အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
490
လွန်ခဲ့သော ၅ လ က · နမ့်စန်

ဘိုကာရှီအကြောင်းမေးချင်လို့ဗျာ ခုမှစလုပ်ဖူးတာပါ နွားချည်း၄ဆ၊ ဖွဲနု၂ဆ၊ စပါးခွံ၁ဆ၊‌စပါးခွံမီးသွေး၁ဆ၊ ရေ၊တင်လဲရည်...

ဘိုကာရှီအကြောင်းမေးချင်လို့ဗျာ ခုမှစလုပ်ဖူးတာပါ နွားချည်း၄ဆ၊ ဖွဲနု၂ဆ၊ စပါးခွံ၁ဆ၊‌စပါးခွံမီးသွေး၁ဆ၊ ရေ၊တင်လဲရည်နဲ့EMကို အချိုး98:1:1သုံးထားပါတယ်။ ဘိုကာရှီလုပ်ပြီး၄ရက်မြောက်နေ့မှာ ဖုံးထားတဲ့ကောက်ရိုးကိုဖယ်ပြီး တူးကြည့်လိုက်တော့ အ‌ဖြူရောင်မှိုမျှင်တွေမှာ စိမ်းပြာရောင်ဖြော့ဖြောနဲ့ မှိုအမှုန်လိုလိုကအ‌တော်များများ ကပ်ပါနေတယ်။ အဲဒီစိမ်းပြာရောင်ဖြော့ဖြော့နဲ့ မှိုတွေက ဘိုကာရှီရဲ့ဖြစ်ရိုးဖြစ်စဉ်ပဲလား ကောင်းလားဆိုးလားဗျ။

အပင်အာဟာရ ချင်း
Post image
Post image

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၅ လ က

အခု ဘိုကာရှီပုံမှာ တွေ့နေရတဲ့ အဖြူရောင်မှိုမျှင်တွေက အချဉ်ဖောက်တဲ့ဖြစ်စဉ် အားကောင်းကောင်းနဲ့ အလုပ်လုပ်နေတာကို ပြတာမို့ အင်မတန်ကောင်းတဲ့ လက္ခဏာပါခင်ဗျာ။ စိမ်းပြာရောင် အစက်လေးတွေကလည်း အကျိုးပြုမှို (Trichoderma) တွေ ဖြစ်နိုင်တာမို့ အဖြူရောင်မှိုမျှင်တွေက အသာစီးရနေသရွေ့တော့ ပြဿနာမရှိပါဘူး။ အဓိကက အနံ့လေး ရှူကြည့်လို့ ပုပ်စော်မနံဘဲ ချဉ်ဖြုံဖြုံအနံ့လေး ရနေရင် အောင်မြင်နေတာပါပဲ။ အခု ၄ ရက်ရှိပြီဆိုတော့ အပူချိန်ကို တစ်ချက်စစ်ပေးပါဦး။ အရမ်းပူနေရင်တော့ အောက်ခြေက အကျိုးပြုပိုးတွေ မသေအောင် တစ်ချက်လောက် ပြန်လှန်ပေးရင် ပိုကောင်းပါတယ်ဗျာ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၅ လ က

အကျိုးပြုမှိုမျှင်တွေလို့ယူဆပါတယ်။အနံ့မနံဘူးဆိုရင် ပိုသေချာပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။