ရေချိုပုစွန်ထုပ်မွေးမြူရေးအကြောင်း
မွေးမြူပုံ
ရေချိုပုစွန်ထုပ် စီးပွားဖြစ်မွေးမြူခြင်းလုပ်ငန်းများတွင် ရေချိုပုစွန်ထုပ်မျိုးစိတ်တစ်မျိုးဖြစ်သည့် Macrobrachium Rosenbergii မျိုးစိတ်သည် အချိန်တိုကာလအတွင်း အလွယ်တကူ အသားတိုးကြီးထွားဖွံ့ဖြိုးနိုင်ခြင်းကြောင့် စီးပွားဖြစ်မွေးမြူခြင်းလုပ်ငန်းများတွင် ဦးစားပေးမွေးမြူလျက်ရှိကြပါသည်။
ယင်းရေချိုပုစွန်ထုပ် အဆင့်လွန်သားပေါက်(၁)ကောင်သည် မြန်မာ့ရေမြေသဘာဝနှင့် ပတ်ဝန်းကျင်အခြေအနေတွင် ကျွေးမွေးသည့် အစာအမျိုးအစားနှင့် မွေးမြူကန်ရေထု၏ ဂုဏ်သတ္တိပါဝင်မှု အခြေအနေပေါ်အခြေခံ၍ (၁၀) လခန့်တွင် လိင်အားဖြင့် အရွယ်ရောက်အကောင်ကြီးများ ဖြစ်လာကြပါသည်။
ယေဘူယျအားဖြင့် သားပေါက်စခန်းမှ ဝယ်ယူရရှိသည့် အဆင့်လွန်သားပေါက်ကို မွေးမြူရာတွင် -
ကန်အကျယ် - ၁ ဧက (သို့) ဧကဝက် (၁/၂)ဧက ဆို စမွေးလို့ရပါပြီ။
ထည့်သွင်းမည့်သားပေါက်ကောင်ရေ - ၁ ဧကကန်တွင် ပုစွန်ထုပ်သားပေါက်ကောင်ရေ (၁၀၀၀၀) နှုန်း ထည့်သွင်းမွေးမြူနိုင်သည်။
မွေးမြူကာလ – (၁၀ – ၁၂) လခန့်မှ (၁၈ – ၂၀) လခန့်အထိ
ကြီးထွားနှုန်း - (၁၀ – ၁၂) လခန့်ကြာ မွေးမြူပါက အမများသည် ခန္ဓာကိုယ်အလျား (၄.၅ – ၅.၅) လက်မခန့်ရှိကြပြီး အဖိုများသည် ( ၅.၀ – ၆.၀) လက်မခန့် ရှိကြပါသည်။ (၁၈ – ၂၀) လခန့်အကြာ မွေးမြူပါက အမမှာ (၇- ၁၀) လက်မခန့်အထိ၊ အဖိုမှာ (၁၁- ၁၂) လက်မခန့်အထိ ခန္ဓာကိုယ်အလျား ရှည်ကြပါသည်။
ပျှမ်းမျှအလေးချိန် - အလေးချိန်အားဖြင့်ကြည့်ပါက လိင်ကွဲပြားမှုဆိုင်ရာ အဖိုအမကောင်များပေါ်အခြေခံ၍ ပျှမ်းမျှ (၁) ကောင်၏အလေးချိန်သည် (၈ -၂၅) ကျပ်သားအထိ ရှိကြပါသည်။
ရေချိုပုစွန်ထုပ်မွေးမြူရာတွင် အရေးပါသည့် မွေးမြူကန်မြေနေရာရွေးချယ်ခြင်း (Site selection)
(၁) နေရာဒေသ (Locality)
ရေချိုပုစွန်ထုပ်ကြီး အသားတိုးမွေးမြူရန်အတွက် နေရာဒေသရွေးချယ်ရာတွင် မွေးမြူကန်ရေထု၏ သန့်စင်မှုကို လိုအပ်သလို လဲလှယ်ဆောင်ရွက်ပေးနိုင်ရန် သန့်စင်သည့် ရေချိုလုံလောက်စွာရရှိနိင်မည့် အခြေအနေကို အဓိကထား၍ ရွေးချယ်ရပါမည်။ အထူးသဖြင့် ရေနံချက်စက်ရုံ၊ ပိုးသတ်ဆေးဝါးစက်ရုံ၊ ဘိလပ်မြေစက်ရုံ၊ သားရေလုပ်ငန်းစက်ရုံ အစရှိသည့် စက်ရုံများနှင့်ကင်းဝေးသည့် နေရာဒေသမျိုးဖြစ်ရန် အရေးကြီးပါသည်။ ထို့အတူ မိုးရာသီကာလများအတွင်း ရေကြီးခြင်း၊ မုန်တိုင်းများကျရောက်နိုင်ခြင်း အခြေအနေမျိုးနှင့်လည်း ကင်းဝေးသည့် နေရာဒေသမျိုးဖြစ်ရပါမည်။
(၂) ရာသီဥတု (Climate)
မြန်မာနိုင်ငံ၏ ရာသီဥတုပတ်ဝန်းကျင်အခြေအနေသည် မစိုလွန်း မခြောက်လွန်းသည့် ရာသီဥတုမျိုးရှိသည့်အတွက် နေရာဒေသအလိုက် ရေချိုပုစွန်ထုပ်ကြီး အသားတိုးမွေးမြူခြင်းလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန် သင့်တော်ပါသည်။ သို့သော် တောင်ပေါ်ဒေသ (ကချင်၊ ချင်း၊ ရှမ်းပြည်နယ်) များသည် ရာသီဥတုအခြေအနေကြောင့် ရေထု၏ အပူချိန်ပါဝင်မှုအခြေအနေကို အနည်းနှင့်အများ ပြောင်းလဲခြင်းဖြစ်စေနိုင်သည့်အတွက် ကြီးထွားဖွံ့ဖြိုးမှုအပေါ် ဟန့်တားမှုဖြစ်စေနိုင်ပါသည်။
(၃) မြေအမျိုးအစား (Type of soil)
ရေချိုပုစွန်ထုပ်ကြီးမွေးမြူရန် သတ်မှတ်ရွေးချယ်ထားသည့် နေရာဒေသတွင် မွေးမြူကန်များတူးဖော်တည်ဆောက်ရန် မြေအမျိုးအစားသည် အရေးကြီးသည့်အချက် (၁) ရပ်ဖြစ်ပါသည်။ မွေးမြူကန်များအတွင်း ရေသိုလှောင်ထားနိုင်ရန်အတွက် ရေထိန်းစွမ်းအားမြင့်မားသည့် မြေအမျိုးအစားဖြစ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် သဲမြေ၊ သဲဆန်သောမြေ၊ သဲနုန်းမြေအမျိုးအစားများကို အထူးရှောင်ရှားရပါမည်။
ထိုသို့ မြေအမျိုးအစားများသည် ရေထိန်းနိုင်မှု စွမ်းအားနည်းသည့်အပြင် မွေးမြူကန်နှင့် ကန်ဘောင်တည်ဆောက်မှုလုပ်ငန်းများကို ခက်ခဲစေနိုင်သည့်အတွက် ကုန်ကျစရိတ်လည်း အဆမတန်မြင့်မားစေနိုင်ပါသည်။ ထို့ကြောင့် ကျန်သောနှုန်းမြေပါဝင်မှုများသည့် မြေအမျိုးအစားများသည် မွေးမြူကန်တည်ဆောက်လုပ်ကိုင်ရန် သင့်တော်သည့် မြေအမျိုးအစားများဖြစ်ပါသည်။
(၄) မြေအနိမ့်အမြင့်အခြေအနေ(Elevation)
မွေးမြူကန်တူးဖော်လုပ်ကိုင်ဆောင်ရွက်ရန် မြေအနိမ့်အမြင့်အခြေအနေကို ထည့်သွင်းစဥ်းစားရမည်ဖြစ်သည်။ မြေနိမ့်ရာဒေသမျိုးသည် မွေးမြူကန်အတွင်း ရေသွင်းရန်လွယ်ကူ၍ ရေထုတ်ရန်ခက်ခဲတတ်ပါသည်။ ထို့အတူ မြေမြင့်ရာဒေသမျိုးသည် ရေသွင်းရန်ခက်ခဲ၍ ရေထုတ်ရန်လွယ်ကူတတ်ပါသည်။ ရေချိုပုစွန်ထုပ်ကြီး စီးပွားဖြစ် အသားတိုးမွေးမြူထုတ်လုပ်မှုလုပ်ငန်းတွင် မွေးမြူကန်အတွင်း ရေသွင်းခြင်းနှင့် မွေးမြူကန်အတွင်း ရေထုတ်ခြင်းလုပ်ငန်းများသည် မလွဲမသွေ လုပ်ကိုင်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြေအနိမ့်အမြင့်ရွေးချယ်ရာတွင် မနိမ့်လွန်း၊ မမြင့်လွန်းသည့် နေရာမျိုးဖြစ်ရန်လိုအပ်ပါသည်။
(၅) ရေရရှိနိုင်မှုနှင့် အရည်အသွေး( Water supply & Quality)
စီးပွားဖြစ် အသားတိုးမွေးမြူရေးလုပ်ငန်းများတွင် ရေသည် မရှိမဖြစ်လိုအပ်သည့် အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ရေချိုပုစွန်ထုပ်ကြီးမွေးမြူခြင်းလုပ်ငန်းရပ်တွင် လိုအပ်မည့်ရေရရှိသည့်တိုင်အောင် ရရှိသည့်ရေအမျိုးအစား၏ အရည်အသွေးပါဝင်မှုအခြေအနေသည် အလွန်မှ အရေးကြီးပါသည်။ ယေဘူယျအားဖြင့် မွေးမြူကန်အတွင်း အသုံးပြုမည့်ရေများသည် အဆက်မပြတ်စီးဆင်းနေသည့် မြစ်ရေ၊ ချောင်းရေများဖြစ်ပြီး သန့်ရှင်းစင်ကြယ်မှုရှိ၍ စက်ရုံ၊ အလုပ်ရုံတို့၏ စွန့်ပစ်ရေများ၊ အညစ်အကြေးများ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်မှ ပိုးသတ်ဆေးဝါးများ ကင်းစင်မှုရှိရန် အထူးလိုအပ်ပါသည်။
(၆) လျှပ်စစ်ဓါတ်အားရရှိနိုင်မှုအခြေအနေ( Availability of electric power)
စီးပွားဖြစ် အသားတိုးမွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများတွင် သိပ္ပံနည်းကျ အဆင့်မြင့်၍ လုပ်ကိုင်လာသည်နှင့်အမျှ စက်ကိရိယာယန္တရားများဖြင့် မွေးမြူကုန်ထုတ်လုပ်မှုနည်းစနစ်များကို အခြေခံ၍ မလွဲမသွေအသုံးပြုကြရပါသည်။ ထိုသိုစက်ကိရိယာများ၊ လုပ်ငန်းသုံးကိရိယာများကို တပ်ဆင်မောင်းနှင်အသုံးပြုရန် လျှပ်စစ်ဓါတ်အားရရှိနိုင်ပါလျှင် ထုတ်လုပ်မှုကုန်ကျစရိတ်ကျဥ်း၍ အကျိုးအမြတ်များကို ပိုမိုခံစားနိုင်မည်ဖြစ်သည်။
(၇) ဆက်သွယ်သွားလာရေးလမ်းကြောင်း( Accesses)
ရေချိုပုစွန်ထုပ် စီးပွားဖြစ်အသားတိုးမွေးမြူခြင်းလုပ်ငန်းတွင် မွေးမြူကန်တည်ရှိရာသို့ အချိန်မရွေးဝင်ထွက်သွားလာလုပ်ကိုင်ရန်အပြင် လိုအပ်မည့်အစာနှင့် အခြားပစ္စည်းများ အလွယ်အတူပို့ဆောင်နိုင်ရန်အတွက်လည်းကောင်း၊ မွေးမြူထုတ်ကုန်ပုစွန်များကို ဈေးကွက်များသို့ အလွယ်တကူပို့ဆောင်ရန်လည်းကောင်း၊ ရေလမ်း(သို့)ကုန်လမ်းတို့မှ ရာသီကာလမရွေး သွားလာနိုင်သည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန်လည်း အလွန်မှ အရေးကြီးသည့်အချက်တစ်ရပ်ဖြစ်ပါသည်။
ပင်လယ်ပြာ (ငါးဦးစီး)
P.S ရေချိုပုစွန်ထုပ်မွေးမြူရာတွင် အစာအမျိုးစားရွေးချယ်ခြင်းနှင့် အစာကျွေးနှုန်းအကြောင်းကို ဆက်လက်တင်ပြပေးပါမည်။
Ref; မြန်မာ့မော်ကွန်းပုစွန်သားပေါက်လုပ်ငန်း။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြင်သူ
လွန်ခဲ့သော ၃ နှစ် ကတစ်ကောင်ဘယ်လောက်လဲ
ဝင်းကိုဌေး
လွန်ခဲ့သော ၃ နှစ် ကအစာအမျိုးအစားရွေးချယ်ခြင်းနှင့်အစားကြွေးနူန်းထားကိုလည်းပြောပြပေးပါအုံးခင်ဗျ
U than Htike
လွန်ခဲ့သော ၃ နှစ် ကကိုသန်းထိုက် ယိုးဒယားရေချိုပုစွန် (1)ဧကကိုPL.ဘယ်လောက်ထဥ့်ရင်သင့်တော်သလဲဆရာ
ကိုမောင်မောင်(သုဝဏ္ဏ)
လွန်ခဲ့သော ၃ နှစ် ကIn in
မောင်လှ
လွန်ခဲ့သော ၄ နှစ် ကရေငံပုစွန်မွေးမြူနည်း တင်ပေးပါအုံး ဆရာ
ဆက်စပ်မေးခွန်းများ
မွန်ပြည်နယ်မုတ္တမတွင်ငါမွေးမည်ဆိုပါကဘယ်ငါးအမျိုးစားကအသင့်တော်ဆုံးလဲဘယ်ငါးအမျိုးစားကဈေးပိုကောင်းလဲဈေးကွက်ကိုရောဘယ်လိုရောင်းရလဲ
Win Min Htwe • ဖြေကြားချက် 2 ခု
မွေးမြူရေ
aung zin oo • ဖြေကြားချက် 0 ခု
ငါး.ဘယ်လိုပုံစံနဲ့မွေးမြူရမလဲဆိုတာသိချင်လို့ပါ
sawkyawshwe • ဖြေကြားချက် 0 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
Tun Wanna Kyaw • ဖြေကြားချက် 1 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ လမ်ညွှန်ပေးပါ ဧရာဝတီတိုင်း ဘိုကလေး ကပါ
ခိုင်ဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from နှင်းဖြူဖြူ
အားလုံး
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....