အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
20
လွန်ခဲ့သော ၁၀ လ က · ငပုတော

ဆူးခရမ်းပင်တွေ အရွက်တွေကနေစပြီး တစ်ရွက်ချင်းနွမ်းပြီး ရေပြန်လောင်းလည်း ပြန်မလန်းလာပဲ သေသွားတဲ့အထိဖြစ်နေလို့ပါ...

ဆူးခရမ်းပင်တွေ အရွက်တွေကနေစပြီး တစ်ရွက်ချင်းနွမ်းပြီး ရေပြန်လောင်းလည်း ပြန်မလန်းလာပဲ သေသွားတဲ့အထိဖြစ်နေလို့ပါ ခေါင်ညွန့်ထိုးပိုးလက္ခဏာလည်းမတွေ့ရပဲနှင့် အပင်လုံးဝသေသွားချိန်မှာအမြစ်တွေပုပ်နေတာတွေ့ရပါတယ် မြေကတော့သဲဆန်တယ်ပြောရမယ်ဗျ အဲ့ဒါလေးနဲ့ပါတ်သက်ပြီးဘယ်လိုကာကွယ်ရမလည်းဆိုတာသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အမြစ် အညွန့် တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ နေသာ
စိုက်ပျိုးနည်း ခရမ်းသီး ခရမ်းချဉ်ပင်ညှိုးရောဂါ
Post image
Post image

ဖြေကြားချက် ၃ ခု

348,301 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ပင်ညှိုးဟုတ်မဟုတ်သေချာချင်ရင်တော့ ညှိုးသေသွားသောပင်စည်ကို အပင်ခြေမှ ၂လက်မအကွာကို ဖြတ်ပြီး ဖန်ခွက်ထဲထည့်ကြည့်ပါ အဖြူရောင်အနှစ်တွေစီးကျလာရင် ဘက်တီးရီးယားပင်ညှိုးပါခင်ဗျာ၊ ဟုတ်မဟုတ် သေချာလက်တွေ့စမ်းသပ်ကြည့်ချင်ပါက စမ်းသပ်နိုင်ရန်ပြောပြခြင်းဖြစ်ပါသည်။

348,301 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါအရတော့ ဖျူဆေရီယမ်ပင်ညှိုးရောဂါ (Fusarium wilt)ကျတာဖြစ်နိုင်ပါတယ်။မြေဆောင်မှိုကြောင့်ဖြစ်တာမို့မြေပြုပြင်မှရပါမယ်ခင်ဗျာ။ ဂျစ်ဆမ်၊ကေဟူးမစ်ကျွေးပေးခြင်း၊ အသေအပျောက်နည်းချင်ရင်တော့အပင်ခြေမြေကြီး Hymexazol စိုရွှဲအောင်ဖျန်းပေးပြီး အပင်အပေါ်အပိုင်းကို Azoxystrobin ဖျန်းပေးပါ

အတည်ပြုပြီး 1,116,068 လွန်ခဲ့သော ၁၀ လ က
ဤအဖြေဖြင့် ပြေလည်

အပင်ခြေကို ဖွဲပြာ ပုံပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ခရမ်းချည်စိုက်တဲ့အခါညိုးသေတွေလိုက်လွန်းလို့မြေဆီလွှာပြပြင်ချင်လို့ဘယ်လိုပြုပြင်ရမလဲသိချင်လို့ပါ

ဖြေကြားချက် 1 ခု

အပင်တွေသေနေလို့ပါဗျ မိုးအုံ့ရင်လန်းပေမဲ့နေပူရင်ညှိုးနေလို့ပါ ဘာဆေးသုံးရမလဲဗျ တခြားပင်တွေကူးဆက်နိုင်လား‌ ကူညီကြ...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင်လေးတွေ ညှိုးနေလို့ပါဗျ ဘာဆေးဖျန်းရမလဲမသိလို့ပါ ကူညီပေးကြပါအုံးဘာဆေးဖျန်မလဲ

ဖြေကြားချက် 1 ခု

ခရမ်းမင်းတေကအသီးစသီးပီးအဲ့အရွယ်မာအပင်တေညိုှးပီးသေသွားဘာဖျိတာလဲဗ်ဆေးရှိလားးဗ်3ခင်း4ခင်းစိုက်ထားတာတစ်ခင်းပဲကွက်...

ဖြေကြားချက် 5 ခု

အစကတပင်၊နှစ်ပင်နဲ့စလိုက်တာခုတော်တော်လေးညိုးကုန်ပီ။အရိုးကိုရေစိမ်ကြည်တော့ အဖြူနစ်ရောင်တွေထွက်နေတပါတယ်။အပင်နုတ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။