အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

Agricultura နဲ့ဆိုင်တဲ့ Combine harvester တွေရဲ့အကြောင်းသိချင်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိသုံးနေတဲ့..စက်တွေရဲ့...

Agricultura နဲ့ဆိုင်တဲ့ Combine harvester တွေရဲ့အကြောင်းသိချင်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိသုံးနေတဲ့..စက်တွေရဲ့ အမျိုးအစားလိုက်အသုံးတဲ့မှုအနေအထား....လက်ရှိ..လယ်ယာမြေမျက်နှာသွင်ပြင်အနေအထားနဲ့ဘယ်စက်ဘယ်အမျိုးအစားတွေ အဆင်ပြေနေတယ်ဆိုတာလေးများ...သိချင်ပါတယ်

စိုက်ပျိုးစီးပွား နှံစား သီးနှံ

ဖြေကြားချက် ၁ ခု

12,778 လွန်ခဲ့သော ၈ နှစ် က

ကျွန်တော်က အဲဒီပိုင်းနဲ့ အကျွမ်းတဝင်တော့ မရှိလှပါဘူး။ ဒါပေမယ့် အခု ကျွန်တော်နဲ့ သိတဲ့ လယ်သမားတွေတော့ အဲဒီ ရိတ်သိမ်းချွေလှေ့စက်နဲ့ အဆင်ပြေပြေရိတ်သိမ်းနေကြပါတယ်။ ဈေးနှုန်းသက်သာလှတဲ့ စက်တစ်မျိုးက သိန်း ၆၀-၇၀ လောက်ပဲ ရှိမယ်ထင်ပါတယ်။ တရုတ်နိုင်ငံထုတ်ပါ။ သူကတော့ တောင်သူတွေ မကြိုက်ကြပါဘူး။ စက်အရွယ်အစားက သေးတော့ မြန်မာနိုင်ငံရဲ့ စိုက်ကွက်တွေထဲမှာ ဝင်ဆံ့ပါတယ်။ ဒါပေမယ့် စပါးပင်တွေ ကျန်ခဲ့ခြင်း၊ အသီးကြွေခြင်းတွေကြောင့် ဒီစက်နဲ့ မရိတ်ချင်ကြပါဘူး။ အလုပ်သမားကလည်း ကျန်ရိတ်စက်လောက် ချွေတာလို့ မရပါဘူး။ နောက်တစ်မျိုးက သိန်း (၃၀၀) တန်လို့ ခေါ်ကြတဲ့ စက်ပါ။ အရွယ်အစားက အသင့်တင့်ရှိပါတယ်။ ပြီးရင် စက်ပေါ်မှာလည်း သိုလှောင်ကန်ပါပါတယ်။ တင်း ၁၁၀ လောက်ဆန့်တယ်လို့ ပြောပါတယ်။ ရိတ်သိမ်းခ တစ်ဧက ၃၀၀၀၀ ကျပ်ကျတယ်လို့ ပြောပါတယ်။ ဒီစက်ကိုတော့ တောင်သူတွေ ကြိုက်ကြပါတယ်။ ရိတ်ပြီးတဲ့ စပါးကို သယ်ဖို့ စိုက်ကွင်းဘေးမှာ ထော်လာဂျီတစ်စီးက အဆင့်သင့်စောင့်ပြီး ချွေလှေ့ပြီးစပါးကို သယ်ရုံပါပဲ။ လူအများကြီးလည်း မလိုအပ်ပါဘူး။ နောက်ဆုံးတစ်မျိးကတော့ စိုက်ပျိုးရေးတက္ကသိုလ်တုန်းက တွေ့ဖူးတာပါ။ အရွယ်အစားက တော်တော်ကြီးပါတယ်။ ရိတ်နိုင်တဲ့ နှုန်းကလည်း အရမ်းမြန်ပါတယ်။ ဒါပေမယ့် ကျောင်းက (ဝ.၅၀) ဧက လေးထောင့်စပ်စပ်ရှိတဲ့ အကွက်တွေတောင်မှ ပြန်လှည့်နေရတဲ့ အချိန်က တော်တော် ကုန်တယ်လို့ ခံစားမိပါတယ်။ ဒီတော့ အခြား လေးထောင့်ကျကျ မြေပုံစံ မပြောင်းလဲရသေးတဲ့ တောင်သူအကွက်တွေမှာတော့ အဆင်ပြေမယ် မထင်ဘူးလို့ ခန့်မှန်းမိပါတယ်။ အဲဒီစက်ကြီးရဲ့ ဈေးနှုန်းက သိန်း ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိမယ်လို့တော့ ထင်မိပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။