ကျွန်တော်ငရုပ်နဲ့ခရမ်းကျွတ်တွေပျိုးထားတာ၁၅ရက်ရှိပြီခင်ဗျ..ခုထိအပင်မပေါက်သေးလို့အကြံပြုပေးကြပါအုံးခင်ဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- ရာသီဥတု (တစ်ပတ်အတွင်း)
- မိုးရွာ
ငရုပ်ကမြားနီတွန်ဂလာ၆၉၂နဲ့ခရမ်းကျွတ်ကပုလဲဖြူမြားနီမျိုးစေ့ပါခင်ဗျ
၁၅ရက်ကျော်လို့မပေါက်ရင်တော့ တခုခုerrorဖြစ်လို့ပါ။ ဖြစ်နိုင်စရာတွေတော့အများကြီးပါ။
ငရုတ်နှင့် ခရမ်းသီးစေ့များကို ပျိုးထောင်ထားသည်မှာ ၁၅ ရက်ရှိပြီဖြစ်သော်လည်း အပင်မပေါက်သေးရခြင်းမှာ လက်ရှိ မိုးရွာသွန်းပြီး ရာသီဥတုအေးစိမ့်နေခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။ ဤအပင်များသည် အပင်ပေါက်ရန် နွေးသော အပူချိန် (၂၅ ဒီဂရီစင်တီဂရိတ်အထက်) လိုအပ်သဖြင့် ရာသီဥတုအေးပါက ရက်ပေါင်း ၂၀ ဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ ထို့ပြင် မိုးရေကြောင့် မြေကြီးထဲတွင် ရေဝပ်ပြီး အစေ့ပုပ်သွားခြင်း သို့မဟုတ် အစေ့ကို မြေအနက်ကြီးစိုက်မိခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပျိုးခွက်များကို မိုးလွတ်ပြီး နွေးသော အမိုးအကာအောက်သို့ ရွှေ့ပေးပါ၊ ရေဝပ်ခြင်းမရှိစေရန် သတိပြုပြီး နောက်ထပ် ၅ ရက်ခန့် စိတ်ရှည်ရှည်ဖြင့် ထပ်မံစောင့်ကြည့်ပေးရန် အကြံပြုလိုပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
ဖြေကြားချက် 3 ခု
ကျောက်စီမ်းငရုတ်စိုက်နည်းအစုံသိချင်ပါတယ်ဗျ ဘယ်နှစ်ရက်သားဆိုဘယ်လိုဆေးတွေသုံးရမယ် ဘယ်လိုပြုစုရမယ်ဆိုတာအကုန်ပြော...
ဖြေကြားချက် 2 ခု
မင်္ဂလာပါခင်ဗျာ ကျနော့်ငရုပ်စိုက်ခင်းထဲမှာ အချို့အပင်တွေက ပုံပါအတိုင်း ဖြစ်နေပါတယ်။ အဲဒီအပင်တွေ ဘာကြေင့်ဖြစ်တာ...
ဖြေကြားချက် 1 ခု
ငရုပ်မိုးတောင့် အရွက်ထွတ်နေလို့ ဘယ်ဆေးသုံးရမလဲဗျ
ဖြေကြားချက် 1 ခု
ငရုပ်သီးကို ကုန်ကြမ်းကနေကုန်ချောဖြစ်ဖို့ကိုဘလိုအရာတေကိုလုပ်ဆောင်သင့်လဲဗျ ကိုယ်ပိုင်ထုပ်လုပ်ချင်လို့ပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။