အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ရှိုင်းထက်အောင်
လွန်ခဲ့သော ၂ နာရီ က · ရပ်စောက်

ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၉၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ်
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

ရှိုင်းထက်အောင်
ရှိုင်းထက်အောင် 676 လွန်ခဲ့သော ၁၇ မိနစ် က

ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,119,733 လွန်ခဲ့သော ၂၆ မိနစ် က

ရောဂါရ အစိတ်အပိုင်းတွေကိုညှပ်ပြီးအဝေးလွှင့်တာကောင်းပါတယ်။ လေဝင်ထွက်လည်းကောင်းမယ်။ အရေးကြီးတာက၊ညှပ်ပြီးတာနဲ့ ကော့ပါးဆေး ဖျန်းဖို့လိုပါတယ်။သန့်ရှင်းရေး လုပ်ရပါမယ်။ပြီးတော့ မြေဩဇာ ကျွေးရပါမယ်။

သော်ဇင်
သော်ဇင် 364,694 လွန်ခဲ့သော ၁ နာရီ က

ခရမ်းချဉ်ပင်တွင် ဘက်တီးရီးယားအနက်စက်နှင့် ရွက်ပြောက်ရောဂါ ကျရောက်နေပါက ရောဂါရနေသော အောက်ခြေအရွက်များကို ညှပ်ထုတ်ပေးခြင်းသည် လုပ်ဆောင်သင့်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သို့သော် ရောဂါပိုး ပိုမိုပျံ့နှံ့မသွားစေရန်အတွက် အရွက်များ လုံးဝခြောက်သွေ့နေချိန်တွင်သာ ညှပ်ရမည်ဖြစ်ပြီး၊ အပင်တစ်ပင်ညှပ်ပြီးတိုင်း အသုံးပြုသည့် ကတ်ကြေးကို အယ်လ်ကိုဟောဖြင့် ပိုးသတ်ပေးရပါမယ်။ထိုကတ်ကြေးက ရောဂါကင်း သောအရွက် ကိုထိမိပါက ပိုးကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ညှပ်ပြီးသား ရောဂါရအရွက်များ ကို စိုက်ခင်းနှင့်ဝေးရာတွင် မီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပြီး၊ အရွက်ညှပ်ပြီးနောက် ဒဏ်ရာများမှတစ်ဆင့် ပိုးမဝင်စေရန် Copper oxychloride, Copper hydroxide, Bismerthiazole, Oxolinic acid, Kasugamycin တမျိုးမျိုး စနစ်တကျ ပက်ဖျန်းပေးရပါမယ်။ ဘက်တီးရီးယားရောဂါဖြစ်လို့ကူးစက်မှုအရမ်းမြန်ပါတယ်၊အရင်က မှိုသတ်ဆေးတွေချည်းအသုံးပြုခဲ့တာကြောင့် ဆိုးရွားစွာခံနေရတာပါ၊ အခုတော့ ဘက်တီးရီးယားသတ်ဆေးများကို ၇ရက်ခြား အလှည့်ကျဖျန်းပေးပါ၊ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များ ဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစောင့်ကြည့်ပါ။ ရောဂါရပ်တန့်သွားပြီလို့ယူဆရမှ ရွက်ဖျန်းအားဆေးဖျန်းခြင်းနှင့် မြေဩဇာကျွေးခြင်းပြန်လုပ်ရပါမယ်ခင်ဗျာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာခင်ဗျ ဒီလိုအရွက်ပြောက်လေးတွေဖြစ်လာလို့ဘယ်ဆေးတွေအထိရောက်ဆုံးဖြစ်မလည်းခင်ဗျလက်ရှိ ကော့ပါးကာဇူကာမိုင်စင်ဖြန်း...

ဖြေကြားချက် 2 ခု

ပျိုးပင်လေးတေခါးရိပြီးလဲနေလို့ဘယ်လိုလုပ်ရင့အဆင်နိုင်လဲဗျ

ဖြေကြားချက် 1 ခု

ဆရာရေ ကန့်၅၀ကျပ်သား ထုံး၂၅ကျပ်သား မှိုဆေးဖော်တာကြိုတုန်းကအရောင်က အစိမ်းပုပ်ရောင် အအေးခံလိုက်တော့ဝါနုရောင် သုံး...

ဖြေကြားချက် 4 ခု

ဆရာခင်ဗျ ပိုင်မီထရိုဇင်း။ အဆီတာမီပရစ် အမိုင်နိုနဲ့ဝိစာကွန်ဘီရောပြီးအလည့်ကျဖြန်းပါတယ်ရောဂါကမရပ်ဘူးဖြစ်နေလို့ပါ...

ဖြေကြားချက် 4 ခု

တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။