ဖြေကြားချက် ၁ ခု
ပြောင်းဖူးမျိုးစေ့က ကုမ္ဗဏီတွေက အထုပ်နဲ့ ရောင်းတဲ့ မျိုးစေ့တွေ ဝယ်သုံးကြတယ်လို့ သိရပါတယ်။ ဆိုတော့ အပြိုင်ရောင်းနေကြတော့ မျိုးစေ့တွေက ကောင်းမယ်လို့ ယုံကြည်ပါတယ်။ မျိုးစေ့က အရွယ်အစား ညီညာနေရပါမယ်။ နောက်ပြီး အထုပ်ကို ဖောက်ပြီး အပင်ပေါက်နှုန်း စမ်းကြည့်ပါ။ အစေ့ ၁၀၀ မှာ ၉ ၀ - ၉ ၅ စေ့ အပင်ပေါက်မှသာ ရွေးချယ်ပါ။ အဲဒီအောက်ကျနေရင်တော့ ကုမ္ဗဏီက အစား ပြန်လဲပေးရင် လဲပါ။ မြေကြီပေါ်ရောက်မှ အပင်မပေါက်ရင်တော့ ကုမ္ဗဏီဘက်က အရည်အသွေးမကောင်းရင်လည်း အခြားအကြောင်းအရင်တွေကြောင့်လို့ အပြောခံရပါလိမ့်မယ်။ အဆင်ပြေကြပါစေ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးသီးနံမှာ urea ကို မြေခံထည့်သင့်သလား
ဖြေကြားချက် 1 ခု
ရေပြတ်လို့စပါးပင်တွေဝါပြီးပင်မပွားနိုင်တာကိုဘယ်လိုပြုပြင်ရမလဲဗျာ
ဖြေကြားချက် 2 ခု
Agricultura နဲ့ဆိုင်တဲ့ Combine harvester တွေရဲ့အကြောင်းသိချင်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိသုံးနေတဲ့..စက်တွေရဲ့...
ဖြေကြားချက် 1 ခု
နှမ်းတစ်ဧကတင်း၂၀ထွက်ရှိရန်လိုက်နာရမဲ့နည်းလမ်းသိချင်ပါတယ်။
ဖြေကြားချက် 1 ခု
မြေ နိမ့် ချောင်းကနေ တောင်ကုန်း ေ ပ ၅၀ လောက် မီးမရှိပဲရေတင်ချင်လို့
ဖြေကြားချက် 0 ခု