ရေချိုပုစွန်ထုပ် မွေးမြူရာတွင် အရေးပါသည့် အစာအမျိုးအစားများ ရွေးချယ်ခြင်းအကြောင်း
ရေချိုပုစွန်ထုပ်မွေးမြူပုံနှင့် မွေးမြူကန်မြေနေရာရွေးချယ်ခြင်းအကြောင်းကို ဖော်ပြထားပြီး ဖြစ်၍ ယခုအပတ်တွင် အစာအမျိုးအစား ရွေးချယ်ခြင်းအကြောင်းကို တင်ပြပါမည်။
အစာအမျိုးအစားရွေးချယ်ခြင်း (Feed Selection)
ရေချိုပုစွန်ထုပ်ကြီး စီးပွားဖြစ်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ဖြည့်စွက်ကျွေးမွေးရန်လိုအပ်မည့် အစာအမျိုးအစားများကို ရွေးချယ်ရာတွင် ယေဘူယျအားဖြင့် အစာ စားသောက်မှု အလေ့အထကို အခြေခံ၍လည်းကောင်း၊ စီးပွားဖြစ်မွေးမြူထုတ်လုပ်မှု နည်းစနစ်ပိုင်းဆိုင်ရာ နည်းလမ်းများကို အခြေခံ၍လည်းကောင်း ဆောင်ရွက်ကြသည်။
မြန်မာ့ရေ၊ မြေ၊ သဘာဝမှ ထွက်ကုန်များတွင် ရေချိုပုစွန်ထုပ်ကြီး အသားတိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းတွင် အစာအဖြစ် အသုံးပြုနိုင်သည့် အမျိုးအမည်နှင့် အမျိုးအစားများရှိသည်။ ယေဘူယျအားဖြင့် အောက်ဖော်ပြပါအတိုင်း အမျိုးအစားခွဲခြား တွေ့ရှိနိုင်ပါသည်။
(က) အလွယ်တကူအသုံးပြုနိုင်သည့် အစာကုန်ကြမ်းပစ္စည်းများ(Raw Materials)
ကုန်ကြမ်းပစ္စည်းအမျိုးအမည်များကို ဈေးကွက်များမှာလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်နေရာဒေသများမှလည်းကောင်း ပေါများစွာ အလွယ်တကူ ဝယ်ယူရရှိကာ အစာဖြည့်စွက်ကျွေးမွေးခြင်းလုပ်ငန်းများတွင် တိုက်ရိုက် အသုံးပြုနိုင်ပါသည်။
ဤကုန်ကြမ်းပစ္စည်းများတွင် ရေနေအကောင်ပိုင်းဆိုင်ရာမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများနှင့် အပင်ပိုင်းဆိုင်ရာမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ ဟူ၍ ခွဲခြားနိုင်ပါသည်။
အကောင်ပိုင်းဆိုင်ရာမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ
ဥပမာ ။ ။
- ငါးနုတ်၊ ငါးဖွဲများ(Treash Fish)
- ငါးပေါင်းမှုန့်( Fish Meal)
- ငါးခြောက်များ (Dry Fishes)
- ပုစွန်ခေါင်းနှင့် ပုစွန်ဖွဲများ ( Shrimp head & Shrimp dust)
- ကင်းမွန်နှင့် ခရု၊ ယောက်သွားများ (Squid, snail & Clam Meat)
- ငါးလိပ်ကျောက်နှင့် ငါးမန်းအသားများ (Ray & Shark Meat)
အပင်ပိုင်းဆိုင်ရာမှ ထွက်ရှိသော ကုန်ကြမ်းပစ္စည်းများ
- ပဲပင်၊ နှမ်းဖတ်များ (Oil Cakes)
- ဖွဲနု (Rice Bran)
- ပဲပုပ်ပဲ (Soy bean)
- ဂျုံနှင့်ပြောင်း (Wheat & Corn)
- ပီလောပီနံ (Tapioca)
(ခ) ပြုပြင်ရောစပ်အစာများ (Prepared Feed)
ဤအမျိုးအစားများသည် နေရာဒေသအလိုက် ဈေးကွက်များတွင် အလွယ်တကူဝယ်ကူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများကို အာဟာရတန်ဖိုး အချိုးအဆဖြင့် ပါဝင်မှု ရှိနေအောင် ကုန်ကြမ်းပစ္စည်း(၃)မျိုးမှ (၄)မျိုးကို အလေးချိန်အချိုးအစားအသီးသီးဖြင့် ရောစပ်ကာ လိုအပ်သလိုပြင်ဆင်ပြီး ဖြည့်စွက် ကျွေးမွေးသည့် အစာအမျိုးအစားဖြစ်ပါသည်။ ဥပမာ- ငါးနုတ်(သို့) ငါးဖွဲ(အစို(သို့)အခြောက်)၊ ပဲဖတ်၊ ပဲပိစပ်၊ ဖွဲနုနှင့် ပီလောပီနံမှုန့် (ကော်မှုန့်)တို့ကို အလေးချိန်အချိုးအဆများဖြင့် လိုအပ်သည့် တန်ဖိုးနှင့်အညီ ရောစပ်ပြင်ဆင်ပြီး ဖြည့်စွက်ကျွေးမွေးခြင်းဖြစ်ပါသည်။
ဖြည့်စွက်ကျွေးမွေးမည့် အစာအမျိုးအစားများ ရောစပ်ရာတွင် မွေးမြူထုတ်လုပ်မှုနည်းစနစ်ဆိုင်ရာနည်းလမ်းသစ်များအပေါ်မူတည်၍ သတ္တဝါပိုင်းဆိုင်ရာတို့မှ ထွက်ရှိသည့်ကုန်ကြမ်းပစ္စည်းအမျိုးအစားများသည် အနည်းဆုံး(၃၅ - ၄၀)% အထိ ပါဝင်ရန် လိုအပ်ပါသည်။
အသုံးပြုသည့်သတ္တဝါပိုင်းဆိုင်ရာ ကုန်ကြမ်းပစ္စည်းသည် အစိုဖြစ်ပါက (၆၀ – ၇၀) % ပါဝင်ရန် လိုအပ်သည်။ သို့မှသာ အစုံစားသတ္တဝါများဖြစ်သော်လည်း အသားပါဝင်မှုကို ပိုမိုကြိုုက်နှစ်သက်ကြပြီး ပုစွန်များအတွက် အချင်းချင်းပြန်လည်စားသုံးခြင်း(Carnibalism)နှုန်းထားများ ကျဆင်းကာ ရှင်သန်ကြီးထွားမှုနှုန်း ပိုမိုမြင့်မားနိုင်မည်ဖြစ်ပါသည်။
(ဂ) သိပ္ပံနည်းကျ ဖော်စပ် အစာတောင့်များ (Formulated Pellet Feed)
ဤအမျိုးအစားများတွင် ဈေးကွက်များ၌ အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကုန်ကြမ်းပစ္စည်းများ၏ မူလ အာဟာရဓါတ် ပါဝင်မှုကို သိပ္ပံနည်းကျ ဓါတ်ခွဲစစ်ဆေးကာ မွေးမြူထားသည့် ပုစွန်တို့၏ အသက်အရွယ် အပိုင်းအခြားအလိုက် လိုအပ်သည့် အာဟာရတန်ဖိုးများ အချိုးအစားကျနာစွာ ပါဝင်မှုရှိအောင် ဖော်စပ်ထုတ်လုပ်ထားသည့် အစာတောင့်ပုံစံများဖြစ်သည်။
ဤအစာများတွင် ကုန်ကြမ်းပစ္စည်းအမျိုးအစားများ၏ အလေးချိန်၊ အချိုးအစားများ၏ အလေးချိန်၊ အချိုးအစားအတိအကျဖြင့် ရောစပ်၍ လိုအပ်မည့် ဗီတာမင်(Vitamins)နှင့် သတ္တုဓါတ်များ(Minerals)နှင့် ကာကွယ်ကုသမှုဆိုင်ရာဆေးဝါး(Actibiotic)အမျိုးအစားများကို လိုအပ်သလို ပါဝင်မှုရှိနေအောင် သိပ္ပံနည်းကျဖြည့်စွက် ထားလေ့ရှိပါသည်။
ဤသိပ္ပံနည်းကျ အစာအမျိုးအစားများ၏ အရည်အသွေးကောင်းခြင်းလက္ခဏာကို အဆင့်ခွဲခြားသတ်မှတ်ရာတွင် ယေဘူယျအခြေအနေများဖြင့် စစ်ဆေးသိရှိနိုင်ပါသည်။
၁။ အစာတောင့်များ၏ အရွယ်အစား(size)သည် ရေချိုပုစွန်ထုပ်များ အသက်အရွယ်အလိုက် အလွယ်တကူညှပ်ယူကိုက်ချီ သယ်ယူစားသုံးရန် သင့်တော်မှုရှိခြင်း။
၂။ အစာတောင့်များ၏ သွင်ပြင်လက္ခဏာသည် ပြောင်လက်ချောမွတ်မှု၊ အရောင်အဆင်းအားဖြင့် တပြေးညီ ညီညာမှု၊ ရေတွင်ချက်ချင်းမြုပ်နိုင်မှုရှိခြင်း။
၃။ အစာတောင့်များသည် ဖုန်အမှုန့်များကင်းစင်မှု၊ မှို၊ ပိုးမွှားအပါအဝင် အခြားရောဂါ ပိုးမွှားများ လုံးဝကင်းစင်၍ အနံ့အသက်မွေးကြိုင်ကောင်းမွန်ကာ စားချင်စဖွယ် ဆွဲဆောင်နိုင်ခြင်း။
၄။ အစာတောင့်များ၏ ရေတွင်ပျော်ဝင်နိုင်မှု အခြေအနေသည် အနည်းဆုံး(၃)နာရီနှင့် အများဆုံး(၈)နာရီထက်မပိုခြင်း။
၅။ အစာတောင့်အဖြစ် ပါဝင်ဖွဲ့စည်းထားသည့် ကုန်ကြမ်းပစ္စည်းများ၏ အရွယ်အစားသည် အလွယ်တကူ အစာခြေဖျက်နိုင်၍ ပုစွန်အသက်အရွယ်အလိုက် လိုအပ်မည့် အာဟာရတန်ဖိုး ပါဝင်မှု၊ ဂုဏ်သတ္တိများဖြစ်သည့် အသားဓါတ်၊ ကစီဓာတ်၊ အဆီဓါတ်၊ အမျှင်ဓါတ်နှင့် ဓါတ်ပြာဓါတ်တို့၏ အချိုးအစားအပြည့်အဝရှိခြင်းတို့ ဖြစ်ကြသည်။
သို့ပါ၍ ရေချိုပုစွန်ထုပ်ကြီး အသားတိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ဖြည့်စွက်အစာကျွေးမွေးရန် အစာအချိုးအစားများ ရွေးချယ်ရာတွင် မှန်ကန်တိကျမှုရှိရန်မှာ စီးပွားရေးအရ အလွန်မှ အရေးကြီးသည့် အချက်တစ်ရပ်ဖြစ်ပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
Ref: မြန်မာ့မော်ကွန်း ပုစွန်သားပေါက်လုပ်ငန်း
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ရဲနိုင်
လွန်ခဲ့သော ၃ နှစ် ကလက်ရှိကျနော်မွေးနေပါတယ်
ကိုထွန်းြမင့်
လွန်ခဲ့သော ၄ နှစ် ကရေချိုပုဇွန် ထုပ်ကြီးဒေသမျိုးနဲ့ထိုင်းမျိုးကြီးထွားနုန်းကိုသိချင်ပါတယ် ပုဇွန်မွေးမလို့ပါ သားပေါက်ရောင်းမည့်ဆက်သွယ်ရန်ဖုန်းနံပါတ် ကိုလည်းသိချင်ပါတယ်ကူညီပေးပါ
ကိုစိုင်း
လွန်ခဲ့သော ၄ နှစ် ကအမဘယ်လိုပြုဆုပေးရမလဲအသေများနေလို့
U than Htike
လွန်ခဲ့သော ၄ နှစ် ကတအေကကို၆၀၀၀၀
U than Htike
လွန်ခဲ့သော ၄ နှစ် ကကိုသန်းထိုက် ရေချိုပုစွန်စပ်မျိူးတအေကကိုဘယ်လောက်ထဲ့ရပါလဲဗျ
ဆက်စပ်မေးခွန်းများ
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • ဖြေကြားချက် 1 ခု
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • ဖြေကြားချက် 3 ခု
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • ဖြေကြားချက် 1 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • ဖြေကြားချက် 1 ခု
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....