ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်မည်ဆိုလျှင်
၁။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ရန်အတွက် မြေငှားရမ်းခြင်းကို နှစ်(၃၀)မြေငှားစာချုပ်စနစ်ဖြခွင့်ပြုသည်။ စာချုပ်သက်တမ်းတိုးမြင့်လိုပါက စာချုပ်သက်တမ်း မကုန်ဆုံးမီ (၁)နှစ် ကြိုတင်၍ သစ်တောဦးစီးဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး တစ်ကြိမ်လျှင် (၁၀)နှစ်ဖြင့် သက်တမ်း(၂)ကြိမ် တိုးမြှင့်နိုင်သည်။
၂။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေနေရာတွင် သစ်တောဦးစီးဌာနမှ အတည်ပြုထားသည့် စီမံချက်အတိုင်း ဧရိယာအားလုံး အပြည့်အဝ စိုက်ပျိုးရမည်။ ၁ ဧကလျှင် ကျွန်းပင် ၅၀၀ ပင်ထက်မနည်း စိုက်ပျိုးရမည်။
၃။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့်မြေပေါ်တွင် သစ်တောစိုက်ခင်းတည်ထောင်ခြင်း၏ မူလရည်ရွယ်ချက်ကို မထိခိုက်စေဘဲ အခြားလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရမည်။
၄။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေပေါ်တွင် လုပ်ကိုင်မည့် လုပ်ငန်းအစီအစဉ်များကို ကြိုတင်ရေးဆွဲပြီး သစ်တောဦးစီးဌာနက အတည်ပြုထားသည့် စီမံချက်ပါအတိုင်း သတ်မှတ်ထားသော အချိန်ကာလများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရမည်။ လုပ်ငန်းအစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ကိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည့်အပြင် သစ်တောပျက်စီးဆုံးရှုံးမှုအတွက် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသော လျော်ကြေးငွေကို ပေးဆောင်ရမည်။
၅။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ငှားရမ်းထားသောမြေအား ဆက်လက် စိုက်ပျိုးလုပ်ကိုင်လိုခြင်းမရှိပါက သစ်တောဦးစီးဌာနသို့ ပြန်လည်အပ်နှံရမည့်အပြင် သစ်တော ပျက်စီးဆုံးရှုံးမှုအတွက် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသော လျော်ကြေးငွေကို (၁) လ အတွင်း ပေးဆောင်ရမည်။
၆။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့် မြေဧရိယာအတွင်း ပေါက်ရောက်နေသည့် ရင်စို့လုံးပတ် ၂' နှင့်အထက်သစ်ပင်များကို သစ်တောစိုက်ခင်း တည်ထောင်ရန်အတွက် ခုတ်လှဲရှင်းလင်းမည်ဆိုပါက သစ်တောဦးစီးဌာနသို့တင်ပြရမည်။
၇။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ပြုထားသည့်ဧရိယာအတွင်း မြေပေါ် မြေအောက်သယံဇာတပစ္စည်းများကို ရှာဖွေခြင်း၊ တူးဖော်ခြင်း၊ ထုတ်ယူခြင်းမပြုရ။
၈။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ရရှိသည့် သက်တမ်းအတွင်း အကြောင်းတစ်စုံတစ်ရာကြောင့် ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိပါက ၎င်း၏ တရားဝင်အမွေဆက်ခံခွင့်ရရှိသူနှင့် ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူ (ဥပဒေနှင့်အညီ လွှဲအပ်ခြင်းခံရသူနှင့် ကုမ္ပဏီ၏ Board of Directors- ဒါရိုက်တာများအဖွဲ့၏ ဆုံးခြတ်ချက်ဖြင့် တရားဝင် ဆောင်ရွက်ခွင့်ရရှိသူ) ထံသို့ လုပ်ကိုင်ခွင့် လွှဲပြောင်းခြင်းအား ခိုင်လုံသောအထောက်အထားများတင်ပြ၍ သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရမည်။
၉။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် သစ်တောဦးစီးဌာနမှ အတည်ပြုထားသည့် စီမံချက်အရ စတင်စိုက်ပျိုးမည့်ဧကအတွက် သစ်တောဦးစီးဌာနမှ သတ်မှတ်ထားသည့် လုပ်ငန်းအာမခံကြေးငွေကို လုပ်ငန်းစတင်ဆောင်ရွက်မည့်နေ့ရက်မတိုင်မီ ပေးသွင်းရမည်ဖြစ်ပြီး ထိုလုပ်ငန်းအာမခံကြေးငွေကို စိုက်ပျိုးပြီး ရှင်သန်မှုရာခိုင်နှုန်း (၇၀%) ကျော်လွန်မှသာ ပြန်လည်ထုတ်ယူခွင့်ရှိမည်။ ခွင့်ပြုနှစ်အတွင်း မစိုက်ပျိုးသည့်ဧကအတွက် လုပ်ငန်းအာမခံကြေးငွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။
၁၀။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ခွင့်ပြုထားသည့်မြေကို ထပ်ဆင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်း(သို့)တစ်ခြားနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း မပြုရ။
၁၁။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် လုပ်ကိုင်ခွင့်ရရှိသည့် မြေပေါ်တွင် စိုက်ပျိုးထားသာ ကျွန်းပင်များနှင့် ပုဂ္ဂလိကကျွန်းစိုက်ခင်းတည်ထောင်ခွင့်ကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းတို့ကို ဆောင်ရွက်လိုပါက သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်ရယူရမည်။ ခွင့်ပြုချက်ရရှိပါက တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၁၂။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် ခွင့်ပြုဧရိယာအတွင်း တည်ထောင်ပြီး စိုက်ခင်းများအား ပြုစုထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ပျိုးဥယျာဉ်နှင့် ယာယီနေအိမ်/တဲများမှအပ အခြားအဆောက်အအုံများကို သစ်တောဦးစီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ စိုက်ခင်းအတွင်းဆောက်လုပ်ခြင်းမပြုရ။
၁၃။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စိုက်ခင်းတည်ထောင်ရာတွင် သစ်တောဦးစီးဌာနမှ သတ်မှတ်ပြဌာန်းထားသည့် စိုက်ခင်းတည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်များနှင့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်။
၁၄။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စိုက်ခင်းမှတ်တမ်းစာအုပ်ထားရှိ၍ ရာသီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ်မှန်ကန်စွာ ဖြည့်စွက်ထားရှိရမည်။ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ အခါအားလျော်စွာ လာရောက်ကြည့်ရှု့စစ်ဆေး၍ အကြံပြုချက်များ၊ မှတ်ချက်များရေးသားပါက ယင်းအကြံပြုချက်များ၊ မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၁၅။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် သစ်တောဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍ ဘဏ္ဍာနှစ်တစ်နှစ်အတွက် မြေငှားရမ်းခကို (၁)ဧကလျှေင် သစ်တောဦးစီးဌာနမှသတ်မှတ်ထားသာနှုန်းဖြင့် နှစ်စဉ်ပေးသွင်းရမည်။ ဒုတိယနှစ်မှစ၍ ဘဏ္ဍာရေးနှစ်အတွင်း ပေးသွင်းရမည်ဖြစ်ပြီး ဘဏ္ဍာနှစ်ကျော်လွန်ပါက တစ်ရက်လျှင် ဒဏ်ကြေးငွေ ၅၀၀ဝိ/-ကျပ်ပေးဆောင်ရမည်။ ရက်(၃၀)အတွင်း ပေးသွင်းခြင်းမရှိပါက စာချုပ်ရပ်စဲပြီး တရားစွဲဆိုခြင်းခံရမည်။
၁၆။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စိုက်ခင်းမှထွက်ရှိသည့် သစ်နှင့်သစ်တောထွက်ပစ္စည်းများကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခုတ်လဲထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်စည်းကြပ်သည့် အခွန်ငွေကို ပေးသွင်းရမည်။
၁၇။ သတ်မှတ်စည်းကြပ်သည့် အခွန်ငွေပေးဆောင်ပြီးဖြစ်သော ကျွန်းမျော၊ ကျွန်းတိုင်၊ ကျွန်းသစ်များကို နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများ၊ သစ်တောဦးစီးဌာန၏ စည်းမျဉ်းစည်းကမ်းများ၊ သစ်တောဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပသို့ရောင်းချနိုင်သည်။
၁၈။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စိုက်ခင်းမှ နောက်ဆုံး တောထွက်အဖြစ် ထုတ်လုပ်ထွက်ရှိသည့် ကျွန်းသစ်များကို ပြည်တွင်း/ပြည်ပသို့ရောင်းချသည့်အခါ စုစုပေါင်းရရှိသည့်တန်ဖိုး၏ ၁၀% ထက်မပိုသော ဂေဟစနစ်ဝန်ဆောင်မှုတန်ဖိုးတစ်ရပ်အား သစ်တောဦးစီးဌာနသို့ပေးအပ်ရမည်။
၁၉။ ချုပ်ဆိုခဲ့သော စာချုပ်သည် သစ်တောဦးစီးဌာနနှင့် ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူ ဦး/ဒေါ် ----------၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ -------------တို့နှင့်သာ (--------ကုမ္ပဏီနှင့်သာ) သက်ဆိုင်စေရမည်။
၂၀။ ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခွင့်ရရှိသူသည် စာချုပ်ပါစည်းကမ်းချက်တစ်စုံတစ်ရာကို ချိုးဖောက်ပါက စာချုပ်ရပ်စဲပြီး လုပ်ကိုင်ခွင့်ပြုထားသည့် မြေနှင့် မြေပါ်ရှိ အပင်နှင့်ပစ္စည်းများကို သိမ်းဆည်းခြင်းခံရမည့်အပြင် သစ်တောဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့်အညီအရေးယူခြင်းခံရမည်။
၂၁။ သစ်တောဦးစီးဌာနသည် စာချုပ်ပါစည်းကမ်းချက်များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်သည်။ စသည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။
Credit: iMyanmarHouse.com
ကိုဆလိုင်းမျိုးမြင့်အောင်
လွန်ခဲ့သော ၃ နှစ် ကပုဂ္ဂလိက ကျွန်းစိုက်ပျိုးဖို့တစ်ဧက ကိုဘယ်လောက်နှုန်းထားနဲ့ ငှားရမ်းခွင့်ပြုတာလဲသိပါရစေ
Thi Ha Kyaw
လွန်ခဲ့သော ၃ နှစ် ကကျွန်းနဲ့ပက်သက်ပြီး သိတက်ကျွမ်းကျင်တဲ့ဆရာတွေ မရှိကြဖူးလားဗျာ
yannaing
လွန်ခဲ့သော ၃ နှစ် ကကျွန်းမျိုးစေ့ကိုဘယ်ပျိုးရမလဲပြောပေးပါရန်အကူအညီတောင်ခံပါသည်
မောင်ထွန်းလ
လွန်ခဲ့သော ၄ နှစ် ကခြံစဥ်းရိုး ချောင်းဘေး အိမ် သုံးဖို့ ပျိုးပင်ဘယ်မှာ ရနိုင်မလဲ။
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....