ကုန်ကျစရိတ် သက်သာစေမည့် ငါးအစာတောင့် ပြုလုပ်နည်း
ယနေ့ခေတ်ကာလသည် ကုန်စျေးနှုန်းများကြီးမြင့်မှုကြောင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ များမှာလည်း အခက်အခဲများစွာ ကြုံနေရပါသည်။ ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူများ အနေ ဖြင့်လည်း အစာစရိတ်စကကြီးမြင့် မှုများရှိနေကြသဖြင့် ကုန်ကျစရိတ် သက်သာစေမည့် တစ်နိုင်တစ်ပိုင် ငါးအစာတောင့် ပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါသည်။
ငါးအစာတောင့်ပြုလုပ်ဖို့ ဗေဒါအစာစိမ်း၊ တဆေး၊ ဖွဲနု၊ ပဲဖတ်နှင့် ငါးခြောက်တို့ လိုအပ်သည်ဟု တစ်နိုင်တစ်ပိုင် ငါးအစာတောင့်ပြုလုပ်သူ၏ ပြောပြချက်အရ သိရပါသည်။
ပြုလုပ်နည်းမှာ-
၁။ ဗေဒါတွေကို တရုတ်နီအင်ဂျင်မြင်းကောင်ရေ ၃၆ ကောင် တပ်ဆင်ထားသော ကြိတ်စက်ဖြင့် စဥ်းရပါမည်။
၂။ စဥ်းပြီးသော ဗေဒါကုန်ချိန် ၅ပိဿာခန့်ကို တဆေးပါ ဆေး၁ထုပ်၊ ဖွဲနု ၁၅ ပိဿာခန့်ရောစပ်ပြီး စက်ဖြင့် နောက်တစ်ကြိမ် ပြန်လည်ကြိတ်ပေးရပါမည်။
၃။ ဒုတိယအဆင့်အနေဖြင့် မြေပေါ်တွင် အလျှား၇ပေ x အနံ၅ပေ၊ အကျယ်အနက် ၃ပေခန့်တူးပြီး အောက်ခြေကို ပလတ်စတစ်ခင်း၍ ကြိတ်ပြီးသားဗေဒါများကိုဖြန့်ပြီး အပေါ်မှ ပလတ်စတစ် အုပ်ထားရပါမည်။ ပရိုတင်းဓာတ် တက်လာအောင် အချဥ်ဖောက်ခြင်း ဖြစ်ပါသည်။ အနည်းဆုံး ၇၂ နာရီ၊ အများဆုံး ၅ရက်ထားရပါမည်။
၄။ တတိယအဆင့်အနေဖြင့် မြင်းကောင်ရေ ၃၃ကောင်အားရှိ အစာမွှေစက်ထဲသို့ အချဥ်ဖောက်ထားသဖြင့် နူးနပ်နေသော ဗေဒါ ၈ပိဿာမှ ၁၅ ပိဿာခန့်ကို ဖွဲနု ၁၅ ပိဿာ၊ ပဲဖတ် ၂ပိဿာ၊ ငါးခြောက် ၁ ပိဿာ ရောမွှေပြီး အစာတောင့်အဖြစ် ပြုလုပ်၍ ငါးများကို နေ့စဥ် ကျွေးမွေးနိုင်ပါပြီ။

ယခုအချိန်ကာလသည် ဖွဲနု၊ ပဲဖတ်စတဲ့ စရိတ်စက ကြီးမြင့်ခြင်း၊ အဆင့်မြင့်ငါးအစာတောင့်များ စရိတ်ကြီးမြင့်ခြင်းကြောင့် စီးပွားရေးတွက်ခြေမကိုက် အခက်အခဲ ဖြစ်နေကြသော ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ တစ်နိုင်တစ်ပိုင် ငါးအစာတောင့်ကို ပြုလုပ်ကျွေးမွေးခြင်းဖြင့် အစာစရိတ် ၄၀% ခန့်သက်သာစေပါသည်။ ထို့ပြင် ငါးများကို ဗေဒါအစာစိမ်းနှင့် ရောနှောကျွေးမွေးခြင်းကြောင့် ရေသြဇာဓာတ်ကြွယ်ဝစေပြီး ရေသန့်လာခြင်း၊ ငါးများအစာစိမ်းစားခြင်းဖြင့် ရာသီဥတုဒဏ်ခံနိုင်ပြီး အသေအပျောက်နည်းပါးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်ဌေးဌေးလွင်
လွန်ခဲ့သော ၂ နှစ် ကငါးအစာတောင့်ရေစိမ်ခံအောင်ဘာဆေးသုံးရပါမလဲ
ဒေါ်ဌေးဌေးလွင်
လွန်ခဲ့သော ၂ နှစ် ကငါးအစာတောင့်ရေစိမ်ခံအောင်ဘယ်လိုလုပ်ရပါမလဲဖြေကြားပေပါအုံ
ဒေါ်ဌေးဌေးလွင်
လွန်ခဲ့သော ၂ နှစ် ကငါးအစာတောင့်ရေစိမ်ခံရန်ဘယ်လိုလုပ်ရပါမလဲ
Mgmgkyaw
လွန်ခဲ့သော ၄ နှစ် ကရေပေါ်စာလုပ်နည်းသိချင်ပါသည်
ဆက်စပ်မေးခွန်းများ
မိတ္ထီလာ ပျော်ဘွယ်သာစည်မှာ ငါးခူ ဒိုင်သွင်းစျေး ဘယ်လောက်ဆရာတို့
မူန် • ဖြေကြားချက် 1 ခု
ငါးအချိန်တစ်ဆယ်မှာ ပိသာဘယ်လောက်ရှိလဲ
ဒေါ်ဇာဖြူဝင်း • ဖြေကြားချက် 3 ခု
ငါးမုတ်အကြောင်းသိချင်ပါတယ်
ဦးသီဟထွန်း • ဖြေကြားချက် 1 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ရန်နောင်စိုး • ဖြေကြားချက် 1 ခု
ငါးအစာအတွက်မြက်ချဥ်ထည့်နည်းသိချင်ပါတယ်ခင်ဗျာ ဘာပစ္စည်းများလိုအပ်ပါသလဲခင်ဗျာ
zaw naing • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026