ဖြေကြားချက် ၃ ခု
@ko san အယ်နီညိုရာသီဥတုတွင် အပူချိန်မြင့်မားပြီး မြေတွင်းအစိုဓာတ် လျင်မြန်စွာ ကုန်ခမ်းတတ်သောကြောင့် သက်ကြီးမျိုးများထက် အသက်ရင် (သက်လျင်) မတ်ပဲမျိုးများ ကိုသာ ဦးစားပေးစိုက်ပျိုးသင့်ပါတယ်။ သက်လျင်မျိုးများဖြစ်သည့် ရေဆင်း (၄) (အသက် ၆၅-၇၀ ရက်) နှင့် ရေဆင်း (၂) (အသက် ၇၀-၇၅ ရက်) တို့သည် မြေအစိုဓာတ် မကုန်ခင် အသီးရင့်မှည့်နိုင်သဖြင့် မိုးခေါင်ရေရှားဒဏ်ကို ရှောင်လွှဲနိုင်ပါတယ်။ ထို့ပြင် အပူချိန်မြင့်ချိန်တွင် ရွက်ဝါရောဂါ သယ်ဆောင်သည့် ယင်ဖြူပိုး ကျရောက်မှုများတတ်သဖြင့် ရွက်ဝါရောဂါဒဏ်ခံနိုင်ပြီး အသက် (၇၅-၈၅) ရက်ခန့်ရှိသော ရေဆင်း (၇) သို့မဟုတ် TBL-9 မတ်ပဲ မျိုးများကို စိုက်ပျိုးနိုင်ရင်ပိုေကာင်းပါတယ်။ စိုက်ပျိုးရာတွင် အစိုဓာတ်မပြန်ခင် စောစောစိုက်ပျိုးခြင်း၊ ကောက်ရိုးဖုံးအုပ်ခြင်းနှင့် စုပ်စားပိုးများကို ကြိုတင်ကာကွယ်ခြင်းတို့ကို ဂရုပြုလုပ်ဆောင်သင့်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မတ်ပဲ၄၅ရက်သား မှာ အရွက်အဲ့လိုဝေးဝေးတစ်ပင်ဖြစ်ေနတယ် တစ်ပင်လုံးမဖြစ်ဘဲ အရွက်တစ်ကိုင်းကညိုးကျနေတယ် နောက်တစ်...
ဖြေကြားချက် 4 ခု
မတ်ပဲ တစ်လနဲ့၂ရက်ပါ ကိုင်းသိပ်မထွက်လို့ Nအချိုးပါတဲ့ရွက်ဖျန်းအားဆေးဖျန်းလို့ရသေးလားဗျ
ဖြေကြားချက် 1 ခု
အပင်အားဆေးဖျန်းပီး၅ရက်ကြာရင်မှိုဆေးဖျန်းလို့အဆင်ပြေနိုင်လားဆရာ အားဆေးကlucky7 +3ပါမှိုဆေးက ဟက်ဇာကိုနာဇိုးပါအား...
ဖြေကြားချက် 2 ခု
ဆေးလှောင်တာတို့ အပူချိန်များချိန်မှာ ec ဆေးမျိုးဖျန်းမိပီး အပင်ညိုးတာမျိုးစို ဘာလိုကုသရမလဲ ဘယ်aiတွေသုံးသင့်လဲ
ဖြေကြားချက် 2 ခု
ဲမိုခါပဲ 37ရက်သားရှိနေပြီ ပွင့်ထွေးမတွေ့ရသေးပါ30ရက်သားလောက်က. ရွှေမိုးငွေမိုး(အား ဆေး)ဖြန်းပြီး3ရက်လောက်နေတော့...
ဖြေကြားချက် 2 ခု