အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆီးဖြုသီး ဆေးဖတ်ဝင်ပုံလေးပါ

ဆီးဖြုသီး ဆေးဖတ်ဝင်ပုံလေးပါ

Green Way
Green Way • 22/01/2018

ဆီးဖြူသီး၏ မျိုးရင်း အမည်မှာ Euphorbiaceae (ကြက်ဆူမျိုးရင်း) ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Emblica officinalis Gaertn Phyllanthusemblica Linn. ဖြစ်ပါသည်။

အခေါ်အဝေါ်များမှာ (က) မြန်မာအမည် ဆီးဖြူ၊ (ခ) အင်္ဂလိပ်အမည် Emblic Myrobalan; Indian Gooseberry၊ (ဂ) ကချင်အမည် Chyahkya;Htakyu၊ (ဃ) ကရင်အမည် Taya၊ (င) ချင်းအမည် Ku-Hlu၊ (စ) မွန်အမည် Sot-Talwe၊ (ဆ) ရှမ်းအမည် Hkam(Mai);Mai-Mak-Hkam စသည်ဖြင့် အခေါ်အဝေါ်အမျိုးမျိုး ခေါ်ဝေါ် ကြသည်။

၁။ ပေါက်ရောက်သည့်ဒေသ။

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ပေါက်ရောက်သည်။ အထူးသဖြင့် အထက်မြန်မာပြည်နှင့် သမအေးပိုင်းဒေသတွင် အမြောက်အမြားပေါက်ရောက် သည်။

၂။ ပေါက်ရောက်ပုံ

သဘာဝအအလျောက်ပေါက်ရောက်သည်။

၃။ အသုံးပြုသည့်အစိတ်အပိုင်း

အသီး၊ အရွက်၊ အစေ့ များကို အများဆုံးအသုံးပြုကြသည်။

၄။ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ဆီးဖြူသီးသည် ချို၊ ချဉ်၊ ဖန်သော အရသာရှိ၏။ အေး၏။ အစာကိုကြေပျက်စေ၏။ ဆီး၊ ဝမ်းမီးကိုတောက်စေ၏။ ဒေါသသုံးပါးကို နိုင်၏။ သွေးကိုဖြစ်စေ၏။ အပူကိုငြိမ်းစေ၏။

၅။ အသုံးပြုပုံ-

အသီး၏ အသုံးပြုပုံ

      

၁။ ဆီးဖြူသီးသည် အသက်ကို ရှည်စေ၏။ ချောင်းဆိုး၊ ပန်းနာ၊ လေနာတို့ကိုပျောက်ကင်းစေ၏။

၂။ သွေးဝမ်းသွားလျှင် ဆီးဖြူသီးအစိမ်းကိုထောင်း၍ အရည်ညှစ်ယူပြီး သံပုရာရည်နှင့်သောက်လျှင် ချက်ချင်းသက်သာပျောက်ကင်းစေသည်။

၃။ ဆီးဖြူသီး အခြောက် သို့မဟုတ် အစိုကို သွေး၍ သံပုရာရည် အနည်းငယ်ထည့်ပြီး အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သောယားယံနာ၊ပွေးညှင်း၊တင်းတိပ်များကိုလိမ်းပေးကပျောက်၏။

၄။ ဆီးဖြူသီးခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်နှင့် နယ်စားက ဆီးပုပ််ရောဂါပျောက်၏။

၅။ ဆီးဖြူသီးခြောက်ကို ငါးရှဉ့်သားနှင့် ချက်စားက ဒူလာသွေးဝမ်းကျရောဂါပျောက်၏။

၆။ ဆီးဖြူသီးကို အညက်ကြိတ်၍ ထိပ်အုံပေးပါက နှာခေါင်းသွေးလျှံခြင်းပျောက်၏။

၇။ တောဆီးဖြူ သို့မဟုတ် တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဥ္စငါးပါးပြုတ်သောက်က ဆီးချိုရောဂါပျောက်ကင်း၏။

အရွက်၏ အသုံးပြုပုံ

    

၁။ အရွက်ကိုရေနှင့် ၃ခွက်တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်းပေးသော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီးကမ်းပြိုဖြစ်ခြင်းများ တစ်ခဏချင်းပျောက်ကင်း၏။

၂။ ဆီးဖြူရွက်နုများကို ပုန်းရည်ဖြင့်ကျွေးခဲ့သော် အစာမကြေခြင်း၊ ဝမ်းသက်ခြင်းများပျောက်ကင်း၏။

၃။ ဆီးဖြူရွက်ကို ကျွမ်းအောင်လှော်ပြီး အုန်းဆီနှင့်ရော၍ ကလေးများ၌ ဖြစ်တတ်သော အနာများကို လိမ်းပေးကပျောက်၏။

၄။ မီးလောင်၊ ရေနွေးပူလောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။

အစေ့၏ အသုံးပြုပုံ

၁။ အစေ့ကို ထုထောင်းခြေပြီးလျှင်ရေနွေးနှင့် ပြုတ်၍ မျက်စိကိုဆေးကြောပေးသော် မျက်စိ၌ဖြစ်သော ရောဂါများ ပျောက်ကင်း သက်သာစေနိုင်၏။

ကိုးကား-မြန်မာ့ဆေးဝါးပင်များ

You

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။