ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
ပုံပါ ခရမ်းညွန့်များ ညှိုးခွေနေခြင်းမှာ ခရမ်းခေါင်ညွန့်ထိုးပိုးကျရောက်နေခြင်းဖြစ်ပြီး၊ အရွက်ပေါ်တွင် မြွေလိမ်မြွေကောက် လမ်းကြောင်းများ တွေ့ရပါက ရွက်ထွင်းပိုး ကြောင့် ဖြစ်ပါတယ်။ ကာကွယ်ရန် ပထမဆုံးအနေဖြင့် ပိုးလောက်ကောင် ခိုအောင်းနေသော ညှိုးနွမ်းခေါင်ညွန့်များကို အောက်ဘက် ၂ လက်မခန့်အထိ ကပ်၍ ချိုးယူကာ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီးရပါမည်။ ထို့နောက် စိုက်ခင်းအတွင်း အဝါရောင်စေးကပ်ထောင်ချောက်များ ထားရှိပေးပါ။ ဓာတုဆေးအနေဖြင့် ခေါင်ညွန့်ထိုးပိုးအတွက် ပရိုဖီနိုဖော့ (Profenofos) သို့မဟုတ် အီမာမက်တင် ဘန်ဇိုအိတ် (Emamectin benzoate) ကိုလည်းကောင်း၊ ရွက်ထွင်းပိုးအတွက် အရွက်အတွင်း စိမ့်ဝင်နိုင်သော အဗာမက်တင် (Abamectin) ကိုလည်းကောင်း တစ်လှည့်စီ အလှည့်ကျ ပက်ဖျန်းပေးရပါမည်။
ရွက်ထွင်းပိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဆီတာမီပရစ်၊ အီမာမက်တင်၊အဘာမက်တင် တမျိုးမျိုးဖျန်းလိုက်ပါ။
ဆက်စပ်မေးခွန်းများ
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲ...
ဖြေကြားချက် 2 ခု
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုး...
ဖြေကြားချက် 2 ခု
12လရာသီအလိုက်ဘယ်အသီးအပင်အမျိုးအစားကိုစိုက်သင့်ပါသလဲဗျ
ဖြေကြားချက် 1 ခု
ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်းက 1 ရက်နေ့က စပျိုးထားတာပါ ခရမ်းချဥ်က 6 ရက်နေ့ပျိုးတာပါ ဘယ်နှစ်ရက်သားတေဆိုမြေချ...
ဖြေကြားချက် 5 ခု
ပုံပါ အရွက်သီးသန့်ရိုက်ထားတဲ့ပုံမှာပိုးကောင်လေးတွေတော့ တွေ့တယ် အပင်တချို့မှာ အရွက်ပေါ် အဝိုင်းကွက်လေးတွေခြောက်...
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။