အရွက်ကို အသိုက်ဆောက်ရာတွင် အသုံးပြုတတ်သော ရွက်ဖြတ်ပျား
Leafcutter bee ဆိုတာ အရွက်နုတဲ့အပင်တွေပေါ်ကျတဲ့ ပျားတစ်မျိုးပါ။ အပင်တွေရဲ့အရွက်တွေကို အစွန်းကနေ လခြမ်းပုံအဝိုင်းတွေဖြစ်အောင် ကိုက်ဖြတ်တဲ့ ပျားဖြစ်ပါတယ်။ နှင်းဆီ၊ အောင်မဲညို၊ စက္ကူ၊ ဇီး၊ ပဲမျိုးနွယ်အပင်တွေရဲ့ အရွက်တွေကိုနှစ်သက်ပြီး ထိုအရွက်အစိတ်ပိုင်းတွေကို စားတာမဟုတ်ဘဲ ဥဥဖို့ အခန်းငယ် (cell) ဆောက်ဖို့ သယ်ဆောင်သွားတာဖြစ်ပါတယ်။
ရွက်ဖြတ်ပျားများသည် အခြားပျားများကဲ့သို့ အစုလိုက်အုံဖွဲ့မနေဘဲ ပျားရည်လည်းမထုတ်နိုင်ပါ။ သို့သော် ဝတ်မှုံကူးရာတွင် အရေးပါသောသက်ရှိများဖြစ်ပါသည်။ အထီးသည် မိတ်လိုက်ပြီးနောက်သေဆုံးပါသည်။ အမသည် ဥဥသည့်အသိုက်ကို မြေထဲတွင်လည်းကောင်း၊ ကျောက်ဆောင်များအောက်တွင်လည်းကောင်း၊ အခေါင်းပွရှိသော ပင်စည်ကြီးများတွင်လည်းကောင်း၊ သစ်သားများပေါ်ရှိ ပိုးပေါက်များထဲတွင်လည်းကောင်း၊ သစ်ဆွေးပေါက်များတွင်လည်းကောင်း၊ အုတ်နံရံများတွင်လည်းကောင်း ဆောက်လုပ်ကြကာ ဥအရေအတွက်အများဆုံး ၂၀ ဥပါသည်။ ဆဲလ်တစ်ခုတွင် ဥတစ်လုံးသာပါပြီး ဥမဥမီ ဝတ်မှုံများနှင့် အစာများအရင်ထည့်ပြီးမှ ဥကို အပေါ်တွင်ဥကာ ဆဲလ်ကို ရွှံ့ဖြင့်လည်းကောင်း၊ အရွက်အစများဖြင့်လည်းကောင်း ဖုံးထားကြပါသည်။ အမသည် ဥဥပြီးနောက် သေဆုံးပါသည်။ ဆဲလ်ထဲမှဥသည် ပေါက်လာပြီးနောက် မိခင်ချန်ခဲ့သောအစာကို စားသုံးကာ သားလောင်းဘဝမှ ရုပ်ဖုံးအဆင့်သို့ ထိုဆဲလ်ထဲတွင်ပင် ပြောင်းလဲပါသည်။ ထို့နောက် ရုပ်ဖုံးထဲမှထွက်ကာ ဆဲလ်ကိုဖောက်၍ အရွယ်ရောက်ပျားအဖြစ် ပြင်ပသို့ထွက်ပါသည်။
ရွက်ဖြတ်ပျားသည် အခြားပျားကဲ့သို့ အဆိပ်မပြင်းပါ။ အပင်များတွင် ကျရောက်ပါက အကောင်အရေတွက်နည်းလျှင် အပင်ကို ထိခိုက်ခြင်းမရှိပါ။ သို့သော် အရွက်ကို ဖျက်ဆီးမှုဆိုးဝါးလာပါက သဘာဝနည်းအနေဖြင့် ကြက်သွန်ဖြူကိုထောင်း၍ ရေနှင့်ပြုတ်ကာ ထိုအရည်တွင် ငရုတ်ကောင်းမှုန့်ရောပြီး အရွက်များကိုဖျန်းပေးခြင်း၊ ရှာလကာရည်ကို ရေအနည်း ငယ်ရောကာ အရွက်ကိုဖျန်းခြင်း (သို့) ရှာလကာရည်ကို အဖုံးဖွင့်ထားသော ဘူးတစ်ခုတွင်ထည့်ကာ အပင်အနား ထိုဘူးကို ချိတ်ဆွဲထားခြင်း၊ ပရုတ်လုံးများချိတ်ဆွဲခြင်း၊ ဆိုးဝါးလွန်းပါက ပိတ်စိမ်းပါးအုပ်ပေးခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ၎င်းတို့သည် သဘာဝဝတ်မှုံကူးရာတွင် အရေးပါသော pollinator များဖြစ်သည့်အတွက် ဓာတုဆေးများကိုသုံး၍ မနှိမ်နင်းသင့်ပါ။
ပျားအမျိုးစားများစွာထဲမှ အရွက်ကို အသိုက်ဆောက်ရာတွင် အသုံးပြုတတ်သော ရွက်ဖြတ်ပျားအကြောင်းသိရှိစေရန် ရည်ရွယ်၍ ရေးသားလိုက်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from စုမြတ်မြတ်မိုး
အားလုံး
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
ကြံကြိတ်ဖတ်ဘိုင်အိုချား (Sugarcane bagasse Biochar)
05/05/2023
မျောက်ငိုသီးဆားရေစိမ်
26/01/2023
ချိုချဉ်အရသာလေးနဲ့ ချဉ်စော်ကားသီး အသားခြောက်လုပ်စားရအောင်..
19/01/2023
ရှောက်၊ သံပရာတွင်ကျရောက်သော အရွက်နူထွတ် ဗိုင်းရပ်ရောဂါ
16/09/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....