ပါ။အပူ...

မကွေးတိုင်း၊စလင်းမြို့နယ်ကပါ။ မိုးနှောင်းနှမ်းစိုက်ချင်တာ မိုးကလဲမပြတ်ဖြစ်နေတော့ နောက်ကျနေပြီလားလို့ပါ။အပူပိုင်းဆိုတော့ စက်တင်ဘာထဲမှာရော စိုက်လို့အဆင်ပြေနိူင်မလားဆရာတို့ စိုက်ချင်တာက ဂျပန်နှမ်းဖြူမျိုးပါ။

စိုက်ပျိုး ဗဟုသုတ နှမ်း နှမ်းစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဒီမိုးပြတ်တာနဲ့ ထယ်​ရေးလုပ်ပြီးသားဆို၊ တခါတည်း စိုက်နိုင်ရင် အဆင်​ပြေနိုင်ပါတယ်ဗျ။

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

မိုးလေဝသကိုစောင့်ကြည့်ပါမိုးနှောင်းကာလဖျက်မိုးအထူးသဖြင့်မြေလပ်ပိုင်းမှာရွာတတ်တယ်ဆောင်းနှမ်းကမိုးမိရင်ပျက်နိုင်တယ်နောက်ကျရင်အပင်သာပုသွားမယ်စောစောပွင့်လို့အထွက်နုန်းနဲနဲကျသွားတာဘဲရှိမယ်မျိုးမဆုံးဘူး

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

မစိုးရိမ်ပါနဲ့မိုးနှောင်းကောင်းတော့မြေတွင်းအစိုဓာတ်ကောင်းတော့မိုးနှောင်းနှမ်းကောင်းမှာပါနှမ်းမစိုက်မီသစ်စိမ်းမြေသြဇာကြွေးထားရင်မြေတွင်း​သြဂဲနစ်ဓာတ်များပြီးအစိုဓာတ်ပိုထိန်းနိုင်ပြီးနမ်းပိုထွက်နိုင်တယ်

You

ဆက်စပ်မေးခွန်းများ

မိကျောင်းကွမ်းဖတ် (ပင်လယ်နှမ်းလို့လဲခေါ်ပြီး ငါးကြီးအံဖတ်လို့လဲခေါ်ပါတယ်) စိုက်ပျိုးတဲ့အခါ တဧကစိုက်ပျိုးကုန်ကျ...

ဖြေကြားချက် 1 ခု

နှမ်းစိုက်ပျိုးရန်ဘာတွေလိုအပ်လည်းခင်ဗျ နှမ်းစိုက်ပျိုးရေးအကြောင်းပြည့်ပြည့်စုံစုံလေး သိချင်လို့ပါ

ဖြေကြားချက် 1 ခု

နှမ်းနက်ကိုဘယ်လိုရာသိဉတုမျိုးမှာစိုက်ရမလဲနှမ်းနက်သက်တမ်းကဘယ်လောက်ကြာလဲနှမ်းနက်‌ခုခေတ်ဈေးဘယ်လောက်လဲ

ဖြေကြားချက် 2 ခု

နှမ်းစိုက်တာအရင်လ27ရက်လောက်ကစိုက်ထားတယ်တယ် မိုးကအပင်ပေါက်ကတည်းက ရက်20လောက်မပျက်ရွာတော့အပင်ကစိမ်းပေမယ်ထိုင်နေ...

ဖြေကြားချက် 5 ခု

ဆရာတို့နေပြည်တော်မှာနှမ်းစိုက်မယ်ဆိုရင်ဘယ်လိုမျိုးကိုစိုက်ရမလဲဆရာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။