ပျိုးပင်လေးတေခါးရိပြီးလဲနေလို့ဘယ်လိုလုပ်ရင့အဆင်နိုင်လဲဗျ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၄ ရက်
ပုံပါ ခရမ်းချဉ်ပျိုးပင်လေးများ ညှိုးပြီး လဲကျကုန်ရခြင်းသည် ပျိုးပင်ဘဝတွင် အဖြစ်အများဆုံးဖြစ်သော "ခါးရိမှိုရောဂါ" (Damping-off Disease) ကြောင့် ဖြစ်ပါတယ်။ ဤရောဂါသည် ရေလောင်းလွန်ခြင်း၊ လေဝင်လေထွက်နှင့် နေရောင်ခြည်မရခြင်း၊ မသန့်ရှင်းသော စိုက်ပျိုးမြေနှင့် ပျိုးဗန်းများ သုံးစွဲခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။ လက်ရှိတွင် လဲကျသွားသောအပင်များကို ပြန်လည်ကုသ၍ မရနိုင်တော့သဖြင့် ချက်ချင်းနှုတ်ယူဖယ်ရှားရမည်ဖြစ်ပြီး၊ ကျန်အပင်ကောင်းများထံ မပြန့်ပွားစေရန် ရေလောင်းခြင်းကို လျှော့ချကာ လေဝင်လေထွက်ကောင်းပြီး နေရောင်ရသောနေရာသို့ ရွှေ့ပေးရပါမယ်။ ထို့ပြင် Foestyl Al သို့မဟုတ် Carbendazim ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ပျိုးမြေထဲသို့ ရွှဲနေအောင်ဖျန်းပေးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာရေ ကန့်၅၀ကျပ်သား ထုံး၂၅ကျပ်သား မှိုဆေးဖော်တာကြိုတုန်းကအရောင်က အစိမ်းပုပ်ရောင် အအေးခံလိုက်တော့ဝါနုရောင် သုံး...
ဖြေကြားချက် 4 ခု
ဆရာခင်ဗျ ပိုင်မီထရိုဇင်း။ အဆီတာမီပရစ် အမိုင်နိုနဲ့ဝိစာကွန်ဘီရောပြီးအလည့်ကျဖြန်းပါတယ်ရောဂါကမရပ်ဘူးဖြစ်နေလို့ပါ...
ဖြေကြားချက် 4 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်...
ဖြေကြားချက် 3 ခု
ဆရာခင်ဗျ ဒီလိုအရွက်ပြောက်လေးတွေဖြစ်လာလို့ဘယ်ဆေးတွေအထိရောက်ဆုံးဖြစ်မလည်းခင်ဗျလက်ရှိ ကော့ပါးကာဇူကာမိုင်စင်ဖြန်း...
ဖြေကြားချက် 2 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြော...
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။