အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,367
လွန်ခဲ့သော ၆ နှစ် က · ချမ်းမြသာစည်

ကျွန်တော်ကစိုက်ပျိုးရေးကို တကယ့်မြေပြင်မှာ ထဲထဲဝင်ဝင်လုပ်‌နေတဲ့သူ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်မကြာခဏကြားဖူးနေတာတ...

ကျွန်တော်ကစိုက်ပျိုးရေးကို တကယ့်မြေပြင်မှာ ထဲထဲဝင်ဝင်လုပ်‌နေတဲ့သူ မဟုတ်ဘူးခင်ဗျ။ ကျွန်တော်မကြာခဏကြားဖူးနေတာတချို့ကို မရှင်းလို့မေးချင်လို့ပါ။ Organic စိုက်ပျိုးနည်းဆိုတာ မြေဆီမြေလွှာပြုပြင်တဲ့နေရာမှာရော၊ အပင်အတွက် ရေနဲ့အာဟာရကျွေးတဲ့နေရာမှာရော၊ နောက်ဆုံးပိုးကျခဲ့ရင်ဖြေရှင်းတဲ့နေရာမှာပါ လုံးဝအစအဆုံး Chemical အကူအညီမယူဘဲ သဘာဝနည်းကျ စိုက်ပျိုးတာကိုဆိုလိုတာ ဟုတ်တယ်မလားဆရာတို့? ဟုတ်ရင်တော့ ကျွန်တော်က အဲလိုနည်းလေးကို တော်တော်သဘောကျတယ်ဗျ။ ဒါပေမယ့် စိုက်ပျိုးရေး Group နေရာတော်တော်များများမှာ တီစူပါတို့၊ ယူရီးယားတို့၊ ၁၅ပတ်လည်တို့စတာတွေလဲကြားဖူးတယ်ခင်ဗျ။ အဲဒါတွေက Chemical နည်းနဲ့ထုတ်ထား‌တာတွေလား? အဲဒါတွေသုံးရင် Organic မဖြစ်တော့ဘူးဆိုတဲ့သဘောလားခင်ဗျ? နောက်ပြီး အပင်တော်တော်များများနဲ့ပက်သက်ပြီး စိုက်ပျိုးနည်းစနစ်တွေကိုကြည့်တဲ့အခါ အပွင့်ပွင့်ခါနီးကို တီစူပါကျွေးရမယ်တို့၊ အသီးတင်ချင်ရင် Phosphorus (P) ကျွေးရမယ်တို့၊ အပင်ဘယ်လောက်သားရောက်ရင် ၁၀ပတ်လည်တွေ ၁၅ပတ်လည်တွေပေးရမယ်တို့.... စတဲ့နည်းစနစ်တွေကို တော်တော်လေးတွေ့ရတယ်ခင်ဗျ။ အဲတော့ Organic နည်းက သိပ်အလုပ်မဖြစ်ကြလို့လားဗျ? စီးပွါးရေးအရတွက်ခြေကိုက်တာ မကိုက်တာကို ခဏဘေးဖယ်စဉ်းစားမယ်‌ဗျာ၊ နောက်ပြီးကျန်းမာရေးအရကောင်းတာမကောင်းတာကိုပါဘေးဖယ်စဉ်းစားမယ်။ Organic အတိုင်းစိုက်တာနဲ့ လိုအပ်တဲ့ Chemical ကျွေးစိုက်တာမှာ တခြားအချက်တွေအကုန်ဖယ်စဉ်းစားရင် ထွက်လာမယ့်ရလဒ်တူနိုင်လားခင်ဗျ? တူအောင်စိုက်လို့ကောရလား? သိတဲ့ဆရာတို့ ရှင်းပြပေးပါဦးခင်ဗျ။

အပင်အာဟာရ ဟင်းနုနွယ်
4

ဖြေကြားချက် ၄ ခု

79,224 လွန်ခဲ့သော ၆ နှစ် က

အရမ်းကောင်းတဲ့ဆွေးနွေးချက်တွေအတွက် အစ်ကိုတို့ ၂ ယောက်လုံးကိုကျေးဇူးပါရှင် ။

111,325 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးရေးအတွက် စိုက်ပျိုးစရာ အပင်များ တစ်နှစ်ပတ်လုံးရှိ‌ေနပါတယ်။ဖန်တီးယူ၍ ရသော သဘောသည် အတိုင်းတာတစ်ခုထိသာဖြစ်နိုင်သည် ထုတ်ကုန်ဖြစ်ဖို့ဆိုလျင် သဘာဝဖြစ်တည်နေသော ရေမြေရာသီဥတုတို့ကို ဆန့်ကျင်ပြီးဖန်တီး၍ မရနိုင်ပါ။သဘာဝရေမြေနှင့် လိုက်လျောညီထွေးသော အလိုက်သင့်ဖန်တီးမှုမျီုကိုသာဖန်တီးယူလို့ရနိုင်ပေသည်။အစ္စရေးသည် ကန္တာရစိုက်ပျိုးရေးကို ဖန်လုံအိမ်စနစ်ဖြင့် ခင်ကျင်း ပြဆိုခဲ့ဖူးသည်။ထိုသို့ ပြဆို့ရန်အတွက် မျိုးစေ့များကို ကာလကြာရှည်စွာ ဗီဇကို ပြောင်းလွဲရယူနိုင်အောင် ကြိုးစာခဲ့ရပေလိမ့်မည်။သို့သော်လည် ထုပ်ကုန်ထုပ်လုပ်ဖိုအထိ မစွမ်းနိုင်ပါ။ယနေ့ကမ္ဘာသည် ပို့ဆောင်ဆက်သွယ်ရေးမြင့်မား‌သည့်ခေတ်ကို ရရှိနေပါပြီ။ကုန်ပစ္စည်းဖလှယ်မှုစနစ်ကိုမြင့်မားလာအောင်လုပ်ဆောင်နိုင်ဖို့က လူသားအချင်းချင်း အပြန်အလှန်နားလည်မှုတစ်ခုသာလိုပါသည်။စိတ်ကူးတွေကိုဖန်တီးတာထက် ပိုလက်တွေ့ကျကျကျင့်သုံးသော ကုန်သွယ်ရေးစနစ်များက ပိုမိုကောင်းမွန်သော လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်သော အခြေနေမျိုးရရှိနေပြီဖြစ်သည်။

4,367 လွန်ခဲ့သော ၆ နှစ် က

ဒါဆို လုံးဝကို Organic ဖြစ်နိုင်ရင်တော့အကောင်းဆုံးဆိုပေမယ့် Organic ကိုအခြေခံပြီး ဓါတုမြေဩဇာကို အန္တရာယ်အကင်းဆုံးနဲ့ရလဒ်အကောင်းဆုံးဖြစ်အောင် ဉာဏ်နဲ့ချင့်ချိန်သုံးတာလဲမမှားဘူးပေါ့နော်။ နောက်ပြီးအပင်တစ်မျိုးအတွက်တစ်နှစ်မှာတစ်ရာသီ တစ်ကြိမ်ပဲကြိုးစားခွင့်ရှိတာမဟုတ်ဘဲနဲ့ အချိန်မရွေးစိုက်လို့ရနိုင်တယ်ဆိုရင် (အကြိမ်ကြိမ်စမ်းသပ်စိုက်ပျိုးခွင့်၊ မှားယွင်းခွင့်၊ ပြင်ဆင်ခွင့်သာရမယ်ဆိုရင်) 100%Organic ထွက်ကုန်ရဖို့အရေး ပိုကြိုးစားလို့ကောင်းတဲ့သဘောပေါ့။ ပတ်ဝန်းကျင်အပူချိန်၊ အအေးနှုန်း၊ စိုထိုင်းဆ စတာတွေကို ရအောင်ဖန်တီး‌ယူနိုင်ရင် ဘယ်ရာသီမှာ ဘာအပင်စိုက်ရမယ်လို့မရှိတော့ဘဲ စိတ်ကြိုက်တစ်နှစ်ပတ်လုံးစိုက်လို့ရပြီထင်တယ်ခင်ဗျ။

111,325 လွန်ခဲ့သော ၆ နှစ် က

အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ သဘာဝနည်းနှင့်စိုက်ပျိုးထုပ်လုပ်တာပါ။မြေရဲ့သဘာဝ မြေဩဇာရဲ့သဘာဝတွေကို အချိုးကျသုံးစွဲတဲ့အခါမှာ အော်ဂဲနစ်နည်းပညာကိုအခြေပြုခြင်းက ထွက်ကုန်တို့၏ အရသာ အရည်သွေး မြေရဲ့အရည်သွေး အဟာရဓါတ်မျှတမြင့်မားမှု စတာတွေပါဝင်ပါတယ်။ အော်ဂဲနစ်အခြေခံစိုက်ပျိုးမှုစနစ်သည် သဘာဝမြေဩဇာတို့၏ အတိုင်းအဆနှင့် ဖြစ်ထွန်းမှု သဘာဝအရှိအမှန်ကိုအမြဲပြဆိုပါတယ်။ဓါတုမြေဩဇာကို လိုအပ်၍ သုံးစွဲမည်ဆိုရင်လည်း ပမာဏအတိုင်းအဆတို့၏သင့်တော်သောနုန်းထားကို အော်ဂဲနစ်ကိုအခြေခံ၍ပိုင်းခြားရပေသည်။ ဓါတု‌‌ေမြသြဇာအလွန်ကြူးသုံးစွဲခြင်းမပြုမိရန် နှင့် မြေယာတို့ အရှည်သဖြင့် ရပ်တည်စိုက်ပျိုးဖြစ်ထွန်းရန် ကျန်းမာရေးနှင့်ညီညွှတ်သော အဟာရဖြစ်တည်မှု နှင့်အရသာဖြစ်တည်မှုတို့ကို တိုင်းထွာကြည့်မြင်နိုင်ဖို့ဆိုရင် အော်ဂဲနစ်စိုက်ပျိုးရေးကို ရှေ့ရှုကြပါတယ်။ ပိုမိုခက်ခဲသော ဩဂဲနစ်စိုက်ပျိုးရေးကို အာရုံမပြုပဲ ဓါတုမြေဩဇာကို စိတ်ဇောသန်စွာအသုံးပြုခြင်း၏ နောက်ဆက်တွဲက မြေကြီးရဲ့အရည်သွေးနှင့်ဩဇာဓါတ်သည် အသီးအပွင့်တို့၏ အရသာ အရည်‌‌ေသွးနှင့်စားသုံသူကို အကျိုးသက်ရောက်မှုတိုက်ရိုက်ဖြစ်စဉ်ရှိခြင်းကြောင့် အော်ဂဲနစ်သည် စိုက်ပျိုးရေးကိုတိုင်းထွာနေသော စားသုံးသူ၏ စစ်မှန်သောတန်ဖိုးပေတံမျိုးဖြစ်သည်။ စိုက်ပျိုးရေးသည် လူတော်တော်များများက တွေ့ထိနားလည်ကြသော၊ သိမြင်ကြည့်၍ရနိုင်သော၊ နေ့စဉ်ဘဝကို အထူးပြုသော လုပ်ငန်းစဉ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် အခြေပြုစိုက်ပျိုးသူ၏ စံနုန်းသတ်မှတ်ချက်က အော်ဂဲနစ်စိုက်ပျိုးမှုကို အခြေပြုထားလျက် ဓါတုမြေဩဇာသုံးစွဲမှုကို အတတ်နိုင်ဆုံးလျော့ချနိုင်ရန်ကြိုးစားကြည့်နေခြင်းကပင်လျှင် စိုက်ပျိုးရေး၏ အကောင်းဆုံးကြိုးစာနေမှုဖြစ်သည်။ အော်ဂဲနစ်အခြေခံသူတို့သည် မလိုအပ်သော အကျိုးသက်ရောက်မှုများကို ရှောင်ရှားပြီး၊ ဓါတုမြေဩဇာတို့၏ အတိုင်းအဆနှင့် အချိုးအစားပမာဏတို့ကို ကောင်းစွာတွက်ဆနိုင်သူများဖြစ်လာကြသည်။စိုက်ပျိုးရေးရဲ့ ရလဒ်ဆိုတာက စိုက်ပျိုးနေဆဲအချိန်ကာလတစ်ခုမှာအပင်တို့ကို အပိုင်ခြားပြုရန် တစ်ရာသီမှာ တစ်ကြိမ်သာအခွင့်ရေးရကြတာပါ။အနှစ်နှစ်ဆယ်စိုက်ပျိုး‌ေရးကိုလုပ်ကိုင်ခဲ့သူတစ်ယောက်ဟာ ဘဝမှာ ရေ‌ေလ‌ေနမြေရာသီဥတုနှင့်ယှည်လျှက်ဖြစ်သော စိုက်ပျိုးသစ်ပင်တို့ကို အကြိမ်နှစ်ဆယ်လောက်ပဲ ဆုံးဖြတ်ခွင့်ရထားသူလို့ဆိုရမှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အိမ်မှာဟင်းနုနွယ်မျိုးစေ့လေးရှိလို့ ပန်းအိုးလေးထဲမြေဆွေးလေးနဲ့သေချာစိုက်ထားပါတယ် မျိုးစေ့ကိုရေစွတ်၊ အိတ်အပါး...

ဖြေကြားချက် 1 ခု

အပင်တွေအတွက် ရေပေးဖို့တကယ်လိုအပ်တဲ့အချိန်က ဘယ်အချိန်ဖြစ်မလဲခင်ဗျ? ကျွန်တော်ကဝါသနာပါလို့အိမ်မှာစိုက်ရုံပဲဆို...

ဖြေကြားချက် 4 ခု

လေ့လာဖူးသလောက်ပေါ့နော် ‌မြေဆီမြေလွှာကောင်းအောင် သဘာဝနည်းကျပြုပြင်ယူကြတဲ့အခါမှာ ကိုယ်ဖြစ်လာစေချင်တဲ့ NPK အချိုး...

ဖြေကြားချက် 4 ခု

ကျွန်တော်တို့မြောင်းမြမြေမှာဘာပင်မှစိုက်မရတာလား။ဘာပင်ထောက်ကြည့်၂တစ်ခုမှမပေါ်ဘူး။ဘယ်လိုဖြစ်လို့တုန်း။

ဖြေကြားချက် 1 ခု

ဒီအချိန်မှာ ရာသီ သီး၏နှံတွေ ဘာများစိုက်ပျိုးသင့်ပါသလဲ ခဗျ..... (နေပြည်တော် ပုဗ္ဗနယ်ပါ လယ်မြေအမျိုးအစားပါ ခဗျ.....

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။