အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၁၁ နာရီ က · ပင်းတယ

ဆရာခင်ဗျရောဂါဖြစ်စဆရာညွန်းထားတဲ့ဆိုင်မို+မီသိုမော့ ၄ဇွန်းစီဖြန်းထားတယ်ရောဂါလည်းထပ်မပြန့်ပဲခြောက်သွားပါတယ်ခင်ဗျပိုးဆေးကတော့ ကိုလိုပိုင်ရီဖော့+ အမိုင်နို+ဝိစာရကွန်ဘီသုံးထားပါတယ်ရောဂါရပ်ပြီးအပင်အနေထားနောက်ဆုံးပုံပါအတိုင်းစိမ်းလန်းနေပါတယ်ဆရာအခုရက်မှပုံပါအတိုင်းရေနွေးပူလောင်းထားသလိုဖြစ်နေပါတယ်ခင်ဗျ

ပိုးမွှားရောဂါ မုန်ညင်း
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

သော်ဇင်
သော်ဇင် 427,511 လွန်ခဲ့သော ၅ နာရီ က

@ခင်ဇော်ဝင်း ကျွန်တော်ကတော့ ရောဂါထက်ဆေးလောင်နိုင် ခြေ၊ နေပူလောင်နိုင် ခြေများတယ်ယူဆပါတယ်။ဆေးမဖျန်းခင်တည်းကဖြစ်တယ်ဆိုတော့ မုန်ညင်းသံချေးဖြူရောဂါကျတယ်ထင်ပါတယ်၊ ဒီရောဂါသည် သီးနှံအထွက်နှုန်းကို သိသိသာသာ လျော့ကျစေသည့် မှိုရောဂါဖြစ်ပြီး အရွက်အောက်မျက်နှာပြင်တွင် အဖြူရောင်အဖုများ ဖြစ်ပေါ်ကာ ပြင်းထန်ပါက အရွက်များ လိမ်ကောက်ညှိုးခြောက်သွားတတ်ပါတယ်။ ဤရောဂါကို ထိရောက်စွာ ကုသရန်အတွက် အပင်တွင်းထဲအထိ စုပ်ယူပျံ့နှံ့နိုင်သော အဇိုဆီစထရိုဘင် + ဒိုင်ဖီနိုကိုနာဇိုးလ်(Azoxystrobin + Difenoconazole) သို့မဟုတ် Dimethomorph +Cymoxanil ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကိုသာ အခြားဆေးများနှင့် မရောစပ်ဘဲ သီးသန့်ခွဲဖြန်းပေးရပါမယ်။ ဆေးဖြန်းရာတွင်လည်း အပင်က ဆေးလောင်ခြင်းမဖြစ်စေရန် နေပူပြင်းချိန်ကိုရှောင်၍ ညနေခင်းတွင်သာ ဖြန်းပေးသင့်ပြီး စိုက်ခင်းအတွင်း ရောဂါရနေသော အရွက်ဟောင်းများကို ဆွတ်ခူးမီးရှို့ဖျက်ဆီးခြင်းဖြင့် ရောဂါကူးစက်မှုကို အမြန်ဆုံး ဖြတ်တောက်နိုင်ပါတယ်။ရောဂါကျအစိတ်ပိုင်းများဖယ်ရှားပြီး အစိုဓာတ်မများအောင်ဂရုစိုက်ပေးပြီး ဆေးတကြိမ်ဖျန်းပြီး ဆက်လက်ပျံ့ပွားခြင်းရှိမရှိစောင့်ကြည့်ပါခင်ဗျာ၊ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

ခင်ဇော်ဝင်း
ခင်ဇော်ဝင်း 1,761 လွန်ခဲ့သော ၈ နာရီ က

ပိုးဆေးမဖြန်းခင်ကတည်းကဖြစ်နေပါတယ်ဆရာခင်ဗျ

သော်ဇင်
သော်ဇင် 427,511 လွန်ခဲ့သော ၁၁ နာရီ က

@ခင်ဇော်ဝင်း ယခု မုန်ညင်းရွက်များ နေလောင်သလို ကွက်ပျောက်များ ဖြစ်သွားရခြင်းမှာ ဓာတုဆေးလောင်ခြင်းကြောင့် ဖြစ်ဖို့ အလွန်များပါတယ်။ Chlorpyrifos ကဲ့သို့ အဆီအခြေခံ (EC) ပိုးသတ်ဆေးနှင့် အမိုင်နို ရွက်ဖျန်းအားဆေး၊ အနည်းလိုအာဟာရ (ဝိစာရကွန်ဘီ) စသည်တို့ကို တစ်ပြိုင်နက်တည်း ရောစပ်ဖျန်းလိုက်ခြင်းကြောင့် ဓာတုဓာတ်ပြုမှုပြင်းထန်ပြီး အပင်နုများ မခံနိုင်ဘဲ လောင်သွားခြင်း ဖြစ်ပါတယ်။ ထို့အပြင် နေပူချိန်တွင် ဖျန်းမိပါက ပိုမိုဆိုးရွားစေတတ်တယ်။ ယခုအခြေအနေတွင် ဓာတုဆေးဖျန်းခြင်းအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး အပင်တွင်း အဆိပ်အတောက် ပြေပျောက်စေရန် ရေမှန်မှန်လောင်းပေးရမယ်။ အပင် စိတ်ဖိစီးမှု သက်သာပြီး အမြန်အားပြန်ပြည့်စေရန် ပင်လယ်ရေမှော်ရည် (Seaweed extract) သို့မဟုတ် အမိုင်နိုအက်ဆစ် တစ်မျိုးတည်းကိုသာ နှုန်းထားလျှော့၍ ညနေအေးချိန်တွင် သီးသန့်ဖျန်းပေးသင့်ပါတယ်။ နောင်တွင် ဆေး ၂ မျိုးထက် ပိုမရောရန်နှင့် နေပူချိန် ဆေးဖျန်းခြင်းကို အထူးရှောင်ကြဉ်ရန် လိုအပ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

Soe Moe
Soe Moe 1,231 လွန်ခဲ့သော ၁၁ နာရီ က

ဆေးပြင်းသွားလို့ ဆေးလောင်တာ၊ ပိုးသတ်ဆေး အားဆေးတွေ ရောစပ်ဖျန်းလို့ ဓာတ်ပြောင်းသွားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက် ရာသီဥတုပူတာကြောင့်လည်း ပါလိမ့်မယ်။ ရေဖျန်းပြီး တင်နေတဲ့ဆေးတွေကို ဆေးချပါ။ ဟျူးမစ်အက်စစ်ဖျန်းပေးပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။