အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
328
လွန်ခဲ့သော ၆ လ က · အိမ္မဲ

ခရမ်းမင်းတေကအသီးစသီးပီးအဲ့အရွယ်မာအပင်တေညိုှးပီးသေသွားဘာဖျိတာလဲဗ်ဆေးရှိလားးဗ်3ခင်း4ခင်းစိုက်ထားတာတစ်ခင်းပဲကွက်...

ခရမ်းမင်းတေကအသီးစသီးပီးအဲ့အရွယ်မာအပင်တေညိုှးပီးသေသွားဘာဖျိတာလဲဗ်ဆေးရှိလားးဗ်3ခင်း4ခင်းစိုက်ထားတာတစ်ခင်းပဲကွက်ဖြစ်နေလို့ပုံထဲကလိုဖျိနေလို့

ပိုးမွှားရောဂါ ခရမ်းသီး ခရမ်းချဉ်ပင်ညှိုးရောဂါ
Post image
Post image

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

နေပူချိန်ညှိုးပြီး၊မနက်ပြန်လန်းပါသလား?,ယာယီညှိုးတယ်လို့ခေါ်ကြတယ်။အဲဒါမျိုးဆိုရင်တော့ အပူချိန်မြင့်တဲ့ဒဏ်/လေပူဒဏ်မခံနိုင်လို့ပါ။ အမြဲတမ်းညှိုးနေတာဆိုရင်တော့ ဘက်တီးရီယားကြောင့်ဖြစ်နိုင်ပါတယ်။

328 လွန်ခဲ့သော ၆ လ က

ညှိုးပီးရင်ပြန်မရှင်တော့ပါဗ်

အတည်ပြုပြီး 22,957 လွန်ခဲ့သော ၆ လ က

ခရမ်းပင်စသီးချိန်ညှိုးသေတာအပင်ချေတွင်ရေဆိုနာမရှိရင်ဘက်တီးရီးယာပင်ညှိုူရောဂါကုရာနည်းမရှိပါနောက်ဒီနေရာမှာခရမ်းမျိုးရင်းဝင်များမစိုက်ရရောဂါရအပင်ကပင်စည်ကိုဖြတ်ပြှီးဖန်ခွက်ထဲရေထည့်ပြီးပင်စည်ပိုင်းလေးကိုထည့်ကြည့်ရင်နို့လိုအဖြူရေင်အရေတွေကျလာမယ်ပင်ချေတွင်ရေစိုနာကြောင့်ဆိုပှိုရောဂါကိုတော့ပင်​ျေကိုမှိုသတ်ဆေးမှစ်ကြိမ်ဖြန်းရေမဝတ်အောင်ထားပြီးကုလို့ရသေးတယ်

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၆ လ က

ရောဂါအရတော့ ညှိုးနိုင်ခြေက ဘက်တီးရီးယားကြောင့်နဲ့ ဖြူစေရီယန်မှို ၂ မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အရွက်ဝါတာမဟုတ်တဲ့အတွက် ဘက်တီးရီးယားပင်ညှိုးဖြစ်နိုင်ပါတယ်။ ပိုသေချာချင်ရင် ပင်စည်ကိုဖြတ်ပြီး ဖန်ခွက်အကြည်ထဲမှာ ရေထည့်ပြီး စောင့်ကြည့်ပါ။ အဖြူရောင်အမျှင်တန်းထွက်လာတာကို တွေ့ရပါလိမ့်မယ်ဗျ။ နောက်တစ်ခုကတော့ ခေါင်ညွှန့်ထိုးပိုးကြောင့်လည်း အပင်ညှိုးတတ်ပါတယ်။ ပိုးထိုးထားတဲ့အပင်အထက်ပိုင်းပဲ ညှိုးကျပါတယ်။ ပိုးကြောင့်ဆိုရင်တော့ ညှိုးနေတဲ့ကိုင်းကို ခွဲကြည့်ရင် ပိုးစားထားတဲ့လမ်းကြောင်းတွေ တွေ့ရနိုင်ပါတယ်။ ဒါကတော့ ပိုးလားရောဂါလား အမြန်ခွဲနည်းဖြစ်ပါတယ်။ အပင်ကိုသေချာပြန်စစ်ပြီး ဘာလုပ်သင့်လဲ ဆုံးဖြတ်နိုင်အောင် ပြောပေးတာပါဗျ။

347,513 လွန်ခဲ့သော ၆ လ က

ခရမ်းပင်တွေ အသီးသီးချိန်မှာ ညှိုးသေကုန်တာဟာ ဘက်တီးရီးယား ပင်ညှိုးရောဂါ ကြောင့် ဖြစ်ပါတယ်ဗျ။ ဒီရောဂါဟာ မြေကြီးထဲကနေ ကူးစက်တာဖြစ်ပါတယ်၊ ကျန်တဲ့ အပင်တွေ မကူးစက်အောင် ကော့ပါး (Copper) ပါတဲ့ ဆေးရည်ကို အပင်ခြေ ဖျန်းပေးပါ။ နောင်စိုက်မယ့် အခင်းတွေမှာတော့ မြေပြုပြင်ကတည်းက ထုံး နဲ့ ထရိုင်ကိုဒါးမား မှိုတွေကို ထည့်သွင်းအသုံးပြုဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆူးခရမ်းပင်တွေ အရွက်တွေကနေစပြီး တစ်ရွက်ချင်းနွမ်းပြီး ရေပြန်လောင်းလည်း ပြန်မလန်းလာပဲ သေသွားတဲ့အထိဖြစ်နေလို့ပါ...

ဖြေကြားချက် 3 ခု

ခရမ်းချည်စိုက်တဲ့အခါညိုးသေတွေလိုက်လွန်းလို့မြေဆီလွှာပြပြင်ချင်လို့ဘယ်လိုပြုပြင်ရမလဲသိချင်လို့ပါ

ဖြေကြားချက် 1 ခု

အပင်တွေသေနေလို့ပါဗျ မိုးအုံ့ရင်လန်းပေမဲ့နေပူရင်ညှိုးနေလို့ပါ ဘာဆေးသုံးရမလဲဗျ တခြားပင်တွေကူးဆက်နိုင်လား‌ ကူညီကြ...

ဖြေကြားချက် 2 ခု

ခရမ်းချဉ်ပင်လေးတွေ ညှိုးနေလို့ပါဗျ ဘာဆေးဖျန်းရမလဲမသိလို့ပါ ကူညီပေးကြပါအုံးဘာဆေးဖျန်မလဲ

ဖြေကြားချက် 1 ခု

အစကတပင်၊နှစ်ပင်နဲ့စလိုက်တာခုတော်တော်လေးညိုးကုန်ပီ။အရိုးကိုရေစိမ်ကြည်တော့ အဖြူနစ်ရောင်တွေထွက်နေတပါတယ်။အပင်နုတ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။