အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
73
လွန်ခဲ့သော ၄ လ က · ဘားအံ

ငရုတ်ဘာအားဆေးကောင်းလဲခင်ဗျာ

အပင်အာဟာရ ငရုတ်သီး
Post image

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၄ လ က

အနည်းလိုအာဟာရတွေ၊ကယ်လစီယံ၊ဘိုရွန်အားဆေးတွေကောင်းပါတယ်။

347,513 လွန်ခဲ့သော ၄ လ က

ပုံထဲက ငရုတ်ပင်လေးတွေကအပင်အခြေအနေ အရကျန်းမာသန်စွမ်းပြီး အပွင့်ပွင့်၊ အသီးစတင်တင်နေတဲ့ အဆင့်ကို ရောက်ရှိနေတာကို တွေ့ရပါတယ်။ ဒီအဆင့်မှာ အသီးများများတင်ဖို့နဲ့ အသီးအရည်အသွေးကောင်းဖို့အတွက် အပွင့်ပွင့် အသီးတင်ချိန်မှာ နိုက်ထရိုဂျင် (N) ကို လျှော့ချပြီး ဖော့စဖရပ် (P) နဲ့ ပိုတက်စီယမ် (K) ပါဝင်မှုများတဲ့ မြေဩဇာကို သုံးစွဲရပါမယ်။ဥပမာ - ၁၅:၁၅:၁၅ ကဲ့သို့သော ကွန်ပေါင်းမြေဩဇာ သို့မဟုတ် ပိုတက်စီယမ်ပါဝင်မှု ပိုများသည့် ၁၃:၁၃:၂၁ မြေဩဇာကို အပင်ခြေမှာ ကျွေးပေးနိုင်ပါတယ်။ မြေဩဇာကျွေးပြီးပါက ရေပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ။ (မြေဩဇာနှုန်းထားများပါက အပင်လောင်တတ်သည်) အပင်မှ အာဟာရကို မြန်မြန်ဆန်ဆန် စုပ်ယူနိုင်ဖို့အတွက် အောက်ပါဓာတ်တွေပါဝင်တဲ့ ရွက်ဖျန်းအားဆေးတွေကိုလည်းဖျန်းပေးသင့်ပါတယ် -ကယ်လ်စီယမ်-ဘိုရွန် (Calcium-Boron) ပါဝင်သည့်အား ဆေးကအပွင့်ကြွေခြင်းကို ကာကွယ်ပေးပြီး အသီးတင်မှု အားကောင်းစေပါတယ်။ ငရုတ်သီးထိပ်ပုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဇင့် (Zinc)၊ မဂ္ဂနီဆီယမ် (Magnesium) စတာတွေပါဝင်တဲ့ အားဆေးတွေက အပင်ကို ပိုမိုစိမ်းလန်းစေပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိစေပါတယ်။အားဆေးဖျန်းတဲ့အခါ နေပူရှိန်ပြင်းချိန်ကို ရှောင်ပြီး နံနက်စောစော ဒါမှမဟုတ် ညနေစောင်း အချိန်မှာသာ ဖျန်းပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။