အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အုန်းတစ်ပင်မှ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်း

အုန်းတစ်ပင်မှ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်း

HanPhyoAung
HanPhyoAung • 15/01/2018

ပုံမှန်အားဖြင့်တော့ အုန်းသီးတစ်လုံးက အပင်တစ်ပင် (အညွန့်တစ်ညွန့်) ထွက်ပြီး ပင်စည်တစ်ခုတည်းပဲ ဖြစ်လာလေ့ရှိပါတယ်။ အုန်းသီးမှာ သရက်ကဲ့သို့ အုန်းသီးတစ်လုံးကနေ အပင်များစွာပေါက်တဲ့အလေ့အထ (polyembryonic behavior) ရှိသော်လည်း အပင်ကြီးရောက်မှ အုန်းတစ်ပင်ထဲကနေ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်းကတော့ အတော်တွေ့ရနည်းတဲ့ ပုံမမှန်တဲ့ လက္ခဏာတစ်ခုပါ။ အင်္ဂလိပ်လိုတော့ Abnormal/Forked branching လို့ ပညာရှင်တွေ ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ တချို့ပင်စည်တစ်ခုတည်းကနေ ကိုင်းများစွာဖြာထွက်တာ တွေ့ရသလို တချို့ ပင်စည်တစ်ခုတည်းကနေ အပင်အတော်ကြီးမှ ပင်စည်နှစ်ခုခွပြီး ထွက်သွားတာတွေလည်း ရှိတတ်ပါတယ်။ ပင်စည်နှစ်ခုခွပြီးထွက်သွားတဲ့ အပင်မျိုးကိုတော့ Dichotomous branching လို့ သုံးပါတယ်။

အုန်းပင်မှာ ပင်စည်/ကိုင်းများစွာ ဖြာထွက်ခြင်းဟာ အပင်ကြီးထွားနေတဲ့ ကာလတစ်လျှောက်လုံး ဖြစ်ပေါ်နိုင်ပြီး ပင်စည်ရဲ့ ဘယ်အစိတ်အပိုင်းကမဆို ထဖြစ်တတ်ကြောင်း စာပေတွေမှာ တွေ့ရပါတယ်။ ဖြစ်ရအကြောင်းအရင်းတွေကတော့ အပင်ငယ်စဉ်မှာ အပင်ရဲ့ကြီးထွားနေဆဲအစိတ်အပိုင်း (growing point) ဒဏ်ရာရခဲ့လျှင် ပင်စည် (bole) ဆဲလ်ကွဲပွားမှုကြောင့် adventitious buds ဖြစ်လာပြီး ကိုင်းဖြာသွားတတ်ပါတယ်။ တခြားယူဆကြတာတွေကတော့ အပင်ထိပ်ဖျားပိုင်း (terminal bud) ကို အုန်းပိုး (rhinoceros beetle) ကျရောက်မှုကြောင့်ဖြစ်စေ၊ မိုးကြိုးပစ်လို့ဖြစ်စေ၊ ရောဂါကျလို့ဖြစ်စေ၊ မီးဒဏ်သင့်လို့ဖြစ်စေ၊ မုန်တိုင်းဒဏ်ကြောင့်ဖြစ်စေ ဒဏ်ရာရခဲ့မယ်ဆိုရင်လည်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားတာတွေ တွေ့ရပါတယ်။ များသောအားဖြင့်တော့ ကိုင်းများစွာ ဖြာထွက်နေတဲ့အုန်းပင်ရဲ့ အသီးတွေဟာ အရွယ်အစားသေးပြီး ရောင်းတမ်းဝင် စံမမီတတ်ကြပါဘူး။ ကိုင်းများစွာဖြာထွက်နေတဲ့ အုန်းပင်က အသီးတွေကို ယူပြီး အပင်ပြန်ဖောက်စိုက်ရင် အလားတူ ကိုင်းများစွာ ဖြာထွက်လာမယ့် အပင်တွေ ရနိုင်မလားဆိုတာကို သုတေသနပညာရှင်တွေ မေးခွန်းထုတ်ခဲ့ကြသော်လည်းပဲ ဆောင်ရွက်ထားသောသုတေသနရလဒ်ကိုတော့ မတွေ့ရသေးပါ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ကျမ်းကိုး

၁။ Abnormal branching in coconut

၂။ Coconut (FAO)

၃။ Branched coconut palms and their fertility (Furtado)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

Saung • ဖြေကြားချက် 2 ခု

ပဲပင်ပေါက်ပြီး5ရက်သားမိုးမိသွားတာနိမ့်တဲနေရာရေမြုပ်သွားတယ်အများအားဖြင့်မြင့်တဲနေရာပဲကျန်တယ်အဲဒါဒီအတိုင်းထားသင့်သလားပြန်ထွန်စိုက်သင့်လားစရိတ်ကလဲများတော့အကြံပေးပါဉီး

UTheinAung • ဖြေကြားချက် 1 ခု

စပါးစိုက်ပျိုးရေးမှာ အောင်ရေကိုဘယ်အချိန်ဖြတ်သင့်လဲဗျ

Sai Kaung Myat Kyaw Kyaw • ဖြေကြားချက် 1 ခု

မိုး၄ရက်တနေကုန်မိနေပါတယ် လည်လိမ်စတွေ့နေရပီ ဥပုပ်ပင်စည်ပုပ်လေးတွေစတွေ့နေရပါပီ မိုးလင်းသွားလျှင်ဘယ်ကနေဘာစလုပ်ရမလဲ စီစဥ်တကျပြောပြပေးပါဗျ တနယ်လုံးအတွက်ပါဗျ ကျေးဇူးပါ

sithuaung • ဖြေကြားချက် 1 ခု

စပါးကို ပုလဲမြေသြဇာနဲ့ ထုံးရောပတ်လို့ရမရ သိချင်ပါတယ်

မောင်မြတ်မင်း • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။