အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
235
လွန်ခဲ့သော ၂ နှစ် က · ပုသိမ်

ကျေးဇူးပြု၍တစ်ခုလောက်မေးခွင့်ပြုပါခင်ဗျာ။ကျွန်တော့် နေရာမှာအပင်စိုက်လို့မဖြစ်ထွန်းဘူးဆရာတို့ရယ်။ ထွက်ခါစအပင်...

ကျေးဇူးပြု၍တစ်ခုလောက်မေးခွင့်ပြုပါခင်ဗျာ။ကျွန်တော့် နေရာမှာအပင်စိုက်လို့မဖြစ်ထွန်းဘူးဆရာတို့ရယ်။ ထွက်ခါစအပင်လေးတွေကိုခါးလယ်ခေါင်အကုန်အပိုင်းအပိုင်းပြတ်ကုန်တယ်။ဘူးပင်ဆိုလဲဒီလိုပဲဗျာ။ ၂ရက်၃ရက်ပဲရှိသေးတယ်ပေါက်တာ နောက်နေ့မတွေ့တော့ဘူး သခွားလဲဒီလိုပဲ။ဘာအကောင်ကိုက်မှန်းမသိ အခုကန်စွန်းက ၁၅ရက်လောက်ရှိပြီ ကြီးလဲမကြီး ရတယ့်ကြားထဲ အကောင်ကိုက်ခံရပြန်ပြီဆရာတို့ရယ် နည်းလမ်းလေးညွန်ပြပေးကြပါဆရာတို့ခင်ဗျာ။ကျနော်ဝါသနာအရ တစ်နိုင်တပိုင်စိုက်ကြည့်တာပါ ဘာကောင်ကိုက်မှန်းမသိဘူးဖြစ်နေပါတယ်ဗျ

ပိုးမွှားရောဂါ ကန်စွန်းရွက်
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေအဲဒီလောက်ကျစ်နေတဲ့နေရာမှာအပင်ခါးလယ်ကိုကိုက်ဖြတ်စားတာပရစ်တို့နှံကောင်တို့ကြွက်ဖလောင်းတို့ဖြစ်နိုင်တယ်ညနေပိုင်းမှာအနံ့ပြင်းတဲ့မာလာသီယွန်တို့ ဒိုင်မီသရိုအိတ်တို့လိုပိုးသတ်ဆေးဖျန်းပါ

235 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ်ဆရာကြီးတို့ခင်မျ ချစ်ခင်လေးစားရပါတယ်

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၂ နှစ် က

ဆန်ကွဲကို ​လှော်ပြီး..အယ်လ်ဖာ ၅အီးစီး​ဆေး လူးပြီး ​မြေကြီးပက်ပါ (လက်ကို လက်အိတ်စွတ်ပြီး ​ဆေးလူးပါ။)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။