အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဒေါ်စိုးမိုးသန်း
လွန်ခဲ့သော ၃ နာရီ က · ဘိုကလေး

ရွက်ဖျားတွေခြောက်နေလို့ပါ။ဘာဆေးသုံးပေးရမလည်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
မြူဆိုင်း၍ နေသာ အများအားဖြင့် နေသာ
ပိုးမွှားရောဂါ စပါး
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 367,609 လွန်ခဲ့သော ၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပုံပါစပါးခင်းတွင် ဖြစ်ပွားနေသော အရွက်ခြောက်သည့် လက္ခဏာသည် "စပါးရွက်ဖုံးခြောက်ရောဂါ (Sheath Blight)" ကျနေတာပါ။ မျိုးစေ့နှုန်းထား ပိုသုံးခြင်း၊ အပင်များ စိပ်စိပ်စိုက်ခြင်းကြောင့် အလင်းရောင်နှင့် လေဝင်လေထွက် မကောင်းခြင်း၊နိုက်ထရိုဂျင် (ပုလဲ) မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်း။မိုးရွာပြီးနောက် စိုထိုင်းဆ မြင့်မားပြီး ပူအိုက်စိုစွတ်သော ရာသီဥတု ဖြစ်ခြင်းတို့ကြောင့်ရောဂါဖြစ်ရတာပါ။- စိုက်ခင်းအတွင်း ရေဝပ်ခြင်းကို လျှော့ချရန် လယ်ရေကို ကုန်အောင်ထုတ်၍ (၂-၃) ရက်ခန့် မြေကြီး ပတ်ကြားအက်သည်အထိ အခြောက်ခံပေးပါ။ ၎င်းနောက်မှ ရေပြန်သွင်းပါ။ အခုကဖုံးလုံးချိန်ဖြစ်နေပြီမို့ ရေမထုတ်‌ပါတော့နဲ့။ပုလဲ (နိုက်ထရိုဂျင်) မြေဩဇာ ကျွေးခြင်းကို ချက်ချင်းရပ်ဆိုင်းပါ။နောင်တွင် ပိုတက်ရှ် မြေဩဇာကိုမူ အပင်ခံနိုင်ရည်ရှိစေရန် မျှတစွာ ထည့်ပေးနိုင်ပါတယ်။ ရွက်ဖုံးခြောက်ရောဂါနှင့် မှိုကြောင့်ဖြစ်သော ရောဂါများအတွက် အောက်ပါ ထိရောက်မှုရှိသော မှိုသတ်ဆေးကို ပက်ဖျန်းပေးပါ- Azoxystrobin + Difenoconazole (အဇိုဆီစထရိုဘင် + ဒိုင်ဖီနိုကိုနာဇိုး) ဆေးဖျန်းပြီး၇ရက်အကြာမှာ ရောဂါကျအရွက်များက အရွက်သစ်များအားဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပါ၊

သော်ဇင်
သော်ဇင် 367,609 လွန်ခဲ့သော ၁ နာရီ က

ဝိစာရကထုတ်သည့် ဒိုင်ဇီလို့မေးကြည့်ပါ၊ သို့မဟုတ် Azoxystrobin +Difenoconazole မှိုသတ်ဆေးဝယ်ချင်လို့ပါဆိုပြီးမေးကြည့်ပါဗျ

ဒေါ်စိုးမိုးသန်း
ဒေါ်စိုးမိုးသန်း 41 လွန်ခဲ့သော ၁ နာရီ က

ဆေးနမူနာလေးပြပေးပါလားရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။