တမာရွက်ပိုးသတ်ဆေးလုပ်နည်းလေးပြောပြပေးပါ့လားရှင့် ပဲသီးတေယင့်နဲ့ပြောင်းခင်းဖျနိးချင်လို့ပါ ဘနှရက်သားကစဖျန်းလို့...
တမာရွက်ပိုးသတ်ဆေးလုပ်နည်းလေးပြောပြပေးပါ့လားရှင့် ပဲသီးတေယင့်နဲ့ပြောင်းခင်းဖျနိးချင်လို့ပါ ဘနှရက်သားကစဖျန်းလို့ရလဲရှင့်
တမာရွက်ပိုးသတ်ဆေးလုပ်နည်းလေးပြောပြပေးပါ့လားရှင့် ပဲသီးတေယင့်နဲ့ပြောင်းခင်းဖျနိးချင်လို့ပါ ဘနှရက်သားကစဖျန်းလို့ရလဲရှင့်
တမာရွက် သဘာဝပိုးနှင်ဆေး ၂ ပတ်စိမ်နည်းအတွက် အချိုးအစားမှာ တမာရွက်အစိမ်း သို့မဟုတ် အဝါရောင်သန်းနေသော အရွက်အကြွေ ၁ ကီလိုဂရမ် (၆၀ ကျပ်သားခန့်) လျှင် ရေ ၅ လီတာ နှုန်း ဖြင့် ရောစပ်စိမ်ရပါမည်။ တမာရွက်များကို ဇလုံ သို့မဟုတ် ပုံးတစ်လုံးထဲထည့်၍ ရေ ၅ လီတာလောင်းထည့်ကာ အဖုံးအုပ်ပြီး ၂ ပတ် (၁၄ ရက်) ကြာအောင် ထားရပါမည်။ ၂ ပတ်ပြည့်ပါက တမာရွက်များ ဆွေးမြည့်ပြီး ဓာတ်များထွက်လာမည်ဖြစ်ရာ ထိုအရည်ကို သေချာစစ်ယူပြီး ရေလုံးဝထပ်မရောဘဲ စိုက်ခင်းထဲ တိုက်ရိုက်ဖျန်းပေးရမှာပါ။
2ပတ်စိမ်ထားပီးရေမရောဘဲဖျန်းတာကြတမာရွက်ကဘယ်လောက်ထည့်စိမ်ရမလဲရှင့်
တမာရွက် သဘာဝပိုးနှင်ဆေး ပြုလုပ်ရန် လတ်ဆတ်သော တမာရွက်များကို ရေတွင် ၂ ပတ် (၁၄ ရက်) တိတိ စိမ်ထားရပါမည်။ ထိုသို့စိမ်ခြင်းဖြင့် ပိုးမွှားများကို နှိမ်နင်းနိုင်သော အဇာဒီရက်တင် (Azadirachtin) ဓာတ်များ အရည်ထဲသို့ ပျော်ဝင်လာပြီး အစိမ်းရောင်အရည်ကို ရရှိမည်ဖြစ်သည်။ အသုံးပြုသည့်အခါတွင် ရရှိလာသော တမာရွက်စိမ်ရည်ကို အရည်စစ်ပြီး ရေလုံးဝထပ်မရောဘဲ စိုက်ခင်းအတွင်းသို့ တိုက်ရိုက်ဖျန်းပေးရပါမည်။ ပဲတောင့်ရှည်ခင်းအတွက် ပဲပင်ပေါက်ပြီး ၂ ပတ်သား (ရွက်မှန်ထွက်ချိန်) မှ စတင်၍လည်းကောင်း၊ ပြောင်းခင်းအတွက် ပြောင်းပင်ပေါက်ပြီး ၁၅ ရက်သားမှ စတင်၍လည်းကောင်း ပိုးမကျခင်ကတည်းက ကြိုတင်ကာကွယ်သောအားဖြင့် ၇ ရက်မှ ၁၀ ရက်တစ်ကြိမ် ပုံမှန်ဖျန်းပေးရပါမည်။
ဆက်စပ်မေးခွန်းများ
တိုင်ထောင်ပဲတောင့် ရှည် ပုရွက်ဆိတ် ကိုက်နေတာက ကာကွယ်စရာလိုမလို ပြောပြပေးပါအုံးဗျ လိုအပ်ရင်လဲ ဘယ်လိုကာကွယ်ရမလဲ...
ဖြေကြားချက် 5 ခု
ဆရာတို့ရှင့်ပဲတောင့်ရှည်အပင်က ပျပိုးလိုလေးတြဖြစ်နေပါတယ်ဘယ်လိုဆေးမျိုးဖျန်းရမလဲရှင့်
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်တွေ ပုံမှာကြည့်ပေးကြပါ ဘာဖြစ်တာလဲ ဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 2 ခု
တိုင်ထောင်ပဲ အတွက် တိုင်စိုက်ရန်.. ကြိုးတန်း ပြေး..ကြိုးခတ်နည်း လေး ပြပေးပါ ခင်ဗျာ.. ့ိ
ဖြေကြားချက် 1 ခု
ဒါဘာတွေဖြစ်တာလဲဗျ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။