စပါး အခြောက်ကျဲတာ မြက်ရော ကောက်ပင်ပါ အတူ ထလို့ ဘယ်ပေါင်းသတ်ဆေးသုံးသင့်လဲဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၂၀ ရက်
မြေကြီးစိုချိန်၊စပါး ၁၅-၂၀ရက်သားမှာ၊Bispyribac sodium40+Bensulfuron methyl 20ဖျန်းလိုက်ပါ။ဆေးဖျန်းပြီး ၂ရက်ကြာရင်၊ရေပြန်သွင်းပေးပါ။
စပါးသက်တမ်း ၂၀ ရက်သားတွင် မြက်နှင့် ပေါင်းစုံရောနေပါက ဆေးတစ်မျိုးတည်းဖြင့် မနှိမ်နင်းနိုင်ဘဲ မြက်ရော ပေါင်းပါသေသည့် ဘစ်စပိုင်ရီဘက်-ဆိုဒီယမ် (Bispyribac-sodium) ဆေးကို သုံးစွဲရပါမည်။ သို့မဟုတ်ပါက မြက်သတ်ဆေး (Cyhalofop-butyl) နှင့် ရွက်ပြန့်သတ်ဆေး (Bensulfuron-methyl) နှစ်မျိုးကို တွဲစပ်ဖျန်းပေးရပါမည်။ ဆေးဖျန်းသည့်အခါ ဆေးအာနိသင်ထိရောက်စေရန် စိုက်ခင်းထဲမှ ရေကို ကုန်အောင်ထုတ်၊ မြေကြီးအစိုဓာတ်ရှိချိန်တွင် ဖျန်းပေးပြီး၊ ဖျန်းပြီး ၂ ရက်အကြာတွင် ရေပြန်သွင်းကာ ရေလှောင်ပိတ်ထားပေးရပါမည်။
ဆက်စပ်မေးခွန်းများ
တောင်သူကြီးများနှင့် စိုက်ဆေးပညာရှင်တို့ခင်ဗျ... စပါးစိုက်ရာသီမတိုင်ခင် လယ်ကွင်းထဲပြာချသင့်လားအကြံပေးကြပါဦး...
ဖြေကြားချက် 2 ခု
စပ့ါးစိုက်ခင်းကိုမြေခံထည့်ချင်တာဘယ်လိုအမျိူအစားထည့်သင့်လဲဖြေပေးကြပါအုံးဗျ
ဖြေကြားချက် 2 ခု
စပါးမျိုးဘလိုဖောက်ရမလဲ
ဖြေကြားချက် 1 ခု
EMကစပားအတွက်ဘယ်လိုအသုံးဝင်လည်သိချင်ပါတယ်
ဖြေကြားချက် 2 ခု
စပါးကိုပုလဲမြေသြဇာကျွေးရင် ဘယ်လိုနှုန်းထားနဲ့ကျွေးရမလဲ ရေအနေအထားဘယ်လိုထားရမလဲသိချင်ပါတယ် အပင်အထနေးလို့ပါ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။