ဖြေကြားချက် ၁ ခု
@မျိုးလှိုင် အီးအမ်အပြင်း (CEM) တွင် အက်ဆစ်ဓာတ် (pH ၃.၅ မှ ၄ ဝန်းကျင်) မြင့်မားစွာပါဝင်သောကြောင့် ရေမရောဘဲ အစိမ်းလိုက် တိုက်ရိုက်လုံးဝ မဖျန်းရပါဘူး၊ တိုက်ရိုက်ဖျန်းပါက ကော်ဖီရွက်နုနှင့် အဖူးများ အပူလောင် ပျက်စီးနိုင်ပါတယ်။ ကော်ဖီရွက်ဖျန်းရန်အတွက် ရေသန့် ၅၀၀ မှ ၁၀၀၀ ဆ (၄ ဂါလံ/လီတာ ၂၀ ဆေးဖျန်းပုံးတစ်ပုံးလျှင် အီးအမ်အပြင်း ၂၀ မှ ၄၀ စီစီခန့်) ရောစပ်ပက်ဖျန်းရမည်ဖြစ်ပြီး၊ အပင်ခြေနှင့် မြေကြီးလောင်းရန်အတွက်မူ ရေ ၂၀၀ မှ ၅၀၀ ဆအထိ ရောစပ်သုံးစွဲနိုင်ပါတယ်။ ထို့ပြင် ဧကများပါက ကုန်ကျစရိတ်သက်သာစေရန် အီးအမ်အပြင်း ၁ ဆ + တင်လဲရည် ၄ ဆ + ရေ ၉၅ ဆ ရောစပ်ကာ ၅-၇ ရက်ခန့် အရိပ်ထဲတွင် အချဉ်ဖောက်ပြီး အသင့်သုံးအီးအမ် ပွားယူနိုင်ပါတယ်။ ဖျန်းသည့်အခါ နေပူချိန်ကို ရှောင်၍ နံနက်စောစော သို့မဟုတ် ညနေနေအေးချိန်တွင်သာ ဖျန်းရန်နှင့် ဓာတုဆေးဝါးများ၊ ကလိုရင်းပါသော ရေများနှင့် တွဲဖက်အသုံးမပြုရန် အထူးသတိပြုရပါမယ်။ကော်ဖီအရွက်ဖျန်းရန်အတွက် လီတာ ၂၀ ဆေးဖျန်းပုံးတစ်ပုံးလျှင် အီးအမ်အပြင်း(CEM) ၂၀ မှ ၄၀ စီစီခန့်ရောစပ်ပက်ဖျန်း ပေးလို့ရပါမယ်ခင်ဗျာ။ ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရှမ်းပြည်နယ်၊မိုင်းနောင်မြို့ကပါခင်ဗျာ ကော်ဖီစိုက်ပျိုးရေး နည်းလမ်း၊နည်းစနစ် သိချင်လို့ပါ
ဖြေကြားချက် 3 ခု
Original effective microorganism (OEM)ကနေ Concentrate effective microorganism (CEM)ကိုဘယ်လိုဖေါ်စပ်ရသလဲဆိုတာ...
ဖြေကြားချက် 2 ခု
ဘိုကာရှီ မြေဆွေးအိတ်တွေမှာပါလေ့ရှိတဲ့ ပါ၀င်ပစ္စည်းတွေထဲမှာ C:N ratio အကြောင်းလေးသိချင်လို့ပါရှင့်။ C:N ratio...
ဖြေကြားချက် 3 ခု
မူလEMကနေEMအပြင်းကိုဘယ်လိုဖေါ်စပ်ရပါသလဲ။
ဖြေကြားချက် 2 ခု
ပျိုးပင် အရွက်ဝါပြီး ရွှက်ဖျားခြောက်နေခြင်းကို ဘာဓာတ်လိုအပ်တာလဲ? ဘယ်လိုကာကွယ်ရမလဲ?
ဖြေကြားချက် 2 ခု