သဘာဝကန်စနစ်ဖြင့် ငါးရှဉ့်ငါးမွေးမြူနည်း အပိုင်း(၁)
ငါးရှဉ့်ငါးမှာ စျေးကွက်တွင်ဝယ်လိုအားကောင်းသော ငါးတစ်မျိုးဖြစ်ပြီး အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များကြပါသည်။ ထို့အပြင် ဆေးဖက်ဝင်သော ငါးအမျိုးအစားတွင်လည်း ပါဝင်ပါသည်။

ငါးရှဉ့်ငါးမှာ ကြီးထွားမှုလျင်မြန်ခြင်း၊ မျိုးပွားနှုန်းမြင့်မားခြင်း၊ အာဟာရဓာတ်အနည်းငယ်ပါသောအစာဖြင့် ရှင်သန်ကြီးထွားနိုင်ခြင်း၊ ရေညစ်မှုဒဏ်ကို ခံနိုင်ရည်ရှိခြင်း စသည့်အချက်တို့ကြောင့် မွေးမြူမှု များကြပါသည်။
ငါးရှဉ့်ငါးသည် သွေးလည်ပတ်မှုများသဖြင့် လေကိုတိုက်ရိုက်ရှူလေ့ ရှိကြပါသည်။ အသက်(၂)လမှစ၍ ၂ လ ၁ ကြိမ် ဥမှ သားပေါက်လေ့ရှိသည်။ ရာသီဥတုဒဏ်ခံနိုင်ခြင်း၊ အသက်ပြင်းခြင်းတို့ကြောင့် ငါးရှဉ့်တို့၏ သဘောသဘာဝကို လိုက်လျောညီထွေစွာ ပြင်ဆင်မွေးမြူပါက အခြားသော ငါး၊ ပုစွန် မွေးမြူခြင်းထက် လွယ်ကူပြီး ကုန်ကျစရိတ်နည်းပါး၍ အမြတ်အစွန်းများစွာ ရရှိနိုင်ပါသည်။
သဘာဝကန်စနစ်ဖြင့် ငါးရှဉ့်မွေးမြူခြင်း
သဘာဝကန်ဆိုသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ ကန်စွန်းခင်းနှင့် အခြားစိုက်ခင်းများအပြင် သဘာဝနှင့် ကိုက်ညီအောင် တူးဖော်ထားသော ကန်များကို ဆိုလိုပါသည်။
ငါးရှဉ့်ကို ရေအနက်(၁)ပေခန့်ရှိသော ကန်စွန်းခင်းထဲတွင်ပင်လျှင် မွေးမြူနိုင်ပါသည်။ စီးပွားဖြစ်မွေးမြူလိုသူများသည် ရေအနက် (၁)ပေထက်မပိုသော သဘာဝအင်းအိုင်၊ လူလုပ်ကန်များတွင် မွေးမြူနိုင်ပါသည်။မွေးမြူနည်းစနစ်မှာလည်း လွယ်ကူရိုးရှင်းလှပါသည်။
- ၁။ ငါးရှဉ့်သည် ရေသေ/ရေရှင်နေရာမရွေး ရှင်သန်နိုင်ကြပါသည်။
- ၂။ ရေဝင်၊ ရေထွက်ရှိသော နေရာများတွင် ရေအနက်(၁)ပေကို ထိန်းထားနိုင်ရန်၊ ရေတံခါးနှင့် ပြင်ပသို့ ငါးရှဉ့်များအလွယ်တကူ မထွက်နိုင်စေရန် ရေတံခါးတွင် ဝါးခြမ်း၊ ပိတ်၊ယင်းလိပ်များ ကာရံပေးထားရပါမည်။
- ၃။ ငါးရှဉ့်သည် အောက်ခံမြေသားပေါ်တွင် အမြီးထောက်၍ အသက်ရှူလေ့ရှိခြင်း၊ ရေအပူချိန်တိုးလာသော အခါ နုန်းတိုးလေ့ရှိခြင်းတို့ကြောင့် အောက်မြေကြမ်းပြင်သည် နုန်းပျော့မြေသား ဖြစ်ရပါမည်။
- ၄။ တိုက်ရိုက်နေရောင်ခြည်ကြောင့် ရေအပူချိန်မြင့်တက်မှုမှ ကာကွယ်ရန် နေကာဖျင်မိုးခြင်း၊ ရွက်ပြန့်ဗေဒါ၊ ကန်စွန်း၊ ကနဖော့၊ ထိကရုန်း စသည့်အပင်များကို ကန်အတွင်း စိုက်ပျိုးပေးထားရပါမည်။
- ၅။ ငါးရှဉ့်ငါးသည် အစားမက်သောကြောင့် သဘာဝကန်တွင် မွေးမြူသူများမှာ သူခိုးရန်ကိုတော့ သတိထားရပါမည်။
ငါးရှဉ့်များ အပြင်သို့ထွက်မသွားစေရန်နှင့် လွယ်ကူစွာ ဖမ်းဆီးနိုင်ရန် အလုံပိတ်စနစ်သည် ကုန်ကျစရိတ်များခြင်း၊ ကြီးထွားနှုန်းနှေးနိုင်ခြင်းတို့ကြောင့် သဘာဝရေအိုင်စနစ်ကို မယှဉ်နိုင်ပါ။
အလုံပိတ်စနစ်ဆိုသည်မှာ- အုတ်ကန်၊ တာပေါ်လင်ကန်တို့ဖြင့် မွေးမြူခြင်းကို ဆိုလိုပါသည်။ အုတ်ကန်၊တာပေါ်လင်ကန်တို့၏ အားနည်းချက်များမှာ ငါးရှဉ့်များပြားစွာ မမွေးနိုင်ခြင်း၊ လေဝအောင် မရှူနိုင်သဖြင့် သန်စွမ်းမှုကို ထိခိုက်စေရုံမျှမက အသက်ပင် သေစေနိုင်ပါသည်။
အလုံပိတ်စနစ်သည် ကန်ရေအပူချိန်တက်လွယ်သဖြင့် (၂၈)ဒီဂရီစင်တီဂရိတ်ကို ကျော်လာပါက ငါးရှဉ့်များသေဆုံးနိုင်ခြင်း၊ လျင်မြန်စွာ ရေညစ်ညမ်းနိုင်ခြင်းတို့ကြောင့် ရေသန့်လဲလှယ်စနစ်အတွက် ကုန်ကျစရိတ်ပိုကုန်နိုင်သည်။ ထို့ပြင် သဘာဝအကာအကွယ်ဖြစ်သော ငါးရှဉ့်ကိုယ်မှထွက်သော အချွဲများကို ဆုံးရှုံးနိုင်သလို အစာစားနှုန်း လျော့ကျနိုင်ခြင်းတို့ကြောင့် အမြတ်နည်းရုံမျှမက ဆုံးရှုံးမှုကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
သဘာဝကန်စနစ်ဖြင့် မွေးမြူရာတွင် သိထားရမည့် ကန်အကျယ်အဝန်း၊ ငါးထည့်သွင်းနှုန်းနှင့် အစာကျွေးနည်း
ကန်အကျယ်အဝန်းနှင့် ငါးထည့်သွင်းနှုန်းမှာ-
- ငါးရှဉ့်မွေးမည့်ကန် (၁၀) ပေပတ်လည်အကျယ်ရှိသော ကန်အတွင်းသို့ အမဲနံရိုး(၁၀)ကျပ်သားနှုန်း စဉ်း၍ထည့်ပေးပါ။
- အမဲရိုးပုပ်လာသောအခါ အောက်ကြမ်းပြင်ရွှံ့နွံများတွင် အနံ့စွဲသွားပြီး ငါးရှဉ့်များကန်အပြင်သို့မထွက်ရန် ဆွဲဆောင်ထားပါလိမ့်မည်။
- (၁၀) ပေကန် ၁ ကန်လျှင် အရွယ်စုံငါးရှဉ့် (၂)ပိဿာခန့် ထည့်ပေးရပါမည်။
အစာကျွေးနည်း
- ငါးရှဉ့်များသည် လတ်ဆတ်သော အသားဓာတ်(protein) နှင့် ကာဗိုဟိုက်ဒြိတ်(carbohydrate)ပါဝင်သော အစာများကို စားလျှင် အံ့သြဖွယ်ရာကြီးထွား၍ အသား၊ ငါး၊ ပုစွန်၊ ဖွဲ၊ ဆန်ကွဲ၊ ပဲဖတ်၊ အုန်းသီးဖတ် အပုပ်များ၊ အင်းဆက်များကို စားသုံးရုံမျှဖြင့် ကြီးထွားနိုင်ပေသည်။
- ပင်လယ်ငါး၊ ဖွဲနု၊ ပဲဖတ်တို့ဖြင့် ထုတ်လုပ်ထားသော ငါးစာသည် ငါးရှဉ့်အတွက် အထူးသင့်လျော်သောအစာဖြစ်သည်။
- လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကပင် ပရိုတင်း(အသားဓာတ်)အဖြစ် ယင်ကောင်သားလောင်းများကို ထုတ်လုပ်၍ ငါးရှဉ့်များကိုကျွေးလျှင် ကြီးထွားနှုန်းမြန်ကြောင်း လေ့လာတွေ့ရှိရပေသည်။
Ref: သင်တန်းမှတ်စုများ။
(အပိုင်း-၂ တွင် ပရိုတင်းပြည့်ဝသည့် အစာပြုလုပ်နည်း၊ ကြီးထွားနှုန်းနှင့် ဖမ်းဆီးနည်းများကို ဖော်ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Hlaing Zaw Oo
လွန်ခဲ့သော ၃ နှစ် ကhi
ခွန်တီးလု
လွန်ခဲ့သော ၃ နှစ် ကငါးရှဥ့်အမျိုးတွေကဘယ်မှာဝရမှာလည်း
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026