နဂါးမောက်သီးမတင်ရတဲ့ အကြောင်းအရင်း
နဂါးမောက်သီးမတင်ရတဲ့ အကြောင်းအရင်းကတော့ အများကြီးရှိနိုင်ပါတယ်။
ပတ်ဝန်းကျင်မြေနေရာအနေအထား
နေရာနဲ့ပတ်သတ်ပြီး ဖြစ်နိုင်ချေရှိတာတစ်ခုကနဂါးမောက်သီးပင်က နေရောင်ကိုကြိုက်ပါတယ်။ နေရောင်များများရရင် အသီးပိုသီးလေ့ရှိပါတယ်။ ဒါက နဂါးမောက်သီးတင်မကပါဘူး အပင်အများစုလည်း ဒီလိုပါပဲ။ စိုက်မယ်ဆိုရင် နေရောင်ရမရအရင်ကြည့်ရပါတယ်။ နောက်တစ်ခုက နဂါးမောက်ပင်က ရေဝပ်တာကို မကြိုက်ပါဘူး။ သူ့ကိုစိုက်မယ်ဆိုရင် ကုန်မြင့်တဲ့နေရာ ဒါမှမဟုတ် ရေထုတ်လို့ကောင်းတဲ့နေရာမှာ စိုက်ပေးရပါတယ်။ သူက ရှားစောင်းမျိုးနွယ်ဝင် အပင်ဖြစ်တဲ့အတွက်ကြောင့် ရေငတ်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိပါတယ်။ နောက်တစ်ခုကတော့ လေဝင်လေထွက် ကောင်းတဲ့နေရာ ဖြစ်ဖို့လိုပါတယ်။ အရမ်းပိတ်လှောင်လွန်းတဲ့နေရာ မျိုးတွေမှာဆို အသီးတင်လေ့သိပ်မရှိပါဘူး။ မသန်စွမ်းတဲ့ကိုင်းတွေ အရမ်းကျပ်နေတဲ့ကိုင်းတွေဆိုရင် ဖြတ်ပေးသင့်ပါတယ်။ အသီးတင်ဖို့လိုအပ်တဲ့ အာဟာရတွေက ဒီကိုင်းတွေကို ပို့ပေးလိုက်ရတာနဲ့ အသီးတင်နိုင်မှုလျော့နည်းသွားနိုင်ပါတယ်။
အပင်အာဟာရ
အသီးမတင်ရခြင်းရဲ့ နောက်အကြောင်းရင်းတစ်ခုကတော့ ပိုတက်ဆီယမ်ချို့တဲ့နေလို့လည်းဖြစ်နိုင်ပါတယ်။ စိုက်ပျိုးသူအများစုက ဒီအဟာရဓာတ်ကို မေ့နေတတ်ကြပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုက အပြင်ပိုင်းကနေမြင်ရမှုကို သိပ်မသိသာလို့ပါပဲ။ ဥပမာ နိုက်ထရိုဂျင် (ပုလဲဓာတ်မြေသြဇာ) ဆိုရင် ထည့်လိုက်တာနဲ့ အပင်က မြန်မြန်စိမ်းလာပါတယ်။ ပိုတက်ဆီယမ်ရဲ့လုပ်ဆောင်ချက်က အသီးတွေတင်စေရုံမကပါဘူး အသီးတွေကို ချိုအောင်လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ ပိုတက်ဆီယမ်ကို ဘယ်ကရနိုင်မလဲ။ ပိုတက်ဆီယမ်ကို မြန်မာလိုဘာသာပြန်ရင်တော့ ပြာဓာတ်လို့ပဲ ပြန်လေ့ရှိကြပါတယ်။ မိမိမီးဖိုချောင်ထဲက ထွက်တဲ့ပြာတွေကို ထည့်ပေးခြင်းဖြင့် ပိုတက်ဆီယမ်ဓာတ်ကို ထည့်ပြီးသားဖြစ်ပါတယ်။ ကျေးလက်ကရှေးလူကြီးတွေက ဒါမျိုးတွေကို ပြုလုပ်ပေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတာ မသိကြပေမယ့် သူတို့စိုက်တဲ့အသီးပင်တွေကတော့ အထွက်ကောင်းကြပါတယ်။ နောက်တစ်ခုကတော့ မြေဆွေး၊ သဘာဝမြေသြဇာတို့ကနေ ရပါတယ်။ ဒါတွေကတော့ ပိုတက်ဆီယမ်တွင်မကပါဘူး အပင်အတွက်လိုအပ်တဲ့ အဟာရစုံရရှိပါတယ်။ တီကျစ်စာ၊အရိုးမှုန့်ကဲ့သို့သော သဘာဝမြေသြဇာများ ထည့်ပေးသင့်ပါတယ်။ သဘာဝမြေသြဇာများကို ထည့်သည့်အခါ ပန်းမပွင့်ခင် နှစ်လသုံးလခန့် ကြိုတင်၍ ထည့်ပေးသင့်ပါသည်။ ရှမ်းမောမြေမှ ထုတ်လုပ်သော ရွက်စိမ်းအားဆေး၊ တီဆေးရည် ကဲ့သို့သော သဘာဝရွက်ဖျန်း အားဆေးများ ဖြန်းပေးနိုင်ပါတယ်။ ရွက်ဖျန်းအားဆေး ဖြန်းတဲ့အခါမှာတော့ နေသာတဲ့ နေ့မျိုးတွင် ဖြန်းပေးသင့်ပါတယ်။
၀တ်မှုန်ကူးခြင်း
အသီးတင်မှုအားကောင်းစေရန်အတွက် ပန်းပွင့်ချိန်တွင် ဝတ်မှုန်ကူးပေးသင့်ပါသည်။ ပျား၊ပိတုန်းတို့ဖြင့် ဝတ်မှုန်ပျံ့နှံ့နိုင်သော်လည်း နဂါးမောက်ပန်းပွင့်ချိန်မှာ ညပိုင်းဖြစ်၍ မထိရောက်ပေ။ ထို့ကြောင့် ညပိုင်းတွင် (ည ၈နာရီ ခန့်) ပန်းပွင့်လေ့ရှိပြီး ထိုအချိန်တွင် အဖိုဝတ်မှုန်များ အားယူ၍ အမပန်းပွင့်ပေါ် တင်ပေးခြင်းဖြင့် ဝတ်မှုန် ကူးနိုင်ပါသည်။ ဝတ်မှုန်ကူးပြီးပါက ပန်းပွင့်အား ပလတ်စတစ်အိတ်ဖြင့် မိုးရေလုံအောင် စွပ်ထားပေးသင့်ပါသည်။ အတိအကျပြောရလျှင် အမပန်းပွင့် မှာ မနက် နေမထွက်ခင်မှာ ပွင့်သောကြောင့် အဖိုဝတ်မှုန်ကို ညဦးပိုင်းတွင် ယူထားပြီး မနက်နေမထွက်ခင်တွင် ဝတ်မှုန်ကူးပေးခြင်းဖြင့် အသီးတင်မှုကို ပိုမိုအောင်မြင်စေပါသည်။ ဖြေခွန်းမေးတဲ့ စိတ်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖြစ်နိုင်ချေတွေအများကြီးရှိတဲ့အထဲမှ အများဆုံးဖြစ်နိုင်တဲ့ သုံးချက်ကို ရေးပေးလိုက်ပါတယ်။ မှတ်ချက်။ ။ ယခုနည်းမှာ ဓါတုလွတ်စိုက်ပျိုးရေး ဖြစ်ပါသည်။ ဓါတုလွတ်နည်းဖြင့် စိုက်ပျိုးရာတွင် ပိုမိုကောင်းမွန်သောနည်းလမ်းများရှိပါက အကြံပြုနိုင်ပါသည်။
အစိမ်းရောင်လမ်း
အောင်ကိုကိုလတ်
လွန်ခဲ့သော ၁ နှစ် ကနဂါးမောက်စိုက်ထားလို့ရေပေးတဲစနှင့်လေးသိခြင်လို့
အောင်ကိုကိုလတ်
လွန်ခဲ့သော ၁ နှစ် ကပုံလေတွေတင်ပေးပါလားဗျ
အောင်ကိုကိုလတ်
လွန်ခဲ့သော ၁ နှစ် ကရေပေးတဲစနှင့်လေးသိခြင်တယ်
Swe Swe Aye
လွန်ခဲ့သော ၄ နှစ် ကဘယ်နှစ်မှသီးတာလဲ ရှင့်
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....