ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု (Ecological evaluation)
Analog Forestry ကို ဆောင်ရွက်ရတဲ့ အဓိကရည်ရွယ်ချက်တွေထဲက တစ်ခုကတော့ ကျန်းမာပြီး ရေရှည်တည်တံ့နိုင်တဲ့ ဂေဟစနစ်ကို ပြန်လည်ပြုစုပျိုးထောင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် မိမိပျိုးထောင်ထားတဲ့ Analog Forestry ရဲ့ ဂေဟစနစ်ကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်နေဖို့ လိုအပ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအပေါ်မှာမူတည်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
ဂေဟစနစ် (Ecosystem)
ဂေဟစနစ်ဆိုတာ နေရာတစ်ခုမှာ ရှင်သန်နေထိုင်နေကြတဲ့ “သက်ရှိတွေ”၊ တည်ရှိနေတဲ့ “သက်မဲ့အရာတွေ” နဲ့ “သဘာဝဝန်းကျင်” တို့အကြား အပြန်အလှန် ဆက်နွယ်ဖြစ်တည်နေမှုကို ဆိုလိုတာပါ။ နောက်တစ်နည်းပြောရရင် “သက်ရှိတွေ၊ သက်မဲ့တွေ နဲ့ သဘာဝဝန်းကျင်အကြား အချင်းချင်း အပြန်အလှန်ဆက်နွယ် တည်ရှိနေတဲ့ နေရာတစ်ခုဟာ ဂေဟစနစ်တစ်ခု ဖြစ်တယ်” လို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် ဂေဟစနစ် တစ်ခုချင်းစီဟာ အင်မတန်ရှုပ်ထွေးနက်ရှိုင်းလှပါတယ်။
ဂေဟစနစ်ရဲ့အကြောင်းကို သိပ္ပံပညာနဲ့ စနစ်တကျလေ့လာတာကိုတော့ ဂေဟဗေဒ (Ecology) လို့ ခေါ်ဆိုကြပါတယ်။
ဂေဟစနစ်၏ ရေရှည်တည်တံ့နိုင်မှု (Sustainability of an ecosystem)
ဂေဟစနစ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေအားလုံးဟာ အရည်အသွေးပြည့်ဝပြီး အချင်းချင်း အပြန်အလှန် ဟန်ချက်ညီမှီခိုနိုင်မှသာလျှင် အဲဒီဂေဟစနစ်ဟာ ကျန်းမာတဲ့ ဂေဟစနစ်တစ်ခုဖြစ်တယ်လို့ ဆိုနိုင်ပါ တယ်။ တနည်းအားဖြင့် အဲဒီလိုကျန်းမာတဲ့ ဂေဟစနစ်တွေကသာလျှင် ရေရှည်တည်တံ့နိုင်တဲ့ ဂေဟစနစ်တွေ ဖြစ်ပါတယ်။ ဂေဟစနစ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ရပ်ရပ်ဟာ ဖောက်လွဲဖောက်ပြန် ဖြစ်နေမယ်ဆိုရင် အဲဒီဂေဟစနစ်ဟာ ဟန်ချက်ညီတဲ့ ဂေဟစနစ် မဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့် အဲဒီဂေဟစနစ်ဟာ “ရေရှည်တည်တံ့နိုင်မှု (sustainability)” မရှိတော့ဘဲ ပျက်ယွင်းသွားမှာ ဖြစ်ပါတယ်။
ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု (Ecological evaluation)
Analog Forestry တစ်ခုကိုတည်ထောင်တယ်ဆိုတာဟာ ကျန်းမာပြီး ရေရှည်တည်တံ့တဲ့ ဂေဟစနစ်ကို ပြန်လည်ပြုစုပျိုးထောင်တာ ဖြစ်သလို မိမိတို့ တည်ထောင်ထားတဲ့ Analog Forestry သည်ပင်လျှင် ဂေဟစနစ်တစ်ခု ဖြစ်ပါတယ်။
Analog Forestry ရဲ့ ရှုပ်ထွေးလှတဲ့ဂေဟစနစ်ဟာ ဘယ်လောက် “ရေရှည်တည်တံ့နိုင်သလဲ” ဆိုတာ ကို ရိုးရှင်းစွာဖော်ထုတ်လေ့လာကြည့်နိုင်မယ့် နည်းလမ်းလည်းကိုတော့ ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု (Ecological evaluation) လို့ ခေါ်ပါတယ်။
ဂေဟဗေဒ အကဲဖြတ်သုံးသပ်မှု ဆောင်ရွက်ရာမှာ တိုင်းတာရမယ့် အဓိက စံပေတံ (indicator) ၄ ခု ရှိ ပါတယ်။
အဲဒါတွေကတော့
- (၁) မြေအနေအထား (Soil)
- (၂) ဇီဝမျိုးကွဲစုံလင်မှု(Biodiversity)
- (၃) အပင်များ၏ ပေါက်ရောက်ရှင်သန်ပုံ (Structure) နဲ့
- (၄) ထုတ်လုပ်နိုင်စွမ်း(Productivity) တို့ပဲဖြစ်ပါတယ်။
အဲဒီ စံပေတံ ၄ ခုကို အသေးစိတ်စစ်ဆေးရမယ့် အချက်အလက် (၉) ခု အဖြစ်နဲ့ ပြန်လည်ခွဲခြမ်းစိတ်ဖြာ ထားပါတယ်။
ဂေဟဗေဒဆိုင်ရာအကဲဖြတ်သုံးသပ်မှုနှင့် Physiognomic ပုံသေနည်း ကွာခြားချက်
ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုနဲ့ Physiognomic ပုံသေနည်း (သစ်တောနှင့်စိုက်ခင်း သစ်ပင်ပေါက်ရောက်မှုပုံစံများကို နှိုင်းယှဉ်ဖော်ထုတ်သော ပုံသေနည်း) ဘယ်လိုကွာခြားသလဲဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
Physiognomic ပုံသေနည်းဆိုတာ အပင်တွေရဲ့ ပေါက်ရောက်ရှင်သန်ပုံ (structure) ပိုင်းကိုပဲ အဓိကထား လေ့လာတာဖြစ်ပြီး မြေပြင်ပေါ်မှာရှိနေတဲ့ အပင်တွေရဲ့ အပေါ်ယံမျက်မြင်အခြေအနေကိုပဲ လေ့လာတာဖြစ်ကြောင်း တွေ့ရနိုင်ပါတယ်။
ဂေဟဗေဒဆိုင်ရာအကဲဖြတ်သုံးသပ်မှုကတော့ မြေပြင်ပေါ်က အပင်တွေရဲ့ structure အပြင် အဲဒီအပင်တွေ အောက်မှာရှိနေတဲ့ မြေဆီလွှာ၊ အပင်တွေကြားမှာ ရှင်သန်နေတဲ့ ဇီဝမျိုးကွဲတွေနဲ့ ဂေဟစနစ်ကြီးကပေးစွမ်းတဲ့ အကျိုးကျေးဇူးတွေကိုပါ လေ့လာသုံးသပ်တာ ဖြစ်ကြောင်း တွေ့ရှိရနိုင်ပါတယ်။
ဒါကြောင့် Physiognomic ပုံသေနည်း တွက်ချက်မှုကို ဂေဟဗေဒဆိုင်ရာအကဲဖြတ်သုံးသပ်မှုရဲ့ အဓိကကျတဲ့ စံပေတံ ၄ ခုအနက်က ၁ ခုအဖြစ် ယူဆနိုင်ပါတယ်။
ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုဆောင်ရွက်ရာတွင် စစ်ဆေးရမည့် အချက်များ
ဂေဟစနစ်တစ်ခုကို ဂေဟဗေဒဆိုင်ရာ လေ့လာသုံးသပ်မှု ဆောင်ရွက်တဲ့အခါ အဓိက စံပေတံ ၄ ခုရှိပြီး အသေးစိတ်အချက်အလက် ၉ ခုအဖြစ် ပြန်လည်ခွဲခြားထားတာမို့ အဲဒီအချက်အလက် ၉ ခု ထဲက တစ်ခုချင်းစီကို လေ့လာသုံးသပ်ပြီး သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အမှတ်ပေးရမှာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် အချက်အလက် တစ်ခုချင်းစီအတွက် အဆိုးဆုံးအခြေအနေကနေ အကောင်းဆုံး အခြေအနေအထိ အခြေအနေအမျိုးမျိုးကို သင်္ချာကိန်းဂဏန်း “၁” ကနေ “၆” အထိ အမှတ်ပေးရမှာပါ။

ရရှိလာတဲ့ ရမှတ်တွေကို ပြန်လည်သုံးသပ်တဲ့အခါ ကိန်းဂဏန်းနည်းနေသေးတဲ့ အသေးစိတ်အချက်တွေဟာ ပြုပြင်ဖို့ လိုအပ်နေသေးတဲ့ အချက်တွေဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ (အမှတ်ပေးစနစ်အကြောင်း အသေးစိတ်ကို သီးခြားဆောင်းပါးတစ်ပုဒ်နဲ့ ဆွေးနွေးပါဦးမယ်။)
ဂေဟစနစ်၏ ရေရှည်တည်တံ့နိုင်မှုအခြေအနေအား တွက်ချက်ယူခြင်း
ဂေဟစနစ်ရဲ့ ရေရှည်တည်တံ့နိုင်မှုကို အညွှန်းကိန်း (Index) တန်ဖိုးတစ်ခုနဲ့ ဖော်ပြနိုင်မှသာ အဲဒီဂေဟစနစ်ဟာ ရေရှည်တည်တံ့နိုင်မှု မရှိဘူး/ရှိတယ်ဆိုတာကိုရော ရေရှည်တည်တံ့နိုင်မှုရှိတယ်ဆိုရင်လည်း ဘယ်လောက်ရှိတယ် ဆိုတာကိုပါ လွယ်လွယ်ကူကူ၊ ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု ရလဒ်တွေကို အသုံးပြုပြီး သက်ဆိုင်ရာဂေဟစနစ်ရဲ့ ရေရှည်တည်တံ့နိုင်မှုတန်ဖိုး (Sustainability value) ကို တွက်ချက်ယူရမှာ ဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ကတော့ ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုပြုလုပ်ရာမှာ အသုံးပြုတဲ့ စံပေတံ ၄ ခု ရဲ့ ပျမ်းမျှအညွှန်းကိန်းတွေကို တွက်ချက်ယူရမှာပါ။
ဥပမာ စံပေတံ တစ်ခုဖြစ်တဲ့ မြေဆီလွှာနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာရမယ့် အချက် ၃ ချက် ရှိနေတာမို့ အဲဒီ အသေးစိတ်အချက် တစ်ခုချင်း ရရှိလာတဲ့ ရမှတ်တွေအားလုံးကို ပေါင်းရပါမယ်။ အဲဒီနောက် ရလဒ်ကို အသေးစိတ်အချက် အရေအတွက် ဖြစ်တဲ့ “၃” နဲ့ စားရပါမယ်။ ရလာတဲ့ ကိန်းဂဏန်းဟာ သက်ဆိုင်ရာ ဂေဟစနစ်အတွင်းမှာရှိတဲ့ မြေဆီလွှာနဲ့ပတ်သက်တဲ့ ရေရှည်တည်တံ့နိုင်မှု ပျမ်းမျှအညွှန်းကိန်းပဲ ဖြစ်ပါတယ်။
ကျန်ရှိတဲ့ စံပေတံတွေဖြစ်တဲ့ ဇီဝမျိုးကွဲစုံလင်မှု၊ အပင်များ ပေါက်ရောက်ရှင်သန်ပုံ၊ ထုတ်လုပ်နိုင်စွမ်းစတာတွေကိုလည်း မြေဆီလွှာကို တွက်ချက်တဲ့နည်းအတိုင်းတွက်ချက်ပြီး ရေရှည်တည်တံ့နိုင်မှု ပျမ်းမျှ အညွှန်းကိန်းတွေ ဖော်ထုတ်ယူရပါမယ်။
နောက်တစ်ဆင့်ကတော့ စံပေတံ ၄ ခုကနေ ရရှိလာတဲ့ ပျမ်းမျှအညွှန်းကိန်းတွေ အားလုံးကို ပေါင်းပြီး “၄” နဲ့ စားပေးရမှာ ဖြစ်ပါတယ်။ ရလဒ် ဟာ မိမိတို့ လေ့လာတဲ့ ဂေဟစနစ်ရဲ့ ရေရှည်တည်တံ့နိုင်မှု တန်ဖိုး (Sustainability Value) ဖြစ်ပါတယ်။
အရေးပါမှု
ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေဟာ ဂေဟစနစ်တစ်ခုချင်းစီရဲ့ အခြေအနေတွေ လိုအပ်ချက်တွေကို ရှာဖွေဖော်ထုတ်ပေးနိုင်ပြီး လိုအပ်တဲ့ ပြုပြင်မှုတွေ ဆောင်ရွက်ပေးဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် မတူညီတဲ့ ဂေဟစနစ်တွေကို နှိုင်းယှဉ်လေ့လာရာမှာလည်း အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Analog Forestry ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေ မဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် နည်းလမ်းတွေကိုလည်း ဆက်လက်ပြီး ကြိုးစားတင်ပြသွားပါဦးမယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း
ပြည့်ဖြိုးကျော်
လွန်ခဲ့သော ၂ နှစ် က👍🏻
ဆက်စပ်ဆောင်းပါးများ
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
အကြောင်းအရာ ပံ့ပိုးသူ
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
ဆက်စပ်မေးခွန်းများ
မြေဩဇာ ဘာကြွေးရမလည်း
Zin Min Thu • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာ စပါးခင်းမှာ အရွက်တွေဝါပြီး အဖျားတွေခြောက်နေလို့ဘယ်လိုမျိုးကုသနိုင်မလဲ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲခင်ဗျာ
U San • ဖြေကြားချက် 4 ခု
စပါးက90ရက်သားရှိပါပီနောက်ဆုံးအကြိမ်ပုလဲနဲ့ပေါ်တက်ကြွေးမလို့စောနေသေးလားနောက်ကြပီလားစပါးသက်ရက်က145ဒီနေ့နဲ့မနက်ဖန်မိုးရွာနိုင်လားမြေဆီဘယ်လောက်သုံးရမလဲ
စောဂျွန်ဖေါ • ဖြေကြားချက် 1 ခု
ရိုင်ဇိုဘီယမ် ဝယ်လို့ရမယ့်နေရာ သိချင်ပါတယ်ခင်ဗျာ စိုက်ပျိုးရေးဥိးစီးဌာနမှာပဲ ဝယ်လို့ရတာလားခင်ဗျာ စိုက်ပျိုးရေးဦးစီးဌာန facebook pageမှာ မေးထားတာ ပြန်မဖြေလို့ပါ ဧရာဝတီတိုင်း ဟင်္သာတ အင်္ဂပူဘက်ပါ
Paing Lay • ဖြေကြားချက် 1 ခု
စပါး၂လခွဲသားလောက်မှာ စပါးအဖုံးနေရာမှာ ပိုက်လုံးတွေ ထွက်လာလို့ ဘာဆေးဖျန်းရင် ရမလဲ ညွန်ပေးစေချင်ပါတယ်
Ko Naing Lin Aung • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၃၁.၈ -၄.၉.၂၀၂၆)
05/09/2026
စိုက်ပျိုးသုတ ...စက်တင်ဘာလ
04/09/2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
04/09/2026
More from Khaing Kyi Thit
အားလုံး