ဖြေကြားချက် ၂ ခု
ပိုက်ရဲ့ အချင်းက လေးလက်မရှိရပါမယ်။ အရှည်က ၁၄ လက်မ (၃၅ စင်တီမီတာ) နဲ့ ပိုက်မှာ ရေဝင်ပေါက်လေးတွေ ဖောက်ပေးရပါမယ်။ မြေကြီးအောက်ကို (ဂ) လက်မလောက် မြုပ်ထားပြီး ရွှေ့စိုက်ပြီး ၂ ပတ်အကြာ၊ ဒါမှမဟုတ် ကြဲပက်စိုက်ပျိုးြ့ပီး ၃ ပတ်အကြာမှ စပြီး ရေအနေအထားကို မှတ်သားသင့်ပါတယ်။ ပိုက်ထဲမှာ ရှိတဲ့ ရေက က မြေကြီးအောက် အနက် (၆) လက်မအောက် ရောက်သွားရင်တော့ ရေကို ၂ လက်မ ထု ရအောင် ပြန်သွင်းပေးဖို့ လိုပါတယ်။ အနှံထွက်တော့ အချိန်မှာတော့ စပါးခင်းကို အမြဲရေဖြည့်ထားဖို့ လိုအပ်ပြီး နို့ရည်တည်တဲ့ အဆင့်ရောက်ရင် AWD နည်းကို ပြန်ကျင့်သုံးနိုင်ပါတယ်။
မေးခွန်းက ခက်တော့ခက်နေတယ်ဗျ။ ရေပြတ်တယ်ဆိုမှတော့ ရေပြန်သွင်းဖို့ပဲ ရှိမယ်ထင်တယ်။ ဒါမှမဟုတ် ရေပြတ်လေ့ရှိတယ်ဆိုရင်တော့ ရေငတ်ဒဏ်ခံနိုင်တဲ့ မျိုးစိုက်တာကို ကောင်းမယ်ထင်တယ်။ ဒါမှမဟုတ် စိုက်ခင်းထဲမှာ ရေထိန်းထားနိုင်အောင် စိုတစ်ခါ ခြောက်တစ်လှည့် စိုက်နည်းလို စိုက်ခင်းအလယ်မှာ ဖြတ်မြောင်းတူးလိုက်ရင် ကောင်းမယ်။ အဲဒါဆို ရေကို ထိန်းထားပြီးသားဖြစ်သွားမယ်။
ဆက်စပ်မေးခွန်းများ
Agricultura နဲ့ဆိုင်တဲ့ Combine harvester တွေရဲ့အကြောင်းသိချင်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိသုံးနေတဲ့..စက်တွေရဲ့...
ဖြေကြားချက် 1 ခု
စပါးပန်းပွင့်ချိန်မှာ ရေပြတ်ရင် အထွက်လျော့လား
ဖြေကြားချက် 2 ခု
အစေ့ထုတ်ပြောင်းစိုက်မလို့ပါ အောက်ပါပေါင်းသတ်ဆေးတွေကိုဘယ်လိုအခြေအနေမှာဘယ်လိုသုံးရမလဲ (1)ဂလိုင်ဖိုဆိတ် (2)ဂရမ်...
ဖြေကြားချက် 6 ခု
စပါးသီးနံမှာ urea ကို မြေခံထည့်သင့်သလား
ဖြေကြားချက် 1 ခု
ပြောင်းဖူးမျိုးစေ့ ကောင်းမကောင်း ဘယ်လိုသိနိုင်မလဲ
ဖြေကြားချက် 1 ခု