အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Flexibacter Columnaris ပိုးကြောင့်ဖြစ်သော ငါးရောဂါကို ကာကွယ်ကုသနည်း

Flexibacter Columnaris ပိုးကြောင့်ဖြစ်သော ငါးရောဂါကို ကာကွယ်ကုသနည်း

     Columnaris Disease ဆိုသည့် ငါးရောဂါမှာ ရာသီမရွေးဖြစ်ပွားနိုင်ပြီး   ငါးမွေးမြူသူများအနေဖြင့် ငါးမွေးကန်များတွင် ယင်းရောဂါကျရောက်ပါက ကာကွယ်ကုသနိုင်ရန် ပြောပြပေးသွားပါမည်။

ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းမှာ-

                Flexibacter Columnaris ပိုးကြောင့် Columnaris Disease ဆိုတဲ့ငါးရောဂါ ဖြစ်ပွားရခြင်း ဖြစ်သည်။ ထိုရောဂါမှာ ရာသီမရွေးဖြစ်ပွားနိုင်ပါသည်။

ဖြစ်ပွားနိုင်သည့် ငါးအမျိုးအစားမှာ-

             တီလားပီးယား၊ ငါးကြင်း၊ ငါးသိုင်းအုပ်စု၊ ငါးမြစ်ချင်း၊ ရွှေငါး။

ရောဂါလက္ခဏာများမှာ -

- ပထမအဆင့်အနေနှင့် ခေါင်းပိုင်း၊ ပါးဟက်၊ ရေယက်နှင့် ခန္ဓာကိုယ်ပေါ်တွင် အဖြူစက်များပေါ်လာပြီး ဘေးပတ်လည်တွင် အနီရင့်ရောင်ဖြစ်နေပါမည်။

- တဖြည်းဖြည်း အစက်မှတဆင့် အနာဖြစ်လာပါမည်။

- ထို့နောက် ပါးဟက်ပေါ်ရှိအနာများမှာ ပိုကြီးလာပြီးမီးလောင်ဖုကဲ့သို့ ဖြစ်လာပါမည်။

- အရေပြားပေါ်တွင်လည်း သွေးကြောမျှင်ယောင်သည့်အနာများဖြစ်ပေါ်လာပါမည်။

ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း

- ကာကွယ်ဆေးထိုးခြင်း

- ရေအပူချိန် နှိမ့်ချခြင်း

- Citrobacter freundii နှင့် Aeromonas hydrophila ကဲ့သို့သော ယှဥ်ပြိုင်ဘက်တီးရီးယားများ ထည့်သွင်းခြင်းတို့ ပြုလုပ်ရပါမည်။

ကုသခြင်း

ရောဂါဖြစ်ပွားနေသောငါးအား-

- Copper Sulphate 40 mg/L for 20 min (or) 500 mg/L  1min စိမ်ပေးရန်။

- Oxolinic acid 1mg/L ကို ၂၄ နာရီ စိမ်ပေးရန်။

- Sulphamerazine and Oxytetracycline injections at 220 mg/kg/day (၁၀)ရက် ထိုးပေးရန်တို့ဖြစ်သည်။

ငါးမွေးတောင်သူများ ငါးရောဂါကြောင့် ငါးများပျက်စီးဆုံးရှုံးခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

Ref: ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ

TayZar • ဖြေကြားချက် 3 ခု

ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ

Arkarkyaw • ဖြေကြားချက် 7 ခု

ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?

အေးအေးမိုး • ဖြေကြားချက် 2 ခု

ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါး​ပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်

Sai SI Thu • ဖြေကြားချက် 1 ခု

ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်

Sai SI Thu • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။