GW11ကျဲခင်းအထွက်ကောင်းအောင်ဘယ်ရက်တွေမှာဘယ်အစာတွေကျွေးရမလဲဆရာ။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၅ ရက်
@U Win Zaw GW11 စပါးအမျိုးအစားသည် သက်တမ်း (၁၁၀-၁၁၅) ရက်ရှိ အထွက်ကောင်းစပါးမျိုးဖြစ်ပြီး ယခုကဲ့သို့ အပင်သက်တမ်း (၁၅) ရက်သားအရွယ်သည် ပင်ပွားထွက်အားကောင်းစေရန် အစာကျွေးရမည့် အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ မြေခံမှာဘာမြေဩဇာမှ မထည့်ခဲ့ဘူးလို့ထင်ပါတယ်၊သို့ဖြစ်ရာ လက်ရှိအချိန်တွင် တစ်ဧကလျှင် ယူရီးယား (ပုလဲ) မြေဩဇာ အိတ်ဝက်နှင့် ၁၅ ပတ်လည် ကွန်ပေါင်းမြေဩဇာ အိတ်ဝက်တို့ကို ရောစပ်၍ လယ်ကွက်အတွင်း ရေစပ်စပ်ဖြင့် ညီညာစွာ ကြဲပက်ပေးရပါမယ်။ ထို့နောက် သက်တမ်း (၃၅-၄၀) ရက် ပင်ပွားအများဆုံးအချိန်တွင် ဒုတိယအကြိမ်အဖြစ် ပုလဲအနည်းငယ် နှင့် ကွန်ပေါင်းမြေဩဇာကိုလည်းကောင်း၊ သက်တမ်း (၆၅-၇၀) ရက် အနှံသန္ဓေတည်ချိန်တွင် တတိယအကြိမ်အဖြစ် ပုလဲအနည်းငယ်နှင့် ပိုတက်ရှ်မြေဩဇာကိုလည်းကောင်း ဆက်လက်ကျွေးပေးခြင်းဖြင့် အထွက်နှုန်းကို အကောင်းဆုံး မြှင့်တင်နိုင်ပါလိမ့်မယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
ဆက်စပ်မေးခွန်းများ
ပုံထဲက အဖြူလေးတွေက ပိုးဥ လေးတွေလားဗျ ဘာပိုးသတ်ဆေးဖြန်းသင့်ပါသလဲ
ဖြေကြားချက် 12 ခု
အပင်အောက်ခြေတွင်ပုက်နေပြီးအရွက်များခြောက်နေပါသည် ဘာဆေးများအသုံးပြုရမလဲဆရာ
ဖြေကြားချက် 4 ခု
နွေစပါးအတွက် သုံးစွဲရမည့် ရက် သိချင်
ဖြေကြားချက် 1 ခု
အခြောက့်ကျဲးစပါးခင်မှာ ဆိုပင်ပွါးချိန်လောက်ပဲပုလဲးကြွေးလို့ရတယ်ဆနှံထွက်ချိန်မှာရေမလုံလောက့်ဘူးမိုးရေပဲးရတယ်...
ဖြေကြားချက် 3 ခု
စပါးစိုက်ခင်းဘယ်နရက်သားဆိုအစာစကြွေးလို့ရပြီလဲဆရာ။
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။