အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
32
လွန်ခဲ့သော ၃ လ က · ဟင်္သာတ

ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား

မြေဆီလွှာ စပါး

ဖြေကြားချက် ၂ ခု

349,542 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ဝါးရွက်ခြောက်များကို လယ်ထဲသို့ ထည့်သွင်းပေးခြင်းသည် သဲဆန်သောမြေကို ရေရှည်တွင် အာဟာရပြည့်ဝသည့် နုန်းဆန်သောမြေဆီလွှာ (Loam Soil) အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပါတယ်။ ဝါးရွက်များ ဆွေးမြည့်သွားသောအခါ မြေဆီလွှာကို စေးပျစ်စေပြီး ရေနှင့် အာဟာရဓာတ် ထိန်းသိမ်းနိုင်စွမ်းကို သိသိသာသာ မြင့်တက်စေသည့်အပြင် အကျိုးပြုပိုးမွှားများကိုလည်း တိုးပွားစေပါသည်။ သို့သော် ဝါးရွက်သည် ဆွေးမြည့်ရန် အချိန်ကြာတတ်ပြီး ဆွေးမြည့်စဉ်အတွင်း မြေဆီလွှာထဲမှ နိုက်ထရိုဂျင်ဓာတ်ကို လုယူသုံးစွဲတတ်သဖြင့် နွားချေး သို့မဟုတ် နိုက်ထရိုဂျင်ပါသော မြေဩဇာတစ်ခုခုနှင့် တွဲဖက်ထည့်သွင်းပြီး သမအောင် ထွန်ယက်ပေးရန် လိုအပ်ပါတယ်ခင်ဗျာ။

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ လ က

မဖြစ်နိုင်ပါဘူး။သို့သော် ဝါးရွက်ခြောက်တွေကိုစုပုံပြီး ဆွေးတော့မှ လယ်ထဲထည့်ရင်ပိုကောင်းပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။