အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

စပါးသီးနံမှာ urea ကို မြေခံထည့်သင့်သလား

မြေဆီလွှာ နှံစား သီးနှံ

ဖြေကြားချက် ၁ ခု

27,452 လွန်ခဲ့သော ၈ နှစ် က

အခုတော့ ပုလဲကို မြေခံအဖြစ် သုံးဖို့ သုတေသနတွေ လုပ်နေကြပြီလို သိရပါတယ်။ ဒါကလည်း နိုင်ထရိုအဟာရဓာတ်ကို ဖြည်းဖြည်းထုတ်ပေးနိုင်စွမ်းရှိတဲ့ ဓာတ်မြေသြဇာတွေ ပေါ်လာလို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမြေသြဇာတွေက ဈေးကွက်ထဲမှာ ပေါပေါများများ ရလိမ့်မယ်လို့ မထင်သေးပါဘူး။ ကျွန်တော်တို့ အနေနဲ့ကတော့ ပုလဲကို မြေခံအဖြစ် ထည့်ဖို့ အားမပေးပါဘူး။ စပါးပင်က အစေ့ကနေ အပင်ပေါက်ပြီး ၁၄ ရက်ကြာမှ မြေကြီးထဲက အဟာရကို စတင်သုံးစွဲတာပါ။ သာမာန် ပုလဲ မြေသြဇာက မြေကြီးထဲမှာ ၁၄ ရက်ကြာအောင် မနေနိုင်ပါဘူး။ ဒီတော့ မြေခံထည့်သုံးလည်း ရတာနဲ့ ဆုံးရှုံးတာနဲပ မကာမိတဲ့အတွက်ကြောင့် အားမပေးပါဘူး။ ပုလဲထည့်မယ့်အစား ကောင်းကောင်းဆွေးနေတဲ့ နွားချေး၊ သဘာဝမြေသြဇာ များများထည့်ဖို့ပဲ အကြံပြုပါရစေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။