အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
152
လွန်ခဲ့သော ၃ လ က · ပင်းတယ

အရွက်တွေ ဒီလိုဖြစ်နေတယ်ဗျ။ဘာရောဂါလဲ။ #ခရမ်း🍆

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၂ ခု

347,513 လွန်ခဲ့သော ၂ လ က

ပုံပါ ခရမ်းသီးပင်များတွင် အရွက်များ အဝါရောင်ပြောင်းကာ အပေါ်သို့ လိပ်တက်နေခြင်းမှာ အပင်ရည်စုတ်ယူစားသောက်သည့် စုတ်စားပိုး (Thrips)၊ မွှားပင့်ကူ (Mites) များ ကျရောက်ခြင်း သို့မဟုတ် ၎င်းပိုးမွှားများမှတစ်ဆင့် ရွက်လိပ်ဗိုင်းရပ်စ်ရောဂါ (Leaf Curl Virus) ကူးစက်ခံရခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် အီမာမက်တင် ဘင်ဇိုအိတ် သို့မဟုတ် အင်မီဒါကလိုပရစ် ပါဝင်သော ပိုးသတ်ဆေးကို အရွက်နောက်ကျောပါနှံ့အောင် ပက်ဖျန်းပေးရပါမည်။ ထို့ပြင် အပင်ကိုယ်ခံအားပြန်တက်လာစေရန် အနည်းလိုအဟာရအားဆေး ကို ဖြည့်စွက်ကျွေးရမည်ဖြစ်ပြီး၊ ရောဂါအလွန်ပြင်းထန်နေသော အပင်များကိုမူ နှုတ်ယူမီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါသည်။

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ လ က

အနီးအနားမှာ၊ပေါင်းသတ်ဆေးဖျန်းမိသလား(ဆေး‌ေငွ့ရိုက်တာနဲ့တူပါတယ်)။ သို့မဟုတ် အရင်ဖျန်းထားတဲ့ဆေး ပမာဏ များတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာမှမဖျန်းရသေးဘူးဆိုရင်တော့ ဘက်တီးရီးယားရောဂါဖြစ်နိုင်ပါတယ်။ ဆေးလောင်တာဆိုရင်တော့ အပ်၊(upအားဆေး)၅၀စီစီနုန်းဖျန်းပါ။ ဘက်တီးရီးယား ဆိုရင် Bismerthiazol (ဖာတီဇို)၆၀ဂရမ်နုန်းဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

ပုံပါ အရွက်သီးသန့်ရိုက်ထားတဲ့ပုံမှာပိုးကောင်လေးတွေတော့ တွေ့တယ် အပင်တချို့မှာ အရွက်ပေါ် အဝိုင်းကွက်လေးတွေခြောက်...

ဖြေကြားချက် 4 ခု

ဆရာကြည့်ပေးပါအူးဗျ ခရမ်းခေါင်းက 1 ရက်နေ့က စပျိုးထားတာပါ ခရမ်းချဥ်က 6 ရက်နေ့ပျိုးတာပါ ဘယ်နှစ်ရက်သားတေဆိုမြေချ...

ဖြေကြားချက် 5 ခု

ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။

ဖြေကြားချက် 2 ခု

ခရမ်းတခင်းလုံး အရွက်ဝါကြားဖြစ်နေလို့ပါ ဘာရောဂါကျတာလဲဗျ ဖျန်းရမယ့်ဆေးလေး ညွှန်းပေးပါအုံး လေးပုံမြောက်ကအရွက်​တွေ...

ဖြေကြားချက် 3 ခု

စိုက်ပျိူးရေး တစ်ခု လုပ်ဆောင်တော့မယ်ဆိုရင် အဓိက အခြေခံ လိုအပ်ချက် ဖြစ်တဲ့ မြေကြီးပြူပြင်နည်းတို့ ပြီးတော့...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။