အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၅ နာရီ က · ပင်းတယ

ပုံပါအတိုင်းဖြစ်နေပါတယ်ဆရာဒီရောဂါအကြောင်းအသေးစိတ်ဆရာအနေနဲ့ဖြေထားပြီးပါပြီ ဖြစ်စအနေထားထပ်ပြီးပြကြည့်တာပါဆရာ

ပိုးမွှားရောဂါ မုန်ညင်း
Post image
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 408,498 လွန်ခဲ့သော ၃ နာရီ က

@ခင်ဇော်ဝင်း ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ခင်ဇော်ဝင်း
ခင်ဇော်ဝင်း 1,615 လွန်ခဲ့သော ၃ နာရီ က

ဟုတ်ကဲ့ပါဆရာ အခုလိုသိလိုရာများဖြေကြားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ

သော်ဇင်
သော်ဇင် 408,498 လွန်ခဲ့သော ၄ နာရီ က

@ခင်ဇော်ဝင်း ပုံတွင် တွေ့ရသည့် လက္ခဏာများသည် အရွက်မျက်နှာပြင်ပေါ်၌ အရွက်ကြောများအကြား ပုံသဏ္ဌာန်မမှန်သော ကွက်ကြားအဝါရောင်နှင့် ဆဲလ်သေခြောက်သွေ့နေသော အညိုရောင်အကွက်များ ဖြစ်နေခြင်းကြောင့် ဒေါင်းနီး ရွက်ခြောက်ရောဂါ (Downy mildew) ကျတာပါ။ ဤရောဂါသည် စိုစွတ်ပြီး လေဝင်လေထွက် ညံ့ဖျင်းပါက ပိုမိုဆိုးရွားတတ်သဖြင့် ကာကွယ်ရန် ရောဂါရရွက်များကို ဆွတ်ခူးမီးရှို့ဖျက်ဆီးခြင်း၊ လေဝင်လေထွက်ကောင်းအောင် အပင်သိပ်သည်းဆ လျှော့ချခြင်းနှင့် ရေလောင်းရာတွင် အရွက်များကို မစိုစေဘဲ အပင်ခြေကိုသာ လောင်းခြင်းတို့ ပြုလုပ်ရပါမယ်။ မှိုဆေးကိုတော့ ဟိုနေ့က ဖြေပေးပြီးပါပြီခင်ဗျာ၊ ဆေးတခါဖျန်းပြီး ရောဂါဆက်လက်ပျံ့ခြင်းရှိမရှိအမြဲစစ်ဆေးပေးပါ။ ရောဂါအကွက်ငယ်လေးများ ဖြစ်ပေါ်လာပြီး အရွက်အောက်မျက်နှာပြင်တွင် ထုံးမှုန့်ကဲ့သို့ ဖြူဖတ်ဖောင်းကြွသော မှိုအဖုလေးများ တွေ့ရခြင်းရှိမရှိ၊ အရွက်အောက်မျက်နှာပြင်တွင် မီးခိုးရောင်မှိုကွက်များ ရှိမရှိစစ်ဆေးပေးပါဦး၊

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။