လေ့လာဖူးသလောက်ပေါ့နော် မြေဆီမြေလွှာကောင်းအောင် သဘာဝနည်းကျပြုပြင်ယူကြတဲ့အခါမှာ ကိုယ်ဖြစ်လာစေချင်တဲ့ NPK အချိုး...
လေ့လာဖူးသလောက်ပေါ့နော် မြေဆီမြေလွှာကောင်းအောင် သဘာဝနည်းကျပြုပြင်ယူကြတဲ့အခါမှာ ကိုယ်ဖြစ်လာစေချင်တဲ့ NPK အချိုးအစားအလိုက် ရည်မှန်းတွက်ချက်ပြီးတော့ အပင်နဲ့တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေ လိုအပ်သလိုထည့်ကြတယ်။ မြေဆွေးလုပ်ဖို့ပေါ့။ အဲလိုထည့်ကြတဲ့အခါ ဒီအတိုင်းချည်းမြေကြီးနဲ့တခါထဲရောမွှေထည့်ပြီး စိုက်လိုက်ကြတာလဲရှိတယ်၊ တမင်ဆွေးအောင်ပုံထားပြီး ဆွေးမှထည့်ကြတာလဲရှိတယ်။ ဆွေးဖို့အတွက်ကိုလဲ EM လိုဟာမျိုးသုံးပြီးလုပ်ကြတာလဲရှိတယ်။ ဆိုတော့ အပင်နဲ့တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေက ဆွေးမြေ့သွားတဲ့အခါကျမှ သူတို့ထဲမှာရှိနေတဲ့ NPK အချိုးအစားက မြေမှာပျော်ဝင်နိုင်တာလားခင်ဗျ? နောက်တစ်ခုက EM မှာပါတဲ့ အကျိုးပြုဇီဝပိုးလေးတွေက အပင်နဲ့တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေကိုလျှင်မြန်စွာေဆွးမြေ့အောင်လုပ်ပေးပြီး အပင်ကစုပ်ယူစားသုံးနိုင်မယ့်အာဟာရအဖြစ်ပြောင်းပေးတယ်ဆိုတော့... တကယ်လို့သာ သဲမြေမှာလိုစိုက်ထားတဲ့အပင်ကို EM လောင်းပေးရင် ဘာမှဆွေးမြေ့အောင်လုပ်ပေးစရာမရှိတော့ စိုက်ထားတဲ့အပင်ရဲ့အမြစ်ကပဲ ဆွေးသွားမှာလားခင်ဗျ?