အိမ်မှာဟင်းနုနွယ်မျိုးစေ့လေးရှိလို့ ပန်းအိုးလေးထဲမြေဆွေးလေးနဲ့သေချာစိုက်ထားပါတယ် မျိုးစေ့ကိုရေစွတ်၊ အိတ်အပါး...
အိမ်မှာဟင်းနုနွယ်မျိုးစေ့လေးရှိလို့ ပန်းအိုးလေးထဲမြေဆွေးလေးနဲ့သေချာစိုက်ထားပါတယ် မျိုးစေ့ကိုရေစွတ်၊ အိတ်အပါးလေးထဲထည့်ပြီး အနွေးဓါတ်ရတဲ့အံဆွဲထဲထည့်ထားလိုက်တာ ၃ရက်မြောက်ကျတော့ အညှောင့်တွေအရှည်ကြီးပေါက်လာရော။ ဒါနဲ့ဆက်မထားတော့ဘဲ ခုနကပန်းအိုးလေးတွေထဲရွှေ့ပြီးစိုက်ထားလိုက်တယ် (အစေ့သေးတော့ ရွှေ့ရတာလက်ပေါက်ကပ်တယ်၊ အစကတည်းက အိုးထဲစိုက်ပြီးမြေပါးပါးဖုံးလိုက်ရင်ကောင်းသားလို့တွေးမိသေးတယ်) တဖြည်းဖြည်းနဲ့အပင်ဖြစ်လာတယ်ပေါ့။ ဒါပေမယ့်အပင်ကကြီးမလာဘဲ ၂လက်မလောက်လေးနဲ့တန့်နေတယ်။ အဲဒါနဲ့စာရှာဖတ်တော့ ဟင်းနုနွယ်ဆိုတာပူနွေးသောရာသီကိုကြိုက်တယ်ဆိုတာတွေ့တော့ ခုနကပန်းအိုးကို ညဦးပိုင်းကနေ မနက်စောစောအထိ ပလတ်စတစ်နေ့တိုင်းအုပ်ပေးလိုက်တာ ၁ပတ်အတွင်းသိသိသာသာပြန်ကြီးလာတယ်။ (သူလဲလူလိုပဲ ချမ်းတတ်တယ်ထင်တယ်) နောက်ပြသနာတစ်ခုက အရွက်တွေကစိမ်းမနေပဲ အစိမ်းနုရောင်ဖြစ်၊ အဲဒီကနေမှတဖြည်းဖြည်းပိုပြီးဝါတဲ့ဖက်သန်းလာလို့ စာထပ်ရှာဖတ် video link တွေဝင်ကြည့်တဲ့အခါကျတော့ ဖြစ်နိုင်ချေတချို့ကို အဖြေရတယ်ပေါ့။ ၁။ ရေပေးတဲ့ပုံမမှန်တာ (နည်းတာ၊ များတာ ဖြစ်မှာပေါ့လေ) ၂။ အာဟာရပေးတာမမှန်တာ (ဒါလဲများလွန်းသွားတာ၊ နည်းလွန်းချို့တဲ့လွန်းသွားတာ ဖြစ်မှာပေါ့) ၃။ ပိုးတွေကြောင့်ဖြစ်တာ (ဒါတော့ကျွန်တော်ကောင်းကောင်းမသိဘူးဗျ၊ ကျွန်တော်က အိုးနဲ့ပဲစိုက်တာဆိုတော့) အနှစ်ချုပ်ကြည့်တာတော့အဲဒါတွေပဲတွေ့တယ်။ ရှိသေးရင် ထပ်ဖြည့်ပေးကြပါဦးဆရာတို့။ မှတ်ချက်။။ ။ အာဟာရချို့တဲ့တာနဲ့ပက်သက်ပြီးတော့ အများစုဖြစ်တာက သံဓါတ်ချို့တဲ့လို့ အရွက်ဝါတာခင်ဗျ။ တချို့ကလဲ Folic Acid ဆိုတဲ့သံဓါတ်အားဆေးပြားတွေ အပြင်ဆေးဆိုင်ကဝယ်ကြိတ်ပြီး ရေဖျော်အပင်လောင်းပေးကြတယ်။ Youtube ထဲမှာတွေ့တာကျတော့ သံချေးကိုက်နေတဲ့သိချောင်းကိုရေထဲထည့်လှုပ်ခါတဲ့အခါ သံချေးရည်ရတယ်၊ အဲ့အရည်ကိုလောင်းပေးကြတယ်။