အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
21
လွန်ခဲ့သော ၃ လ က · စဉ့်ကိုင်

စပ့ါးစိုက်ခင်းကိုမြေခံထည့်ချင်တာဘယ်လိုအမျိူအစားထည့်သင့်လဲဖြေပေးကြပါအုံးဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုး ရေ စပါး

ဖြေကြားချက် ၂ ခု

348,301 လွန်ခဲ့သော ၂ လ က

စပါးခင်းမှာ အခြေခံထည့်သွင်းရမည့် အဓိကဓာတ်မြေဩဇာကြီး (၃) မျိုးကတော့ ပုလဲ (ယူရီးယား)၊ တီစူပါ နဲ့ ပိုတက်ရှ် (မုန်လာမြေဩဇာ) တို့ ဖြစ်ပါတယ်။ ပုလဲကိုတော့ အပင်ကြီးထွားဖို့နဲ့ ပင်ပွားထွက်ဖို့အတွက် တစ်ဧကကို တစ်အိတ်ခွဲနှုန်းလောက် သုံးစွဲရမှာဖြစ်ပြီး ကောက်စိုက်ပြီးချိန်၊ ပင်ပွားအများဆုံးချိန်နဲ့ မှို့ကပ်ချိန်ဆိုပြီး (၃) ကြိမ် ခွဲကျွေးရပါမယ်။ အမြစ်သန်စွမ်းစေတဲ့ တီစူပါကိုတော့ တစ်ဧက အိတ်ဝက်ကနေ တစ်အိတ်နှုန်း မြေပြင်ချိန်မှာ အပြီးထည့်ပေးရမှာ ဖြစ်ပါတယ်။ ရောဂါဒဏ်ခံနိုင်ပြီး အောင်စေ့များစေတဲ့ ပိုတက်ရှ်ကိုတော့ တစ်ဧက အိတ်ဝက်နှုန်းကို မြေပြင်ချိန်မှာ တစ်ဝက်၊ စပါးမှို့ကပ်ချိန် (အနှံလောင်းစဖြစ်ချိန်) မှာ တစ်ဝက် ခွဲကျွေးပေးရမှာ ဖြစ်ပါတယ်။

အတည်ပြုပြီး 218,453 လွန်ခဲ့သော ၃ လ က

စပါးအတွက်မြေခံကိုသုံးမျိုးစပ်၁၅ ပတ်လည်၁၆ ပတ်လည်တို့ကိုသုံးနိုင်ပါတယ်တစ်မျိုးထဲဆို တီ စူပါသုံးပါ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။