အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
သန်းထိုက်အောင်
လွန်ခဲ့သော ၂ ရက် က · ချောက်

ပန်းဖြိုင်ဖြိုင်ပွင်ချိန်စိုရင်ရွက်ဖျန်းအာဆေးကဘာဆေးတွေပတ်ရင်အသိးတင်အားကောင်းမလဲဆရာတို့...မြို့နဲရွာကနေ့တိုင်းမကြုံလို့ကြိုဝယ်ထားခြင်လို့ပါ

အပင်အာဟာရ ပဲစင်းငုံ

ဖြေကြားချက် ၇ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 326,320 လွန်ခဲ့သော ၂ ရက် က
ဤအဖြေဖြင့် ပြေလည်

ဘိုရွင်ဓာတ် (လက်ချား) က အပင်တွေက ဝတ်မှုန်ကူးတာကို အောင်မြင်ဖို့အတွက် အဓိကလိုအပ်တဲ့ အဟာရဓာတ်ဖြစ်ပါတယ်။ ငါးအမိုင်နိုမှာလည်း ငါးအရိုးတွေပါ ထည့်ပြီး လုပ်ခဲ့မယ်ဆိုရင် ဘိုရွင်ဓာတ်က ပါပါတယ်ဗျ။

သော်ဇင်
သော်ဇင် 403,207 လွန်ခဲ့သော ၂ ရက် က

@သန်းထိုက်အောင် ပုလဲ +လက်ချား ဖျန်းပေးမယ် ဆိုရင် ကယ်လ်စီပလပ်မဖျန်းချင်လည်းရပါတယ်ခင်ဗျာ

သန်းထိုက်အောင်
သန်းထိုက်အောင် 1,625 လွန်ခဲ့သော ၂ ရက် က

ငါးအသေးလေးတွေကိုပိုသေးအောင်လို့နုတ်နုတ်စဥ်းပြီးပြုလုပ်ထားတဲ့ငါးအမိုင်နိုပါခင်ဗျာ

သန်းထိုက်အောင်
သန်းထိုက်အောင် 1,625 လွန်ခဲ့သော ၂ ရက် က

ဟုတ်ကဲ့ဗျ..အဖူးလေးတွေစပြီးဝင်တော့မယ့်အချိန်မှာ.ငါးအမိုင်နိနဲ့.အင်ဇိုင်းအားဆေးနည်းနည်စိပတ်ပြီး..အပွင့်မြိုင်ချိန်မှာကယ်စိပလပ်ပတ်ရင်အဆင်ပြေနိင်ပါတယ်နော်...ဆရာ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 326,320 လွန်ခဲ့သော ၂ ရက် က

ပုလဲ + လက်ချား ဖျန်းပေးနိုင်ပါတယ်ဗျ။ ကုန်ကျစရိတ်လည်း သက်သာပြီး တကယ်လည်း ထိရောက်ပါတယ်။ ယူရီးယားနှင့်လက်ချား အသုံးပြု၍ ပဲမျိုးစုံ အထွက်တိုးအောင် ပြုလုပ်နည်း

သော်ဇင်
သော်ဇင် 403,207 လွန်ခဲ့သော ၂ ရက် က

@သန်းထိုက်အောင် ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

သော်ဇင်
သော်ဇင် 403,207 လွန်ခဲ့သော ၂ ရက် က

@သန်းထိုက်အောင် ပဲစင်းငုံ ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် အသီးတင်နှုန်း ကောင်းမွန်စေရန်အတွက် အပင်၏ မျိုးပွားမှုဆိုင်ရာ အင်္ဂါများကို ဖွံ့ဖြိုးစေပြီး ဝတ်မှုန်ကူးခြင်းကို အားပေးသည့် ဘိုရွန် (Boron) နှင့် ကယ်လ်စီယမ် ဓာတ် အဓိကပါဝင်သော ရွက်ဖျန်းဆေးကို ဖျန်းပေးရပါမယ်။ ထို့ပြင် ပန်းပွင့်အခြေခိုင်စေရန် နိုက်ထရိုဂျင်ဓာတ်မပါဘဲ ဖော့စဖရပ်နှင့် ပိုတက်စီယမ် မြင့်မားစွာပါဝင်သည့် NPK ရွက်ဖျန်းဆေး (ဥပမာ - ၀-၅၂-၃၄) အပြင်၊ အပင်ကို ရာသီဥတုဒဏ်ခံနိုင်ပြီး အစာချက်လုပ်မှုကောင်းစေရန် အမိုင်နိုအက်ဆစ် (Amino Acid) နှင့် အနည်းလိုအဟာရ (Ca,B,Zn)ဆေးတို့ကို တွဲဖက်သုံးစွဲသင့်ပါတယ်။ ဆေးဖျန်းရာတွင် ပန်းပွင့်များ အပူရှိန်ကြောင့် လောင်ခြင်း သို့မဟုတ် အကျိုးပြုအင်းဆက်များ ထိခိုက်ခြင်းမရှိစေရန် နေပြင်းချိန်ကိုရှောင်၍ မနက်စောစော သို့မဟုတ် ညနေအေးချိန်တွင်သာ စနစ်တကျဖျန်းပေးရန် လိုအပ်ပြီး၊ မြေတွင်းအစိုဓာတ် မျှတအောင်လည်း ထိန်းသိမ်းပေးနိုင်ရပါမယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပန်းပွင့်ချိန်မှာ..ငါးအမိုင်နို...အင်ဇိုင်းအပွင့်အသိးတင်ဆေး...လက်ချားမုန့်တို့ရောပြီးပတ်လိုအဆင်ပြေနိင်လားဗျ......

ဖြေကြားချက် 8 ခု

အင်ဇိုင်းသဘာဝအပွင့်အသိးတင်အားဆေးရည်နဲ့လက်ချား(ဘိုရွန်)ရောဖျန်းလို့အဆင်ပြေနိင်လားဗျ...ဓာတုဆေးတွေကိုလိုအပ်မှပဲ...

ဖြေကြားချက် 1 ခု

ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရော...

ဖြေကြားချက် 2 ခု

ကိုယ်တိုင်လုပ်ထားတဲ့ငါးအမိုင်နို+အင်ဇိုင်းအပွင့်အသိးတင်ဆေးနဲ့+တမာပိုးပြေးဆေးကိုရောပတ်လို့အဆင်ပြေနိင်လားဗျ...အ...

ဖြေကြားချက် 2 ခု

အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကော...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။