နှမ်းပင်မှာအဲလိုလက္ခဏာတွေဖြစ်တာက ဘယ်လုိအကြောင်းတွေကြောင့်ဖြစ်ရတာပါလဲ မှိုရောဂါကြောင့်ပါလား ဘက်တီးရီးယားကြောင့်...
နှမ်းပင်မှာအဲလိုလက္ခဏာတွေဖြစ်တာက ဘယ်လုိအကြောင်းတွေကြောင့်ဖြစ်ရတာပါလဲ မှိုရောဂါကြောင့်ပါလား ဘက်တီးရီးယားကြောင့်ပါလား
နှမ်းပင်မှာအဲလိုလက္ခဏာတွေဖြစ်တာက ဘယ်လုိအကြောင်းတွေကြောင့်ဖြစ်ရတာပါလဲ မှိုရောဂါကြောင့်ပါလား ဘက်တီးရီးယားကြောင့်ပါလား
မှိုရောဂါ
မှိုကြောင့်ဖြစ်တဲ့ရောဂါပါ။ညယ်လိုအကြောင်းကြောင့်လဲဆိုရင်တော့၊မိုးကြီးမိပြီးနေပူရင်ပပေါ်ယံကြောတင်းပြီး အမြစ်တွေနာလာပါတယ်။အဲဒီလိုအနေအထားမှာ မြေကြီးကမှိုရောဂါဝင်လာလိူ့ အပင်ညှိုးရတာပါ။နောက်အပင်တွေမကူးအောင် အပေါ်ကြောတင်းတာကို ခက်ရင်းနဲ့ဆွပါ။အပင်ေခြ မှိုသတ်ဆေးဖျန်းပါ။
ပုံပါနှမ်းပင်များတွင် ဖြစ်ပေါ်နေသော လက္ခဏာများကို ကြည့်ခြင်းအားဖြင့် နှမ်းအမြစ်ပုပ်ရောဂါ(Root rot )ကျနေတာပါ။ ဤရောဂါသည် မြေဆောင်မှိုကြောင့်ဖြစ်သောကြောင့် Fosetyl-Alမှိုသတ်ဆေးကို အပင်အပေါ်ပိုင်းနှင့်အပင် ခြေကို အဓိကထားဖျန်းပေးပါ။ ဤမှိုသည် ရေဝပ်သောနေရာတွင် အလွန်မြန်ဆန်စွာ ပျံ့နှံ့တတ်သောကြောင့် စိုက်ခင်းအတွင်း ရေမဝပ်စေရန် အရေးကြီးပါတယ်။ နှမ်းကို တစ်နေရာတည်းတွင် ဆက်တိုက်မစိုက်ဘဲ အခြားသီးနှံများ (ဥပမာ-နှံစားသီးနှံ) နှင့် အလှည့်ကျ စိုက်ပျိုးသင့်ပါတယ်။ ရောဂါရနေသော အပင်များကို မြင်သည်နှင့် နုတ်ယူပြီး စိုက်ခင်းအပြင်ဘက်တွင် မီးရှို့ဖျက်ဆီးပစ်ရပါမယ်။
ဆက်စပ်မေးခွန်းများ
ဒီအချိန်မှာ ဘာအားဆေးသုံးသင့်လဲ
ဖြေကြားချက် 1 ခု
အသီးပွင့်လှိုင်နေတုန်းပါ ရေပေး မြေဆီကျွေးထားတယ် အသီးတင်နည်းနေပါတယ် ပွင့်ထွေးပိုးကျထားလို့ပိုးသတ်ဆေးလိုက်ထားပါ...
ဖြေကြားချက် 2 ခု
ဘာရောဂါလဲ ဘာဆေးသုံးသင့်လဲ
ဖြေကြားချက် 1 ခု
မိုးနှမ်းစိုက်ပျိုးရင် အပင်စိမ့်မကိုင်အောင်ဘယ်လိုလုပ်ရလည်းဗျ
ဖြေကြားချက် 2 ခု
မြန်မာနိုင်ငံအလယ်ပိုင်းကို မေလ ၂၅ရက်နေ့လောက်မှာ မုတ်သုန်လေဝင်မယ်လို့ သိရပါတယ်။ မုတ်သုန်လေမဝင်ခင် ၂၀ ၂၁ရက်လောက်...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။