အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
68
လွန်ခဲ့သော ၄ လ က · ပျော်ဘွယ်

မြန်မာနိုင်ငံအလယ်ပိုင်းကို မေလ ၂၅ရက်နေ့လောက်မှာ မုတ်သုန်လေဝင်မယ်လို့ သိရပါတယ်။ မုတ်သုန်လေမဝင်ခင် ၂၀ ၂၁ရက်လောက်...

မြန်မာနိုင်ငံအလယ်ပိုင်းကို မေလ ၂၅ရက်နေ့လောက်မှာ မုတ်သုန်လေဝင်မယ်လို့ သိရပါတယ်။ မုတ်သုန်လေမဝင်ခင် ၂၀ ၂၁ရက်လောက်မှာ စိုက်သင့်လား အကြံပြုပေးစေချင်ပါတယ် မနှစ်က မိုးများသလို ဒီနှစ်လည်း မိုးများန်ုင်မယ်ထင်လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁ ရက်
စိုက်ပျိုးနည်း နှမ်း

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၄ လ က

မိုးလေဝသခန့်မှန်းချက်ကို သေချာနားထောင်ပါ။ မုတ်သုံအဝင်မှာ မိုးအရမ်းသည်းမယ်လို့ ခန့်မှန်းထားရင် မေလ ၂၀-၂၂ရက် မှာ မစိုက်ဘဲ မိုးဦးကျပြီး မြေအစိုဓာတ် အခြေအနေမှန်မှ စိုက်ပျိုးတာက ပိုပြီးသေချာပါတယ်။မဖြစ်မနေစိုက်မည်ဆိုလျှင်ရေဝပ်ခြင်းမရှိစေဖို့ ရေနုတ်မြောင်းတွေကို ကြိုတင်စနစ်တကျ ဖော်ထားရပါမယ်။ နှမ်းကို ဘောင်စနစ်နဲ့ စိုက်ပျိုးနိုင်ရင် ပိုကောင်းပါတယ်။မိုးများရင် အပင်သေနိုင်တာမို့ မျိုးစေ့နှုန်းကို ပုံမှန်ထက် အနည်းငယ် ပိုသုံးပေးဖို့ လိုနိုင်ပါတယ်။မိုးများမယ့်နှစ်ဆိုရင် အလျင်စလိုမစိုက်ဘဲ မုတ်သုံအဝင်မိုး ပထမတစ်ကြိမ်၊ နှစ်ကြိမ် ရွာသွန်းပြီး မြေအပူရှိန်သေမှ စိုက်ပျိုးတာက အပင်ဖြစ်ထွန်းမှုအတွက် ပိုမိုစိတ်ချရပါတယ်။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ လ က

မိုးရွာပြီးမှ စိတ်တိုင်းကျကြဲပါ။အပင်ပေါက် မိုးပြင်းပိတာကို နှမ်းမကြိုက်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။