အစိမ်းရောင်လမ်း
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ

ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ

AMIA
AMIA 28/08/2026
00:00
00:00

ယခင်က ဂျင်း အများဆုံး ဝယ်ယူနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အောင်ပန်း-တောင်ကုတ် လမ်းကြောင်းမှ တင်ပို့ခဲ့ကြပြီး လက်ရှိတွင် အဆိုပါလမ်းပိုင်းမှတစ်ဆင့် တင်ပို့ရန် အခက်အခဲများရှိနေခြင်းကြောင့် ဂျင်းဈေးကွက် အထိနာနေကြောင်း သိရသည်။

"လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို မတင်ပို့နိုင်တော့တာပါ။ ဒါကြောင့် ဂျင်းဈေးကွက်လည်း အရင်လို မကောင်းတော့ဘူး။ ပြည်တွင်းစားသုံးမှုလောက်ပဲ ရှိတယ်။ ရေကြောင်းလိုင်းနဲ့ပို့ရင်လည်း ကုန်ကျစရိတ်များတယ်။ ဘာပဲဖြစ်ဖြစ် နောက်နှစ်လည်း လျှော့စိုက်ရမယ့် ကုန်စည်တစ်မျိုးပါပဲ" ဟု အောင်ပန်းမှ ကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် မြေဖြူဂျင်းဥမ တစ်ပိဿာလျှင် ၅၀၀ မှ ၇၀၀ ကျပ်ကြားသာရှိပြီး မြေနီဂျင်းဥမ တစ်ပိဿာလျှင် ၁,၀၀၀ မှ ၂,၀၀၀ ကျပ် ပတ်ဝန်းကျင်တွင် ရှိကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိဈေးကွက်မှာ ကမောက်ကမဖြစ်နေပြီး တချို့ကုန်သည်များမှာလည်း အဝယ်နားထားကြကြောင်း သိရသည်။

"လက်ရှိ ဈေးကွက်မှာ ဂျင်းဥမ တစ်မျိုးတည်း ရှိတယ်။ ဈေးကွက်က အရင်နှစ်တွေလောက်တော့ ဘယ်ကောင်းမလဲ၊ ဘယ်ဈေးရမလဲ။ အခြေအနေ မကောင်းတော့ ပြည်ပကို တင်ပို့လို့လည်း မရဘူး။ လျှော့ချစိုက်ပျိုးလိုက်ရင် ဈေးကွက်မှာ ကုန်မပေါတော့ ဈေးရသင့်ရထိုက်တာ ရနိုင်တာပေါ့" ဟု ရှမ်းပြည်နယ်မှ ကုန်စိမ်းရောင်းဝယ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းစားသုံးမှုပမာဏကို ကျော်လွန်ကာ စိုက်ပျိုးထုတ်လုပ်မှုများ ရှိနေသဖြင့် လျှော့ချစိုက်ပျိုးရန် ဈေးကွက်နားလည်သူများက အကြံပြုထားကြသည်။

ဈေးကွက်တွင် မကြာမီ ဂျင်းဥမရာသီ ကုန်ဆုံးကာ ဂျင်းတက်ဝင်ချိန် ရောက်ရှိလာတော့မည်ဖြစ်ပြီး ဂျင်းခြောက်မှာမူ ဝယ်လိုအား အနည်းငယ်ရှိနေသော်လည်း ဈေးမကိုက်သဖြင့် အရောင်းအဝယ် ပါးနေကြောင်းလည်း သိရသည်။

လွန်ခဲ့သောနှစ်များက ဂျင်းဥမ တစ်ပိဿာလျှင် ၇,၀၀၀ မှ ၈,၀၀၀ ကျပ်ကြား ရှိခဲ့ပြီး ယခုအခါ ဈေးအလွန်အမင်း ကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အောင်ပန်းကုန်စည်ဒိုင်သို့ တောင်ကြီး၊ ဟဲဟိုး၊ ပင်းတယ၊ ရွာငံ၊ နမ်းစံ၊ လွိုင်လင်ဘက်မှ ဂျင်းများ ဝင်ရောက်လျက်ရှိပြီး အထွက်နှုန်းများလည်း မြင့်တက်နေကြောင်း သိရသည်။

လက်ရှိတွင် ဂျင်းကို ရှမ်းပြည်နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ တိုက်ရိုက်တင်ပို့နိုင်ခြင်း မရှိသဖြင့် ရန်ကုန်ဘက်မှတစ်ဆင့် သင်္ဘောဖြင့်လည်းကောင်း၊ ကွန်တိန်နာဖြင့်လည်းကောင်း၊ စင်္ကာပူနိုင်ငံမှတစ်ဆင့်လည်းကောင်း တင်ပို့နေကြရကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ကိုဖြိုးဝေမြင့်

ကိုဖြိုးဝေမြင့်

လွန်ခဲ့သော ၁ နာရီ က

လမ်းကြောင်းကဘယ်အချိန်ပွင့်နိုင်ပြီးexportရှိလာနိုင်လဲ

You

ဆက်စပ်မေးခွန်းများ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။