အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,744
လွန်ခဲ့သော ၂ နှစ် က · ချောက်

ဆရာ ၁ ။ အခုပုံပါခရမ်းချဥ်ပင်က အသုံးမဝင်လောက်တော့ဘူးထင်လို့နှုတ်ပစ်ခဲ့တယ်ဆရာ အပန်းမကြီးရင်အခုပုံပါခရမ်းချဥ်ပင်က...

ဆရာ ၁ ။ အခုပုံပါခရမ်းချဥ်ပင်က အသုံးမဝင်လောက်တော့ဘူးထင်လို့နှုတ်ပစ်ခဲ့တယ်ဆရာ အပန်းမကြီးရင်အခုပုံပါခရမ်းချဥ်ပင်က ဘာရောဂါဖြစ်တာလဲဆရာ ရှင်းပြပေးလို့ရရင်ရှင်းပြပါအူးဆရာ ။ ၂ ။ တစ်လက်စတည်းဆရာ အမ်-မီဒါပိုးသတ်ဆေးက စုပ်စားပိုးနိုင်လားဆရာ တိုင်ထောင်ပဲနဲ့ခရမ်းချဥ်အတွက် စုပ်စားပိုးကာကွယ်ထားလို့ရလားဆရာ ။ ဖြေပေးပါအူးဆရာအားမှပါဆရာ မိုးမရွာတော့ရေလောင်းပြီးအလုပ်လုပ်နေရတယ် လုပ်ရတာအားမရှိဘူးဆရာတို့ရေ......

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်အရွက်တွန့်ရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၂ နှစ် က

ခရမ်းချင် ပင်ကရွက်တွန့်ရောဂါကျတာနှုပ်ပစ်တာကောင်းပါတယ့်နှုပ်​ပြိးရင်လက်ကိုမဆေးဘဲအခြားအပင်များကိုမကိုင်တွယ်ပါနှင့်ရောဂါကူးစက်ကုန်မယ်အမီတာကပင်လုံးပြန့်ဆေးပါ

9,744 လွန်ခဲ့သော ၂ နှစ် က

ပြည့်ပြည့်စုံစုံဖြေပေးလို့ကျေးဇူးအထူးပါဆရာ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၂ နှစ် က

အပင်လက္ခဏာအရ, အပင်အညွန့်တုံးနေတယ်၊အရောင်မစိုပဲ မှိန်/ညှိုးနေတယ်၊ အရွက်လိပ်နေတယ်။ အဓိကအချက်ကတော့၊ရေတအိုး၊မိုးတပေါက်,ဆိုသလို၊မိုးမရွာ၊မိုးရေမသောက်ရလို့ပါ။ ရေသွင်းပေမယ့်၊မြေတွင်းမအေးစေပါဘူး၊အမြစ်တွေအစာမစုပ်ယူနိုင်ပါ။ စုပ်စားပိုးကျရောက်မှုကြောင့်ဗိုင်းရပ်လက္ခလဲတွေ့ရပါတယ်။ (အခုလောလောဆယ်၊ မိုးရွာရင် အသက်တက်နိုင်ပါသေးတယ်၊)မိုးခေါင်နေရင်တော့ ပြုစုကုသစရိတ်နဲ့မလွယ်ပါဘူး။ အေမီဒါ က၊စုပ်စားပိုးကာကွယ်နိုင်ပါတယ်။(သို့သော် မကြာမီ ပိတ်ပင်ပါတော့မည်)အဆီတာမီပရစ် ကို အစားထိုးသုံးနိုင်ပါတယ်။

348,301 လွန်ခဲ့သော ၂ နှစ် က

နှောင်းပင်နာကျရောဂါဖြစ်ဖို့များပါတယ်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။