အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,204
လွန်ခဲ့သော ၆ နှစ် က · ဒဂုံမြို့သစ်မြောက်ပိုင်း

ခဝဲပင်အသီးအပွင့်လိုက်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ

အပင်အာဟာရ ခဝဲသီး
Post image
Post image
1

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 95,063 လွန်ခဲ့သော ၆ နှစ် က

မြေသြဇာထည့်သွင်းခြင်း ခဝဲပင်ကို မြေဩဇာကောင်းသောနေရာများတွင် စိုက်ပျိုးကြသည်။ သဘာဝမြေဆွေးကို မစိုက်ပျိုးမီ ထည့်ပေးရသည်။ ဓာတ်မြေသြဇာကို လိုအပ်မှသာ စိုက်တန်းမှ ထည့်ပေးရသည်။ မြေဆီလွှာအစိုဓာတ်အမြဲရရှိရန် လိုအပ်သည်။ လိုအပ်၍ ရေသွင်းရလျှင် တစ်ပေါင်ခြားရေသွင်းရသည်။ မြောင်းအနက်၏ ၂/၃ ပုံသာ ရေပြည့်အောင်သွင်းရသည်။ ပေါင်ပေါ် ရေလျှံမတက်ရပါ။ ခဝဲ တစ်ဧကလျှင် နွားချေးဆွေး လှည်း ၁၀ စီးမှ အစီး ၂၀၊ ပုလဲ(၁-၂) အိတ်၊ တီစူပါ (၂-၄) အိတ်၊ ပိုတက်ရှ်မြေသြဇာ ၁၂ အိတ်ထည့်ပေးသင့်ပြီး သဘာဝမြေဆွေး၊ ကြက်ချေး၊ နွားချေး၊ တီစူပါဓာတ်မြေသြဇာကိုရော၍ စိုက်ပေါင်တွင်း သမအောင်မွှေ၍ ထည့်ပေးရမည်။ အသီးစတင်သီးချိန်တွင်ပုလဲ၊ ပိုတက်ရှ်နှင့် နွားချေးဆွေးတို့ကိုရော၍ ပေါင်အောက်ခြေမှ ပေါင်ထပ်ပြီး အစာထပ်မံကျွေးရပါမည်။ မြေဩဇာညံ့ဖျင်းသော ဒေသများတွင် ပြာနှင့် နွားချေးအဆွေးများကို မြေဩဇာအဖြစ် အသုံးပြုကြသည်။ မိုးကောင်းစွာ ရွာသွန်းလာသည့်အချိန်ထိ ရေမှန်မှန် လောင်းပေးရသည်။ အချိန်မှန် ပေါင်းသင်ပေးမှ အပင်များ သန်စွမ်းသည်။ ခဝဲစိုက်ပျိုးနည်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။